သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ စစ်တပ်နဲ့နှိမ်နှင်းမယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ကန့်ကွက်


ကာကွယ်ရေးဝန်ကြီး Mark Esper ကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတူ တွေ့ရစဉ် (ဇွန်လ ၁ ရက်နေ့ ၊ ၂၀၂၀)
ကာကွယ်ရေးဝန်ကြီး Mark Esper ကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတူ တွေ့ရစဉ် (ဇွန်လ ၁ ရက်နေ့ ၊ ၂၀၂၀)

(Zawgyi/Unicode)
ဒီသီတင်းပတ် အစောပိုင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အကြံပေးခဲ့သလို အမေရိကန်နိုင်ငံ တလွှားက ဆန္ဒပြမှုတွေ နှိမ်နင်းရာမှာ စစ်တပ်ကို သုံးဖို့ ကိစ္စကို သူမထောက်ခံဘူးလို့ ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ သောင်းကျန်းမှု နှိမ်နင်းရေး ဥပဒေ Insurrection Act အရ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ သမ္မအနေနဲ့ စစ်တပ်ကို စေလွှတ် အသုံးပြုနိုင်ပေမယ့် အခု ဒီဥပဒေကို သုံးဖို့ သူမထောက်ခံဘူးလို့ ဝန်ကြီး Esper က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Minneapolis ရဲဌာနက ဖမ်းထားစဉ် အာဖရိကန် - အမေရိကန်အမျိုးသား George Floyd သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။

အခုလို စစ်တပ်ကို သုံးတဲ့ ကိစ္စဟာ အရေးအကြီးဆုံး ဖြစ်လာပြီး သိပ်ကိုဆိုးဝါးတဲ့ အခြေနေကိုရောက်မှသာ သုံးဖို့၊ နောက်ဆုံးရွေးချယ်စရာ လမ်းပဲဖြစ်သင့်ကြောင်းနဲ့ အခု လက်ရှိ အခြေနေဟာ အဲဒီအနေထားထိ ရောက်မလာသေးဘူးလို့လည်း ဝန်ကြီး Esper က ပြောပါတယ်။

တကယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သူတို့ရဲ့ ပြည်နယ်တွေကို မထိန်းနိုင်တော့ဘူးဆိုရင် စစ်တပ်ကို စေလွှတ်မှာဖြစ်ကြောင်း တနင်္လာနေ့က သမ္မတအိမ်ဖြူ နှင်းဆီဥယာဉ်မှာ သမ္မတထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့အတူ အဲဒီအချိန်က ဝန်ကြီး Esper ပါ ရှိနေတာပါ။

George Floyd သေဆုံးရတာနဲ့ ပတ်သက်ပြီး Minneapolis ရဲဌာနရဲ့ လုပ်ရပ်တွေကို ရှုံ့ချကြောင်း ဝန်ကြီးက ပြောကြားခဲ့သလို Floyd ကို အမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့နဲ့ ဒီသေဆုံးမှုအတွက် တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့လည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG