(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ လူမည္းအမ်ိဳးသား George Floyd ေသဆံုးမႈအတြက္ အေမရိကန္ႏိုင္ငံတ၀ွမ္း ဆႏၵျပပြဲေတြ ျဖစ္ပြားေနပါတယ္။ ဒီ ဆႏၵျပပဲြအေျခအေနနဲ႔ ပတ္သက္ၿပီး ေနာက္ဆံုးအေျခအေန ဘယ္လိုရွိသလဲဆိုတာကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနတဲ့ ဗီြအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္းက Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
ကိုၿငိမ္းခ်မ္း။ ။ ဒီေန႔ အေမရိကန္ ႏိုင္ငံတ၀ွမ္းမွာ ဆႏၵျပပြဲ လူထုလႈပ္ရွားမႈ အေျခအေနေတြ ဘယ္လိုရွိပါသလဲ။
ဦးေက်ာ္ဇံသာ။ ။ ဒီေန႔အေျခအေနကေတာ့ လူထုလႈပ္ရွားမႈကို သိပ္မေတြ႔ရဘူး။ ေအးေအးေဆးေဆး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိတယ္လို႔ ေျပာရပါလိမ့္မယ္ ဘာေၾကာင့္လဲဆိုေတာ့ ေသဆံုးသြားတဲ့ George Floyd အတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားေတြ က်င္းပေနပါတယ္။ Minneapolis မွာလည္း က်င္းပေနတယ္ Minnesota မွာလည္း က်င္းပေနတယ္ ေနာက္ၿပီးေတာ့ New York မွာလည္း က်င္းပေနတယ္ ဆိုေတာ့ ေအာက္ေမ့ဖြယ္အခမ္းအနားဟာ ဘာသာေရးဆန္တဲ့ သတိရ ေအာက္ေမ့ဖြယ္အခမ္းအနားျဖစ္တဲ့အတြက္ တည္ၿငိမ္ေအးခ်မ္းမႈကိုု ပိုၿပီးေတာ့ ေတြ႔ရပါတယ္။
ဆႏၵျပပြဲေတြကေတာ့ သိပ္ၿပီးေတာ့ ဆူဆူပူပူလည္း မရွိဘူး ၊ ျပင္းျပင္းထန္ထန္ ျဖစ္ေနတယ္ဆိုတာလည္း ရုပ္ျမင္သံၾကား ေတြမွာလည္း မျပသပါဘူး။ မ်ားေသာအားျဖင့္ အခမ္းအနားအေၾကာင္းပါပဲ ။ ညေန ေနာက္ပိုင္းမွာေတာ့ ဘာျဖစ္လာမလဲဆိုတာ မေျပာႏိုင္ဘူးေပါ့ခင္ဗ်။
ကိုၿငိမ္းခ်မ္း။ ။ George Floyd ေသဆံုးတဲ့ အမႈမွာ ကူညီခဲ့တဲ့ ရဲ ၃ ေယာက္ကို တေယာက္ကို ေဒၚလာ ၇ သိန္းခြဲနဲ႔ အာမခံေပးဖို႔ သတ္မွတ္လိုက္တဲ့သတင္းေတြကို က်ေနာ္တို႔ ဒီေန႔ ဖတ္ရပါတယ္။ အဲဒီအေပၚမွာ ဆႏၵျပပြဲေတြနဲ႔ ဆႏၵျပသူေတြ ဘယ္လိုတံု႔ျပန္ႏိုင္ပါသလဲ။
