(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စု တဝန်း အကြမ်းဖက်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ၆ ရက်ကြာရှိနေပါပြီ။ လူမည်းအမျိုးသားတဦးကို ရဲတွေဝိုင်းဝန်းဖမ်းဆီးချိန်မှာ အင်အားအလွန်အကျွံသုံးခဲ့တာကြောင့် အသက်ရှုကျပ် သေဆုံးခဲ့တဲ့အတွက် တရားမျှတမှုရရေး ဆန္ဒပြပွဲတွေမှာ ဘာကြောင့် အကြမ်းဖက်မှုတွေဖြစ်လာသလဲ။ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကိုရော ဘယ်လို သက်ရောက်မှုတွေရှိမလဲ။
မြန်မာ အမေရိကန်တွေရဲ့ သုံးသပ်ချက်အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
Mnnesota ပြည်နယ် Minneapolis မြို့မှာ မေလ ၂၅ ရက်နေ့က အသက် (၄၆) နှစ်အရွယ် လက်နက်မဲ့ လူမည်းအမျိုးသားကို လူမြင်ကွင်းရှေ့ ရဲ သုံးလေးယောက်က အင်အားသုံး ဖမ်းဆီးချိန် အသက်ရှုကျပ် သေဆုံးခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ တဟုန်ထိုး ပျံ့နှံ့သွားပြီးနောက် တရားမျှတမှုရရေး ဆန္ဒပြပွဲတွေ အမေရိကန်ပြည်ထောင်စု တဝှမ်း ပေါ်ပေါက်ခဲ့ပါတယ်။
အခုလို ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့ အကြောင်းအရင်းမှာ အမေရိကန်နိုင်ငံမှာ ရှိနေဆဲ လူဖြူ၊ လူမည်းခွဲခြားမှု သမိုင်းကြောင်းပြဿနာလည်း ပါဝင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို Bay ဧရိယာမှာ နေထိုင်တဲ့ လူ့အခွင့်အရေးကာကွယ်ရေးလှုပ်ရှားနေသူ ၈၈ ကျောင်းသားမျိုးဆက်ဦးကိုကိုလေးက ဗွီအိုအေကို ပြောပါတယ်။
" သမိုင်းကြောင်းအရ ပြောမယ်ဆိုရင် အဖြူ၊ အမည်း ခွဲခြားဆက်ဆံမှု ဆိုတဲ့ ပြဿနာက ကြာခဲ့ပြီ။ မာတင်လူသာကင်းတို့လည်း တိုက်ပွဲဝင်ခဲ့ကြတာပဲ။ သို့သော် ၂၀၁၄ခုနှစ်လောက်ကစပြီး ဖြစ်နေတာတွေကလည်း အများကြီးပဲ။ အဲဒီလိုဖြစ်ပြီး လူမည်းတွေ ဖမ်းခံရစဉ်မှာ အသက်ထွက်သွားတာတွေ ကလည်း အများကြီး။ အဲတာတွေက တရားရုံးတွေ ရောက်သွားတဲ့အခါမှာ ကွင်းလုံးကျွတ်တွေ လွတ်သွားကြတယ်။ အဲဒီအပေါ်မှာ လူမည်းတွေက တော်တော်လေး မကျေမနပ်ဖြစ်ပြီး ဒေါသထွက်ကြတယ်။"
ဒါပေမဲ့လည်း ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကနေ ဒေါသမထိန်းနိုင်တဲ့ ဆန္ဒပြသူ ၂၀ ရာခိုင်နှုန်းလောက်က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အဆောက်အဦတွေ၊ စီးပွားရေး ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေ မီးရှို့ဖျက်စီးကြတာ၊ အဲဒီကတဆင့် ပစ္စည်းတွေကိုပါ လုယူမှုတွေဖြစ်လာတဲ့ အခြေအနေကတော့ အရုပ်ဆိုးအကျည်းတန်ကြောင်း ဦးကိုကိုလေးက ဆိုပါတယ်။
အခုဆန္ဒပြပွဲတွေနဲ့ လက်ရှိ အမေရိကန်နိုင်ငံရေး အခြေအနေကို ဆက်စပ် နေတဲ့ သုံးသပ်ချက်တွေကိုတော့ ကာလီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်းစာပေ၊ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က အခုလို ဗွီအိုအေကိုပြောပါတယ်။
