သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ ဆႏၵျပပြဲေတြ ျဖစ္ေနတဲ့ အေမရိကန္ မင္နီဆိုးတားက ျမန္မာလုပ္ငန္းရွင္ေတြ စိုးရိမ္


အေမရိကန္သမၼတ အိမ္ျဖဴေတာ္အနီးမွာ ထိပ္တုိက္ေတြ႔ေနတဲ့ ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖရိကန္-အေမရိကန္ လူမည္းတဦးကို ဖမ္းဆီးရာကေန ေသဆံုးသြားတဲ့ အျဖစ္အပ်က္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ၿမိဳ႕ႀကီးေတြမွာ ဆႏၵျပသူေတြနဲ႔ ရဲေတြၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားေနပါတယ္။ ေစ်းဆိုင္ေတြ မီး႐ႈိ႕ဖ်က္ဆီးခံရသလို ပစၥည္းေတြလည္း လုယက္ယူငင္ၾကတာေၾကာင့္ ျပႆနာ စတင္ျဖစ္ပြားတဲ့ Minnesota ျပည္နယ္က ၿမိဳ႕ႀကီးေတြနဲ႔ ၿမိဳ႕အခ်ိဳ႕မွာလည္း ညမထြက္ရအမိန္႔ ထုတ္ျပန္ထားပါတယ္။ Minneapolis ၿမိဳ႕က ကိုေကာင္းဇံကို ဆက္သြယ္ၿပီး သူတို႔ေတြ႔ႀကဳံရတဲ့ အေျခအေနအေၾကာင္း ကုိေအာင္ေအာင္က ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

ကုိေအာင္ေအာင္ - မဂၤလာပါ ကုိေကာင္းဇံ၊ အာဖရိကန္-အေမရိကန္ လူမည္းတဦးျဖစ္တဲ့ George Floyd ေသဆုံးတာ ကုိေကာင္းဇံတုိ႔ေနတဲ့ Minneapolis မွာဆုိေတာ့ အခုအေျခအေန အေတာ္ဆုိးေနတာကို ေတြ႔ရပါတယ္။ ကုိေကာင္းဇံတုိ႔ေရာ ဘယ္လုိေတြ ႀကဳံရလဲဆုိတာ အရင္ေျပာျပေပးပါလား။

ကုိေကာင္းဇံ - “က်ေနာ္တုိ႔က Minneapolis နဲ႔ St. Paul ဆုိတာ Twin City ေပ့ါဗ်ာ၊ Minnesota မွာ Twin City ရွိတယ္၊ ဟုိဘက္ Downtown ဒီဘက္ Downtown လွမ္းၾကည့္ရင္ ေတြ႔ေနရတယ္။ ဒါေပမယ့္ Minneapolis မွာ ျဖစ္တဲ့ဟာက St. Paul ကုိပါ လာ႐ုိက္ခတ္တယ္။ ၿပီးခဲ့တဲ့ႏွစ္ရက္ကဆုိ St. Paul ထဲမွာပါ ဖ်က္ဆီးတာေတြ ဘာေတြ အဲဒါမ်ဳိး ေတာ္ေတာ္မ်ားမ်ား လုိက္လုပ္လာတယ္။ တခ်ဳိ႕လူငယ္ေတြနဲ႔ ဖ်က္ခ်င္တဲ့လူေတြေပါ့။ အဲလုိမ်ဳိး အခု ဒီဘက္မွာ ေသာင္းက်န္းလာတာေတြေတာ့ မ်ားလာတယ္။ လူေတြက ကုိဗစ္ျဖစ္ေနတယ္၊ အဲဒါကိုလည္း စိတ္ပူရတယ္၊ အေမရိကန္မွာက အမ်ားႀကီး ျဖစ္ေနတာကုိး၊ ဒါေပမယ့္ အခု ထပ္တုိးလာတာက လူေတြမွာ သိပ္မလုံၿခဳံသလုိ ခံစားရတယ္။ အထူးသျဖင့္ေတာ့ က်ေနာ္တုိ႔ လူမ်ဳိးေတြက ပုိဆုိးသလိုမ်ဳိး ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ တခ်ဳိ႕ အမ်ားစုက စကားမတတ္ဘူး၊ အေျခအေနကုိ မသုံးသပ္ႏုိင္ဘူး၊ ဆုိေတာ့ အဲလိုမ်ဳိးလူေတြကေတာ့ ျပႆနာ နည္းနည္းရွိတယ္။”

ကိုေအာင္ေအာင္ - Minneapolis က Target စတုိးဆုိင္ႀကီးကို ဝင္ဖ်က္ဆီးၿပီးေတာ့ ပစၥည္းေတြ ဝင္ယူေနတာကုိလည္း ေတြ႔ရပါတယ္။ တျခားေနရာေတြမွာေရာ ဘယ္လုိအေျခအေန ရွိပါသလဲ။

ကိုေကာင္းဇံ - “ရွိတယ္၊ တခ်ဳိ႕ ေအးရွားဆုိင္ႀကီးေတြကို ဝင္လုတာေတြ၊ ဝင္ဖ်က္တာေတြ၊ ေနာက္တခုက လမ္းေဘးမွာရွိတဲ့ ဆုိင္ေတြ အကုန္လုံးနီးပါး လိုက္ဖ်က္တာေတြ။ အထူးသျဖင့္ေတာ့ အမ်ားစုက မွန္ေတြ ႐ိုက္ခြဲမယ္၊ ေတာ္ေတာ္မ်ားမ်ား လုပ္ၾကတယ္။ ဆုိေတာ့ လူေတြက အထိတ္တလန္႔ေတြျဖစ္၊ အထူးသျဖင့္ေတာ့ က်ေနာ္ မ်က္ျမင္ကုိယ္ေတြ႔ ေတြ႔ခဲ့တဲ့ ေအးရွားစတုိးတခုေပါ့၊ Sunfood လုိ႔ေခၚတဲ့ ေအးရွားစတုိးဆုိရင္ အထူးသျဖင့္ လူမည္း လူငယ္ေတြ အမ်ားစုက ဖ်က္ဆီးတာေပါ့။”

ကုိေအာင္ေအာင္ - ကုိေကာင္းဇံလည္း ကုန္စုံဆုိင္ ဖြင့္ထားတာဆုိေတာ့ ဆုိင္အေျခအေနကေရာ။

ကုိေကာင္းဇံ - “က်ေနာ္တုိ႔ဘက္ကလည္း အေျခအေနက က်ေနာ္တို႔တလမ္းလုံးဆုိ အကုန္လုံး ပိတ္ၿပီး ကာထားတယ္။ ပ်ဥ္ျပားေတြနဲ႔ မွန္ေတြအကုန္လုံး ဆုိင္ေတြအကုန္လုံးကို ပိတ္ကာထားတယ္။ အဲဒါက က်ေနာ္ Minneapolis ကုိ မေရာက္ဘူး၊ ဒါေပမယ့္ St. Paul ထဲမွာေတာ့ က်ေနာ္ အားလုံးေရာက္တယ္။ St. Paul ထဲက ဆုိင္ေတြ အကုန္လုံး အဲလို အကုန္ပိတ္ထားရတယ္။”

ကုိေအာင္ေအာင္ - ဟုတ္ကဲ့ ကိုေကာင္းဇံ၊ အေျခအေနေတြကလည္း အဲဒီမွာ ပုိဆုိးေနတာဆုိေတာ့ ေဘးရန္ကင္းပါေစလုိ႔ ဆုေတာင္းပါတယ္။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ အမေရိကန် မင်နီဆိုးတားက မြန်မာလုပ်ငန်းရှင်တွေ စိုးရိမ်

အာဖရိကန်-အမေရိကန် လူမည်းတဦးကို ဖမ်းဆီးရာကနေ သေဆုံးသွားတဲ့ အဖြစ်အပျက်ကြောင့် အမေရိကန်ပြည်ထောင်စုက မြို့ကြီးတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးခံရသလို ပစ္စည်းတွေလည်း လုယက်ယူငင်ကြတာကြောင့် ပြဿနာ စတင်ဖြစ်ပွားတဲ့ Minnesota ပြည်နယ်က မြို့ကြီးတွေနဲ့ မြို့အချို့မှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ Minneapolis မြို့က ကိုကောင်းဇံကို ဆက်သွယ်ပြီး သူတို့တွေ့ကြုံရတဲ့ အခြေအနေအကြောင်း ကိုအောင်အောင်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ကိုအောင်အောင် - မင်္ဂလာပါ ကိုကောင်းဇံ၊ အာဖရိကန်-အမေရိကန် လူမည်းတဦးဖြစ်တဲ့ George Floyd သေဆုံးတာ ကိုကောင်းဇံတို့နေတဲ့ Minneapolis မှာဆိုတော့ အခုအခြေအနေ အတော်ဆိုးနေတာကို တွေ့ရပါတယ်။ ကိုကောင်းဇံတို့ရော ဘယ်လိုတွေ ကြုံရလဲဆိုတာ အရင်ပြောပြပေးပါလား။