ဦးေက်ာ္ဇံသာ။ ။ တရားသူႀကီးကေတာ့ အာမခံေၾကး သတ္မွတ္လိုက္တာေပါ့ တေယာက္ကို ေဒၚလာ ၇ သိန္းခြဲနဲ႔။ အဲဒါကို တေယာက္ေယာက္က သူတို႔အတြက္ က်ေနာ္ေပးပါ့မယ္ ဒီအာမခံေၾကးဆိုၿပီးေတာ့ အာမခံနဲ႔ ေရြးထုတ္တဲ့ လူေတြရွိရင္ေတာ့ သူတို႔ လြတ္ေနမွာေပါ့ေလ။ ဒါေပမယ့္ ေနာက္ထပ္ရံုးခ်ိန္းကေတာ ့ဇြန္လ ၂၉ ရက္ေန႔မွာ ထပ္ၿပီးေတာ့ ခ်ိန္းထားပါတယ္။ တရားသူႀကီးေတြကေတာ့ အာမခံေပးတဲ့ေနရာမွာ အဓိက ၂ ခ်က္အေပၚ စဥ္းစားတယ္လို႔ ယူဆရပါတယ္။ ဒီသံသယရွိသူေတြဟာ သူတို႔ကို ဆန္႔က်င္ထြက္ဆိုမယ့္ သက္ေသေတြကို ဖ်က္ဆီးႏိုင္သလား အျပင္မွာေရာက္ေနရင္၊ ေနာက္ ဒီလူေတြ ထြက္ေျပးႏိုင္သလား အဲဒီလို ၂ ခုမ်ဳိးမလုပ္ဘူးဆိုရင္ေတာ့ သူတို႔ကို သိပ္အေရးႀကီးတဲ့ ကိစၥမဟုတ္ရင္ေတာ့ သူတို႔ကို အာမခံေပးဖို႔ ဆံုးျဖတ္မယ္လို႔ ထင္ပါတယ္။
ဆိိုေတာ့ အခုကိစၥမွာ သူတို႔ကို တေယာက္ေယာက္က အာမခံေပးၿပီးေတာ့ ေရြးထုတ္မယ္ဆိုရင္ ဆႏၵျပသူေတြရဲ႕ တံု႔ျပန္မႈကို က်ေနာ္တို႔ တမ်ိဳးျမင္လာရႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကို မဖမ္းလို႔ ေစာေစာကဆူပူခဲ့တာမလား ၊ သူတို႔ကို ဘာေၾကာင့္အေရးမယူတာလဲဆိုၿပီးေတာ့ ဆႏၵျပသူေတြ ေတာင္းဆိုတဲ့အထဲမွာ အဲဒါတခုလည္း ပါတယ္ဆိုေတာ့။ ဒါလည္း ဘယ္လိုျဖစ္လာမလဲ ဒီလူေတြ အာမခံနဲ႔ အျပင္ကို ေရာက္သြားရင္ ဘယ္လိုျဖစ္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမယ့္ ကိစၥပါ အတိအက် မေျပာႏိုင္ေသးပါဘူး။
ကိုၿငိမ္းခ်မ္း။ ။ အဲဒီေတာ့ မေန႔က အဓိက တာ၀န္ရွိတဲ့ Derek Chauvin ကို လူသတ္မႈ ထပ္တိုးၿပီးေတာ့ စြဲခ်က္တင္ထားတာ ေတြ႔ရပါတယ္။ အဲဒီေတာ့ ဒီေနာက္ထပ္ ရဲ ၃ ေယာက္ကိုလည္း အခုလို စြဲဆိုခဲ့တဲ့အေပၚမွာ ဥပေဒေၾကာင္းအရ ဘယ္လိုထပ္ျဖစ္ႏိုင္သလဲခင္ဗ်။
ဦးေက်ာ္ဇံသာ။ ။ ပထမတုန္းကေတာ့ ဒီ ၃ ေယာက္ကို မစြဲဘူး။ ဟိုလူကိုလည္း တတိယအဆင့္ လူသတ္မႈနဲ႔ စြဲထားတာျဖစ္တယ္။ အခုအခါမွာ အဆင့္ျမွင့္ၿပီးေတာ့ ဒုတိယအဆင့္တင္လိုက္တယ္ ဆိုေတာ့ စြဲဆိုတဲ့ အဆင့္က ျမင့္လာေလေလ ၊ သက္ေသျပဖို႔ တာ၀န္ ႀကီးလာေလေလ ျဖစ္ပါတယ္။ သက္ေသျပဖို႔ တာ၀န္က အခု Minnesota ျပည္နယ္ေရွ႕ေနခ်ဳပ္က တရားလိုလုပ္ၿပီးေတာ့ သူက စြဲမွာျဖစ္တယ္ဆိုေတာ့ ဒီလူ႔အတြက္ သူတို႔ တင္ထားတဲ့ လူသတ္မႈအဆင့္ ၂ ကို က်ဴးလြန္တယ္ဆိုတာကို သက္ေသျပရပါလိမ့္မယ္။
ဒီေနရာမွာ သက္ေသျပဖို႔ ဘာေတြလိုလာသလဲဆိုေတာ ့ဒီလူေတြဟာ George Floyd ကို ေသေအာင္လုပ္တဲ့အခါမွာ ေသေစလိုတဲ့ သေဘာထားရွိတယ္ဆိုတာကို သက္ေသျပရမယ္ အဲဒါက ေတာ္ေတာ္ခက္ခဲတဲ့ ကိစၥပါ။ ဒီထက္ တဆင့္တက္ၿပီးေတာ့ ဆႏၵျပေနတဲ့လူေတြေရာ၊ George Floyd မိသားစု၀င္ေတြက ပထမအဆင့္နဲ႔ေတာင္ စြဲေစခ်င္တယ္။ ပထမအဆင့္နဲ႔ စြဲလိုက္ရင္ ပိုၿပီးသက္ေသျပရတာ ခက္မယ္။ ႀကိဳတင္ႀကံစည္မႈ ရွိခဲ့သလား။
ကိုၿငိမ္းခ်မ္း။ ။ အဲဒီေတာ့ ဘယ္လို ဆံုးျဖတ္ဖို႔ အလားအလာရွိပါသလဲ။
ဦးေက်ာ္ဇံသာ။ ။ Minnesota ျပည္နယ္မွာ ပထမအဆင့္ျဖစ္ရင္ေတာင္ ေသဒဏ္မရွိပါဘူး။ Minnesota ဟာ ေသဒဏ္မေပးတဲ့ ျပည္နယ္ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ျပည္နယ္ဥပေဒကို ျပည္နယ္ လႊတ္ေတာ္ေတြက သူတို႔ သေဘာအရ လုပ္ထားႏိုင္တယ္ဆိုေတာ ့ျပည္နယ္မွာ ေသဒဏ္မရွိပါဘူး။ တသက္တကၽြန္းပဲ အျမင့္ဆုံးျဖစ္ပါတယ္။ အခု လူသတ္မႈ အဆင့္ ၂ Second degree murder နဲ႔ ျပစ္မႈထင္ရွား စီရင္ျခင္းခံရရင္ တရားသူႀကီးက ေထာင္ဒဏ္ အႏွစ္ ၄၀ အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ပါတယ္။
ဆိုေတာ့ အဲဒီမွာလည္း ျပည္နယ္ Jury နဲ႔ ဆံုးျဖတ္ရမွာပါ အေမရိကန္ တရားေရးစနစ္မွာက ဆိုေတာ့ Jury ကို ေရြးတဲ့အခါ ဘယ္ေလာက္ပါမလဲ ၊ လူျဖဴ လူမဲ ဘယ္လိုအခ်ိဳးအစားရွိႏိုင္ဆိုတာကလည္း issue တခုျဖစ္ပါတယ္။ ေနာက္ ဒီအမႈဟာ လူထု စိတ္၀င္စားတဲ့ အမႈျဖစ္တယ္ ဆိုေတာ့ အမ်ားျပည္သူရဲ႕ ဖိအားကေရာ ဘယ္ေလာက္ရိုက္ခတ္ႏိုင္မလဲဆိုတာ အင္မတန္ စိတ္၀င္စားဖြယ္ေကာင္းတဲ့ အမႈတခုေတာ့ ျဖစ္ပါတယ္ အဲဒါကို ေစာင့္ၾကည့္ရမွာပါ။
ကိုၿငိမ္းခ်မ္း။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အန္ကယ္ ၊ ဆက္ၿပီးေစာင့္ၾကည့္ေပးပါဦး။
ဗီြအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္းက Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
.............
