သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ၿမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီမွာ ညမထြက္ရ အမိန္႔ထုတ္ျပန္


အိမ္ျဖဴေတာ္ဝင္ေပါက္မွာ ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးဝန္ထမ္း။ (ေမ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ သမၼတအိမ္ျဖဴေတာ္ အနီးမွာ တနဂၤေႏြေန႔ ညေနခင္း (မၾကာခင္ နာရီပိုင္းအတြင္းက) ကန္႔ကြက္ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီတ၀ိုက္ကို ညမထြက္ရအမိန္႔ ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာစံေတာ္ခ်ိန္ တနလာၤေန႔ နံနက္ခင္း အေမရိကန္စံေတာ္ခ်ိန္ တနဂၤေႏြေန႔ ညေနခင္းမွာ ၀ါရွင္တန္ဒီစီက သမၼတအိမ္ျဖဴေတာ္အနီး ဆႏၵျပခဲ့ၾကၿပီးေနာက္ ဒီစီၿမိဳ႕ေတာ္၀န္ Muriel Bowser က ညမထြက္ရအမိန္႔ ထုတ္ခဲ့တာပါ။

အေမရိကန္စံေတာ္ခ်ိန္ တနဂၤေႏြေန႔ ည ၁၁ နာရီကေန တနလၤာေန႔ နံနက္ခင္း ၆ နာရီအထိ ညမထြက္ရအမိန္႔ သက္ေရာက္မွာျဖစ္ေၾကာင္း ဒီစီၿမိဳ႕ေတာ္၀န္က ေၾကညာခ်က္ ထုတ္ထားပါတယ္။

မင္နီဆိုးတားျပည္နယ္ Minneapolis ၿမိဳ႕မွာ ရဲတပ္ဖြဲ႔ရဲ႕ ဖမ္းဆီးမႈအတြင္း လူမည္းအမ်ိဳးသား George Floyd ေသဆံုးခဲ့ရမႈအေပၚ မေက်နပ္တဲ့ ဆႏၵျပပြဲေတြ ႏုိင္ငံတ၀န္း ျဖစ္ပြားေနတာနဲ႔ အတူပဲ ၿမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီမွာလည္း ရဲတပ္ဖြဲ႔ကို အားျဖည့္တဲ့အေနနဲ႔ ျပည္တြင္းလံုၿခံဳေရး အရန္တပ္ဖြဲ႔ေတြကိုလည္း ခ်ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုတ၀န္းက ေလာ့စ္အိန္ဂ်လိစ္၊ ခ်ီကာဂို၊ မိုင္ယာမီ၊ ဒက္ထ႐ုိက္၊ ဖီလာဒဲလ္ဖီးယား အပါအ၀င္ ၿမိဳ႕ႀကီးေတြမွာလည္း ညပိုင္းမွာ လူစုလူေ၀း ခ်ီတက္တာေတြ မလုပ္ဖို႔ တားျမစ္ထားပါတယ္။

တကၠဆက္ျပည္နယ္နဲ႔ ဗာဂ်ီးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ ျပည္နယ္ အေရးေပၚအေျခအေန ေၾကညာထားပါတယ္။

--------------------------------

(Unicode)

အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

အမေရိကန် သမ္မတအိမ်ဖြူတော် အနီးမှာ တနင်္ဂနွေနေ့ ညနေခင်း (မကြာခင် နာရီပိုင်းအတွင်းက) ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မြို့တော် ဝါရှင်တန်ဒီစီတဝိုက်ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစံတော်ချိန် တနလာၤနေ့ နံနက်ခင်း အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ ညနေခင်းမှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်အနီး ဆန္ဒပြခဲ့ကြပြီးနောက် ဒီစီမြို့တော်ဝန် Muriel Bowser က ညမထွက်ရအမိန့် ထုတ်ခဲ့တာပါ။

အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ ည ၁၁ နာရီကနေ တနင်္လာနေ့ နံနက်ခင်း ၆ နာရီအထိ ညမထွက်ရအမိန့် သက်ရောက်မှာဖြစ်ကြောင်း ဒီစီမြို့တော်ဝန်က ကြေညာချက် ထုတ်ထားပါတယ်။

မင်နီဆိုးတားပြည်နယ် Minneapolis မြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရမှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာနဲ့ အတူပဲ မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ရဲတပ်ဖွဲ့ကို အားဖြည့်တဲ့အနေနဲ့ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေကိုလည်း ချထားပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းက လော့စ်အိန်ဂျလိစ်၊ ချီကာဂို၊ မိုင်ယာမီ၊ ဒက်ထရိုက်၊ ဖီလာဒဲလ်ဖီးယား အပါအဝင် မြို့ကြီးတွေမှာလည်း ညပိုင်းမှာ လူစုလူဝေး ချီတက်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

တက္ကဆက်ပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးတွေကတော့ ပြည်နယ် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

XS
SM
MD
LG