သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ေဒသတြင္းႏုိင္ငံေတြမွာ COVID-19 ဆက္လက္ ကူးစက္ပ်ံ႕ႏွံ႔


တ႐ုတ္ႏုိင္ငံ Jilin ခ႐ုိင္ လူေနရပ္ကြက္တခုအတြင္း ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနသည့္ျမင္ကြင္း။ (ေမ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

အာရွတလႊား ႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဆက္ရွိေနရာမွာ စင္ကာပူႏုိင္ငံမွာေတာ့ တနဂၤေႏြေန႔က ဒီေရာဂါကူးစက္သူ ၅၁၈ ဦး ထပ္မံ ေတြ႔ရွိတဲ့အတြက္ ကူးစက္သူေပါင္း ၃၄,၈၀၀ ေက်ာ္ ရွိသြားပါၿပီ။

ကူးစက္သူ အမ်ားစုဟာ အလုပ္သမား အေဆာင္ေတြမွာေနတဲ့ ႏုိင္ငံျခားသား အလုပ္သမားေတြ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေမလ ၃၁ ရက္ ည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ လူေပါင္း ၇၂၀ ေက်ာ္ကို စစ္ေဆးခဲ့ရာမွာ COVID-19 ေရာဂါပိုးရွိသူ ဓာတ္ခြဲအတည္ျပဳလူနာ တဦးမွ မရွိဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္ထားတဲ့လူနာ ၂၂၄ ဦးရွိၿပီး ေသဆုံးသူ ၆ ဦး ရွိပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ တနဂၤေႏြေန႔က ကူးစက္သူ ၄ ေယာက္ ေတြ႔ရွိေၾကာင္း အတည္ျပဳတာေၾကာင့္ ဇန္နဝါရီလကတည္းကစလို႔ ကူးစက္သူေပါင္း ၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံး ၅၇ ေယာက္ရွိပါတယ္။ ထုိင္း ျပည္တြင္းကူးစက္မႈ သိသိသာသာ က်ဆင္းလာေပမယ့္ အခုေနာက္ဆံုး ကူးစက္မႈေတြရဲ႕ ၈၀ ရာခုိင္ႏႈန္းေလာက္ဟာ ျပည္ပက ျပန္လာၾကသူေတြဆီက ျဖစ္တယ္လုိ႔ အစိုးရက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ တနဂၤေႏြေန႔က ေရာဂါကူးစက္သူ ၂ ဦး ထပ္မံေတြ႔ရွိၿပီး ေရာဂါကူးစက္ခံထားရေပမယ့္ လကၡဏာမျပသူက ၄ ဦးရွိတယ္လို႔ တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ပါတယ္။ တ႐ုတ္ အမ်ိဳးသားက်န္းမာေရးစင္တာ စာရင္းေတြအရ ေမလ ၃၀ ေန႔အထိ တ႐ုတ္ႏိုင္ငံမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၈၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံး ၄,၆၃၄ ေယာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေမှာ COVID-19 ဆက်လက် ကူးစက်ပျံ့နှံ့

အာရှတလွှား နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်ရှိနေရာမှာ စင်ကာပူနိုင်ငံမှာတော့ တနင်္ဂနွေနေ့က ဒီရောဂါကူးစက်သူ ၅၁၈ ဦး ထပ်မံ တွေ့ရှိတဲ့အတွက် ကူးစက်သူပေါင်း ၃၄,၈၀၀ ကျော် ရှိသွားပါပြီ။

ကူးစက်သူ အများစုဟာ အလုပ်သမား အဆောင်တွေမှာနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မေလ ၃၁ ရက် ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လူပေါင်း ၇၂၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါပိုးရှိသူ ဓာတ်ခွဲအတည်ပြုလူနာ တဦးမှ မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ထားတဲ့လူနာ ၂၂၄ ဦးရှိပြီးသေဆုံးသူ ၆ ဦး ရှိပါတယ်။

ထိုင်းနိုင်ငံမှာတော့ တနင်္ဂနွေနေ့က ကူးစက်သူ ၄ ယောက် တွေ့ရှိကြောင်း အတည်ပြုတာကြောင့် ဇန်နဝါရီလကတည်းကစလို့ ကူးစက်သူပေါင်း ၃,၀၀၀ ကျော်နဲ့ သေဆုံး ၅၇ ယောက်ရှိပါတယ်။ ထိုင်း ပြည်တွင်းကူးစက်မှုသိသိသာသာ ကျဆင်းလာပေမယ့် အခုနောက်ဆုံး ကူးစက်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပက ပြန်လာကြသူတွေဆီက ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က ရောဂါကူးစက်သူ ၂ ဦး ထပ်မံတွေ့ရှိပြီး ရောဂါကူးစက်ခံထားရပေမယ့် လက္ခဏာမပြသူက ၄ ဦးရှိတယ်လို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တရုတ် အမျိုးသားကျန်းမာရေးစင်တာ စာရင်းတွေအရ မေလ ၃၀ နေ့အထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၃,၀၀၀ ကျော်နဲ့ သေဆုံး ၄,၆၃၄ ယောက် ရှိပါတယ်။

XS
SM
MD
LG