" လူဖြူ အမေရိကန်သမ္မတ ဖြစ်နေလို့ လူမည်းတွေကို အနိုင်ကျင့်တယ် ဆိုတဲ့ သဘောမျိုးနဲ့ မြင်တယ်သူတွေလည်း ရှိတယ်။ တချို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ ရီပါပလင်ကန် ပါတီကို သိက္ခာချချင်တယ်။"
George Floyd သေဆုံးခဲ့မှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိတွေကို ဖမ်းဆီးအရေးယူထားပြီဖြစ်တဲ့အတွက် အကြမ်းဖက်ဆန္ဒပြတာတွေကို ရပ်သင့်ပြီလို့ မြင်ကြောင်း ဒေါက်တာစိုင်းထွေးမောင်က ပြောပါတယ်။
ဆန္ဒပြသူတွေဘက်က မင်းမဲ့စရိုက်ဆန်တဲ့ လှုပ်ရှားမှုတွေအဆင့်ထိ ဘာကြောင့် ရောက်ခဲ့သလဲ ဆိုတဲ့အပေါ်မှာ ဦးကိုကိုလေးရဲ့ အမြင်ကတော့
" ဖြစ်တာက မေလ ၂၅ ရက်နေ့ ဗွီဒီယိုတွေ ထွက်လာတဲ့အချိန်မှာ ဖြစ်ရပ်က မတရားဘူး၊ အသက်ထွက်တဲ့ အထိ ဒီလိုလုပ်တယ်ဆိုတာ သိသာနေတာကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ခြင်းမရှိပဲနဲ့ ရဲတွေရဲ့ body camera တွေပေးပါအုံး ဆိုပြီး ထပ်တောင်းနေတယ်။ အဲတာ နောက်ထပ် လေးရက်လောက်ကြာတော့မှ ဒီရဲကို အရေးယူမယ့် ရည်ရွယ်ချက်မရှိပဲနဲ့ လူသတ်မှုဆိုတဲ့ အဆင့်နဲ့ တရားစွဲဆိုမယ်ဆိုပြီး စတင်ဖမ်းဆီးတာပေါ့။ မြန်မြန်ဆန်ဆန် လုပ်လိုက်ရင် ပြည်သူတွေက ဒေါသမပေါက်ကွဲပါဘူး။"
လူမျိုးရေးခွဲခြားမှု ဆိုတဲ့အပေါ်မှာ အခြေခံဖြစ်နေတဲ့ လက်ရှိဆန္ဒပြပွဲတွေက လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွေအပေါ်မှာ ဘယ်လို ထိရောက်မှုရှိနိုင်မလဲ။ ဦးကိုကိုလေးရဲ့ သုံးသပ်ချက်ကတော့
" နိုဝင်ဘာ ရွေးကောက်ပွဲကတော့ ဖြစ်မယ်။ ဒါပေမဲ့ လူတွေစိတ်ဝင်စားမှုကတော့ သိပ်ပြီး ရမှာ မဟုတ်ဘူး။"
ဒေါက်တာစိုင်းထွေးမောင်ကတော့ ရီပါပလင်ကန်ပါတီကို လူကြိုက်နည်းလာတာက ပိုပြီးသိသာလာမယ်လို့ မြင်ကြောင်း အခုလို ပြောပါတယ်။
" တော်တော်များများကလည်း ရီပါပလင်ကန်ကို မကြိုက်တဲ့သူတွေရှိတယ်။ ဒီမိုကရက်တွေကလည်း အဲဒါကို အခွင့်အရေးယူပြီးမှ အမြတ်ရဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။"
အမေရိကန်ပြည်ထောင်စု၁၅ ပြည်နယ်လောက်မှာတော့ အကြမ်းဖက်ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ရေး ပြည်တွင်းလုံခြုံရေးအရန်တပ်တွေကို ဆင့်ခေါ်ထားပြီး၊ဝါရှင်တန်ဒီစီအပါအဝင် မြို့ပေါင်း ၄၀ ထက်မနည်းမှာ ပြည်နယ်အစိုးရတွေက ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း တနင်္ဂနွေနေ့ညအထိ ဆန္ဒပြသူတွေဟာ ညမထွက်ရ အမိန့်ကို ဖီဆန်ပြီး ဆက်လက်အကြမ်းဖက် ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲတွေဘက်မှာရော၊ ဆန္ဒပြသူတွေဘက်မှာပါ ထိခိုက်ဒဏ်ရာရရမှုတွေရှိခဲ့ပါတယ်။
...........
ကနျ ဆန်ဒပွပှဲတှေ ၂၀၂၀ သမ်မတရှေးကောကျပှဲကို ဘယျလိုသကျရောကျစမေလဲ
(Unicode)
လူမြိုးရေးခှဲခွားမှု ဆိုတဲ့အပေါျမှာ အခွခေံဖွဈနတေဲ့ လကျရှိဆန်ဒပွပှဲတှကေ လာမယ့ျ နိုဝငျဘာလ သမ်မတရှေးကောကျပှဲတှအေပေါျမှာ ဘယျလို ထိရောကျမှုရှိနိုငျမလဲ။ ဦးကိုကိုလေးရဲ့ သုံးသပျခကြျကတော့