George Floyd သေဆုံးမှုနဲ့ ဆက်နွယ်တဲ့ ရဲအရာရှိ ၃ ဦးကို အာမခံကြေးသတ်မှတ်
(Unicode)
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် အမေရိကန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီ ဆန္ဒပြပွဲအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲဆိုတာကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုငြိမ်းချမ်း။ ။ ဒီနေ့ အမေရိကန် နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲ လူထုလှုပ်ရှားမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
ဦးကျော်ဇံသာ။ ။ ဒီနေ့အခြေအနေကတော့ လူထုလှုပ်ရှားမှုကို သိပ်မတွေ့ရဘူး။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်လို့ ပြောရပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ သေဆုံးသွားတဲ့ George Floyd အတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပနေပါတယ်။ Minneapolis မှာလည်း ကျင်းပနေတယ် Minnesota မှာလည်း ကျင်းပနေတယ် နောက်ပြီးတော့ New York မှာလည်း ကျင်းပနေတယ် ဆိုတော့ အောက်မေ့ဖွယ်အခမ်းအနားဟာ ဘာသာရေးဆန်တဲ့ သတိရ အောက်မေ့ဖွယ်အခမ်းအနားဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုကို ပိုပြီးတော့ တွေ့ရပါတယ်။
ဆန္ဒပြပွဲတွေကတော့ သိပ်ပြီးတော့ ဆူဆူပူပူလည်း မရှိဘူး ၊ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုတာလည်း ရုပ်မြင်သံကြား တွေမှာလည်း မပြသပါဘူး။ များသောအားဖြင့် အခမ်းအနားအကြောင်းပါပဲ ။ ညနေ နောက်ပိုင်းမှာတော့ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူးပေါ့ခင်ဗျ။
ကိုငြိမ်းချမ်း။ ။ George Floyd သေဆုံးတဲ့ အမှုမှာ ကူညီခဲ့တဲ့ ရဲ ၃ ယောက်ကို တယောက်ကို ဒေါ်လာ ၇ သိန်းခွဲနဲ့ အာမခံပေးဖို့ သတ်မှတ်လိုက်တဲ့သတင်းတွေကို ကျနော်တို့ ဒီနေ့ ဖတ်ရပါတယ်။ အဲဒီအပေါ်မှာ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြသူတွေ ဘယ်လိုတုံ့ပြန်နိုင်ပါသလဲ။
ဦးကျော်ဇံသာ။ ။ တရားသူကြီးကတော့ အာမခံကြေး သတ်မှတ်လိုက်တာပေါ့ တယောက်ကို ဒေါ်လာ ၇ သိန်းခွဲနဲ့။ အဲဒါကို တယောက်ယောက်က သူတို့အတွက် ကျနော်ပေးပါ့မယ် ဒီအာမခံကြေးဆိုပြီးတော့ အာမခံနဲ့ ရွေးထုတ်တဲ့ လူတွေရှိရင်တော့ သူတို့ လွတ်နေမှာပေါ့လေ။ ဒါပေမယ့် နောက်ထပ်ရုံးချိန်းကတော့ဇွန်လ ၂၉ ရက်နေ့မှာ ထပ်ပြီးတော့ ချိန်းထားပါတယ်။ တရားသူကြီးတွေကတော့ အာမခံပေးတဲ့နေရာမှာ အဓိက ၂ ချက်အပေါ် စဉ်းစားတယ်လို့ ယူဆရပါတယ်။ ဒီသံသယရှိသူတွေဟာ သူတို့ကို ဆန့်ကျင်ထွက်ဆိုမယ့် သက်သေတွေကို ဖျက်ဆီးနိုင်သလား အပြင်မှာရောက်နေရင်၊ နောက် ဒီလူတွေ ထွက်ပြေးနိုင်သလား အဲဒီလို ၂ ခုမျိုးမလုပ်ဘူးဆိုရင်တော့ သူတို့ကို သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ရင်တော့ သူတို့ကို အာမခံပေးဖို့ ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။
