သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူလုယက်မှုတွေရပ်တန့်ဖို့ အရပ်ဘက်၊ စစ်ဘက်အင်အား အသုံးပြုမည်ဟု သမ္မတ Trump ပြော


သမ္မတ Donald Trump က တနလာၤနေ့ ညနေခင်းက သမ္မတ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ မိန့်ခွန်းပြော
သမ္မတ Donald Trump က တနလာၤနေ့ ညနေခင်းက သမ္မတ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ မိန့်ခွန်းပြော

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စု အတွင်း အကြမ်းဖက် ဆန္ဒပြသူတွေရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်း အကြမ်းဖက် လုပ်ရပ်တွေလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး နိုင်ငံတဝန်း ဥပဒေမဲ့ ဆူပူအုံကြွမှုတွေကို အဆုံးသတ်မယ်လို့ တနလာၤနေ့ ညနေခင်းမှာဘဲ သမ္မတက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဆူပူအုံကြွမှုတွေနဲ့ လုယက်မှုတွေ ရပ်တန့်ဖို့၊ ဖျက်ဆီးမှုတွေ မီးရှို့မှုတွေ အဆုံးသတ်ဖို့၊ ဥပဒေ လိုက်နာတဲ့ အမေရိကန်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ အတွက် ပြည်ထောင်စု အစိုးရရဲ့ အရပ်ဘက် စစ်ဘက် အင်အားတွေကို အစွမ်းကုန် အသုံးပြုသွားမယ်လို့ သမ္မတ Trump က ပြောပါတယ်။

တနလာၤနေ့ ညနေခင်းက သမ္မတ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ သမ္မတ Trump မိန့်ခွန်း မပြောခင် သတင်းရယူဖို့ တက်ရောက်နေကြတဲ့ သတင်းထောက်တွေ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။ သမ္မတ အိမ်ဖြူတော် အနီးက Lafayette ပန်းခြံ ပတ်လည်မှာ မျက်ရည်ယိုဗုံးတွေ အများကြီး ပစ်ခွဲလိုက်တဲ့ အသံတွေ ဖြစ်ပြီး အဓိကရုန်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို တွန်းထုတ်ခဲ့ပါတယ်။

ရာဘာကျည်တွေလည်း သုံးခဲ့သလို မြင်းစီး ရဲတွေလည်း ဆန္ဒပြသူတွေကို ကူညီရှင်းလင်းခဲ့ပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီမှာ ညနေ ၇ နာရီကစလို့ ညမထွက်ရ အမိန့် သက်ရောက်တာ ဖြစ်ပြီး ညနေ ၆နာရီခွဲ ကျော်ကျော်မှာ လုံခြုံရေး တာဝန်ရှိသူတွေက အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

................


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG