(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ Coronavirus ပိုးကူးစက္ေနသူ ေနာက္ထပ္ ၁၇ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေမလ ၃၀ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ လုိက္တာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း၂၂၄ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံမွာ မတ္လအေစာပုိင္းက လူနာအမွတ္ (၁) ကုိ စတင္ေတြ႔ရွိတဲ့အခ်ိန္ကစလုိ႔ တရက္အတြင္း COVID-19 ကူးစက္သူအေရအတြက္ အမ်ားဆုံး တုိးလာတာလည္း ျဖစ္ပါတယ္။
စေနေန႔ မနက္ (၇) နာရီမွာ ထုတ္ျပန္တဲ့ေၾကညာခ်က္အရ အခု အသစ္ေတြ႔ရွိတဲ့ ၁၇ ဦးစလုံးဟာ ျပည္ပခရီးသြား ရာဇ၀င္ရွိသူေတြျဖစ္ၿပီး အားလုံးဟာ အိႏၵိယက ျပန္လာၾကသူေတြျဖစ္တယ္လုိ႔ ဆုိပါတယ္။
လူနာ အမွတ္ (၂၀၈) ကေန အမွတ္ (၂၂၂) ေယာက္အထိက ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေနထုိင္သူေတြျဖစ္ၾကၿပီး က်န္ ၂ ဦးျဖစ္တဲ့ လူနာ အမွတ္ (၂၂၃) နဲ႔ အမွတ္ (၂၂၄) တုိ႔ကေတာ့ မႏၱေလးတုိင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္ကျဖစ္တယ္လုိ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အခု ထပ္မံေတြ႔ရွိတဲ့ လူနာေတြကုိေတာ့ ေတာင္ဥကၠလာပ အထူးကုေဆးရုံနဲ႔ ေ၀ဘာဂီ အထူးကု ေဆးရုံတုိ႔မွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။
ေမလ ၂၉ ရက္ေန႔က စုစုေပါင္းလူနာ ၁,၂၁၄ ဦးကုိ အမ်ဳိးသားဓါတ္ခြဲမႈဆုိင္ရာဌာန (ရန္ကုန္) ၊ ေဆးသုေတသနဦးစီးဌာနနဲ႔ အမွတ္ (၁) တပ္မေတာ္ ေဆးရုံႀကီးတုိ႔မွာ အသီးသီး ဓါတ္ခြဲစစ္ေဆး ခဲ့ၿပီးတဲ့ေနာက္မွာ အခုလုိ ရလဒ္ ထြက္လာတာ ျဖစ္ပါတယ္။
မၾကာေသးခင္ ရက္ပုိင္းအတြင္းကဘဲ ျမန္မာအစုိးရ၊ ႏုိင္ငံျခားေရးဌာနရဲ႕အစီအစဥ္နဲ႔ အိႏၵိယႏုိင္ငံမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသား ၈၂ ဦးကုိ ဘီဟားျပည္နယ္၊ ဂါယာၿမိဳ႕ကတဆင့္ Myanmar National Airlines အထူးေလယာဥ္နဲ႔ ျမန္မာႏုိင္ငံကုိ ျပန္လည္ ေခၚေဆာင္လာခဲ့တာပါ။
................
မြန်မာမှာ ကိုဗစ်ကူးစက်သူ တရက်အတွင်း ၁၇ ဦးတိုးပြီး စုစုပေါင်း ၂၂၄ ဦးအထိ ရှိလာ
(Unicode)
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၃၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၂၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတ်လအစောပိုင်းက လူနာအမှတ် (၁) ကို စတင်တွေ့ရှိတဲ့အချိန်ကစလို့ တရက်အတွင်း COVID-19 ကူးစက်သူအရေအတွက် အများဆုံး တိုးလာတာလည်း ဖြစ်ပါတယ်။
စနေနေ့ မနက် (၇) နာရီမှာ ထုတ်ပြန်တဲ့ကြေညာချက်အရ အခု အသစ်တွေ့ရှိတဲ့ ၁၇ ဦးစလုံးဟာ ပြည်ပခရီးသွား ရာဇဝင်ရှိသူတွေဖြစ်ပြီး အားလုံးဟာ အိန္ဒိယက ပြန်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လူနာ အမှတ် (၂၀၈) ကနေ အမှတ် (၂၂၂) ယောက်အထိက ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူတွေဖြစ်ကြပြီး ကျန် ၂ ဦးဖြစ်တဲ့ လူနာ အမှတ် (၂၂၃) နဲ့ အမှတ် (၂၂၄) တို့ကတော့ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ကဖြစ်တယ်လို့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု ထပ်မံတွေ့ရှိတဲ့ လူနာတွေကိုတော့ တောင်ဥက္ကလာပ အထူးကုဆေးရုံနဲ့ ဝေဘာဂီ အထူးကု ဆေးရုံတို့မှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
မေလ ၂၉ ရက်နေ့က စုစုပေါင်းလူနာ ၁,၂၁၄ ဦးကို အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၊ ဆေးသုတေသနဦးစီးဌာနနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီးတို့မှာ အသီးသီး ဓါတ်ခွဲစစ်ဆေး ခဲ့ပြီးတဲ့နောက်မှာ အခုလို ရလဒ် ထွက်လာတာ ဖြစ်ပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲ မြန်မာအစိုးရ၊ နိုင်ငံခြားရေးဌာနရဲ့အစီအစဉ်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၈၂ ဦးကို ဘီဟားပြည်နယ်၊ ဂါယာမြို့ကတဆင့် Myanmar National Airlines အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာခဲ့တာပါ။