ဆိုတော့ အခုကိစ္စမှာ သူတို့ကို တယောက်ယောက်က အာမခံပေးပြီးတော့ ရွေးထုတ်မယ်ဆိုရင် ဆန္ဒပြသူတွေရဲ့ တုံ့ပြန်မှုကို ကျနော်တို့ တမျိုးမြင်လာရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မဖမ်းလို့ စောစောကဆူပူခဲ့တာမလား ၊ သူတို့ကို ဘာကြောင့်အရေးမယူတာလဲဆိုပြီးတော့ ဆန္ဒပြသူတွေ တောင်းဆိုတဲ့အထဲမှာ အဲဒါတခုလည်း ပါတယ်ဆိုတော့။ ဒါလည်း ဘယ်လိုဖြစ်လာမလဲ ဒီလူတွေ အာမခံနဲ့ အပြင်ကို ရောက်သွားရင် ဘယ်လိုဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စပါ အတိအကျ မပြောနိုင်သေးပါဘူး။
ကိုငြိမ်းချမ်း။ ။ အဲဒီတော့ မနေ့က အဓိက တာဝန်ရှိတဲ့ Derek Chauvin ကို လူသတ်မှု ထပ်တိုးပြီးတော့ စွဲချက်တင်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ ဒီနောက်ထပ် ရဲ ၃ ယောက်ကိုလည်း အခုလို စွဲဆိုခဲ့တဲ့အပေါ်မှာ ဥပဒေကြောင်းအရ ဘယ်လိုထပ်ဖြစ်နိုင်သလဲခင်ဗျ။
ဦးကျော်ဇံသာ။ ။ ပထမတုန်းကတော့ ဒီ ၃ ယောက်ကို မစွဲဘူး။ ဟိုလူကိုလည်း တတိယအဆင့် လူသတ်မှုနဲ့ စွဲထားတာဖြစ်တယ်။ အခုအခါမှာ အဆင့်မြှင့်ပြီးတော့ ဒုတိယအဆင့်တင်လိုက်တယ် ဆိုတော့ စွဲဆိုတဲ့ အဆင့်က မြင့်လာလေလေ ၊ သက်သေပြဖို့ တာဝန် ကြီးလာလေလေ ဖြစ်ပါတယ်။ သက်သေပြဖို့ တာဝန်က အခု Minnesota ပြည်နယ်ရှေ့နေချုပ်က တရားလိုလုပ်ပြီးတော့ သူက စွဲမှာဖြစ်တယ်ဆိုတော့ ဒီလူ့အတွက် သူတို့ တင်ထားတဲ့ လူသတ်မှုအဆင့် ၂ ကို ကျူးလွန်တယ်ဆိုတာကို သက်သေပြရပါလိမ့်မယ်။
ဒီနေရာမှာ သက်သေပြဖို့ ဘာတွေလိုလာသလဲဆိုတော့ဒီလူတွေဟာ George Floyd ကို သေအောင်လုပ်တဲ့အခါမှာ သေစေလိုတဲ့ သဘောထားရှိတယ်ဆိုတာကို သက်သေပြရမယ် အဲဒါက တော်တော်ခက်ခဲတဲ့ ကိစ္စပါ။ ဒီထက် တဆင့်တက်ပြီးတော့ ဆန္ဒပြနေတဲ့လူတွေရော၊ George Floyd မိသားစုဝင်တွေက ပထမအဆင့်နဲ့တောင် စွဲစေချင်တယ်။ ပထမအဆင့်နဲ့ စွဲလိုက်ရင် ပိုပြီးသက်သေပြရတာ ခက်မယ်။ ကြိုတင်ကြံစည်မှု ရှိခဲ့သလား။
ကိုငြိမ်းချမ်း။ ။ အဲဒီတော့ ဘယ်လို ဆုံးဖြတ်ဖို့ အလားအလာရှိပါသလဲ။
ဦးကျော်ဇံသာ။ ။ Minnesota ပြည်နယ်မှာ ပထမအဆင့်ဖြစ်ရင်တောင် သေဒဏ်မရှိပါဘူး။ Minnesota ဟာ သေဒဏ်မပေးတဲ့ ပြည်နယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ဥပဒေကို ပြည်နယ် လွှတ်တော်တွေက သူတို့ သဘောအရ လုပ်ထားနိုင်တယ်ဆိုတော့ပြည်နယ်မှာ သေဒဏ်မရှိပါဘူး။ တသက်တကျွန်းပဲ အမြင့်ဆုံးဖြစ်ပါတယ်။ အခု လူသတ်မှု အဆင့် ၂ Second degree murder နဲ့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် တရားသူကြီးက ထောင်ဒဏ် အနှစ် ၄၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဆိုတော့ အဲဒီမှာလည်း ပြည်နယ် Jury နဲ့ ဆုံးဖြတ်ရမှာပါ အမေရိကန် တရားရေးစနစ်မှာက ဆိုတော့ Jury ကို ရွေးတဲ့အခါ ဘယ်လောက်ပါမလဲ ၊ လူဖြူ လူမဲ ဘယ်လိုအချိုးအစားရှိနိုင်ဆိုတာကလည်း issue တခုဖြစ်ပါတယ်။ နောက် ဒီအမှုဟာ လူထု စိတ်ဝင်စားတဲ့ အမှုဖြစ်တယ် ဆိုတော့ အများပြည်သူရဲ့ ဖိအားကရော ဘယ်လောက်ရိုက်ခတ်နိုင်မလဲဆိုတာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အမှုတခုတော့ ဖြစ်ပါတယ် အဲဒါကို စောင့်ကြည့်ရမှာပါ။
ကိုငြိမ်းချမ်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ် ၊ ဆက်ပြီးစောင့်ကြည့်ပေးပါဦး။
ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။