ကိုကောင်းဇံ - “ကျနော်တို့က Minneapolis နဲ့ St. Paul ဆိုတာ Twin City ပေ့ါဗျာ၊ Minnesota မှာ Twin City ရှိတယ်၊ ဟိုဘက် Downtown ဒီဘက် Downtown လှမ်းကြည့်ရင် တွေ့နေရတယ်။ ဒါပေမယ့် Minneapolis မှာ ဖြစ်တဲ့ဟာက St. Paul ကိုပါ လာရိုက်ခတ်တယ်။ ပြီးခဲ့တဲ့နှစ်ရက်ကဆို St. Paul ထဲမှာပါ ဖျက်ဆီးတာတွေ ဘာတွေ အဲဒါမျိုး တော်တော်များများ လိုက်လုပ်လာတယ်။ တချို့လူငယ်တွေနဲ့ ဖျက်ချင်တဲ့လူတွေပေါ့။ အဲလိုမျိုး အခု ဒီဘက်မှာ သောင်းကျန်းလာတာတွေတော့ များလာတယ်။ လူတွေက ကိုဗစ်ဖြစ်နေတယ်၊ အဲဒါကိုလည်း စိတ်ပူရတယ်၊ အမေရိကန်မှာက အများကြီး ဖြစ်နေတာကိုး၊ ဒါပေမယ့် အခု ထပ်တိုးလာတာက လူတွေမှာ သိပ်မလုံခြုံသလို ခံစားရတယ်။ အထူးသဖြင့်တော့ ကျနော်တို့ လူမျိုးတွေက ပိုဆိုးသလိုမျိုး ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ အများစုက စကားမတတ်ဘူး၊ အခြေအနေကို မသုံးသပ်နိုင်ဘူး၊ ဆိုတော့ အဲလိုမျိုးလူတွေကတော့ ပြဿနာ နည်းနည်းရှိတယ်။”

ကိုအောင်အောင် - Minneapolis က Target စတိုးဆိုင်ကြီးကို ဝင်ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ဝင်ယူနေတာကိုလည်း တွေ့ရပါတယ်။ တခြားနေရာတွေမှာရော ဘယ်လိုအခြေအနေ ရှိပါသလဲ။

ကိုကောင်းဇံ - “ရှိတယ်၊ တချို့ အေးရှားဆိုင်ကြီးတွေကို ဝင်လုတာတွေ၊ ဝင်ဖျက်တာတွေ၊ နောက်တခုက လမ်းဘေးမှာရှိတဲ့ ဆိုင်တွေ အကုန်လုံးနီးပါး လိုက်ဖျက်တာတွေ။ အထူးသဖြင့်တော့ အများစုက မှန်တွေ ရိုက်ခွဲမယ်၊ တော်တော်များများ လုပ်ကြတယ်။ ဆိုတော့ လူတွေက အထိတ်တလန့်တွေဖြစ်၊ အထူးသဖြင့်တော့ ကျနော် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တဲ့ အေးရှားစတိုးတခုပေါ့၊ Sunfood လို့ခေါ်တဲ့ အေးရှားစတိုးဆိုရင် အထူးသဖြင့် လူမည်း လူငယ်တွေ အများစုက ဖျက်ဆီးတာပေါ့။”

ကိုအောင်အောင် - ကိုကောင်းဇံလည်း ကုန်စုံဆိုင် ဖွင့်ထားတာဆိုတော့ ဆိုင်အခြေအနေကရော။

ကိုကောင်းဇံ - “ကျနော်တို့ဘက်ကလည်း အခြေအနေက ကျနော်တို့တလမ်းလုံးဆို အကုန်လုံး ပိတ်ပြီး ကာထားတယ်။ ပျဉ်ပြားတွေနဲ့ မှန်တွေအကုန်လုံး ဆိုင်တွေအကုန်လုံးကို ပိတ်ကာထားတယ်။ အဲဒါက ကျနော် Minneapolis ကို မရောက်ဘူး၊ ဒါပေမယ့် St. Paul ထဲမှာတော့ ကျနော် အားလုံးရောက်တယ်။ St. Paul ထဲက ဆိုင်တွေ အကုန်လုံး အဲလို အကုန်ပိတ်ထားရတယ်။”

ကိုအောင်အောင် - ဟုတ်ကဲ့ ကိုကောင်းဇံ၊ အခြေအနေတွေကလည်း အဲဒီမှာ ပိုဆိုးနေတာဆိုတော့ ဘေးရန်ကင်းပါစေလို့ ဆုတောင်းပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG