သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ေနာက္ထပ္ ၄ ၿမိဳ႕နယ္ အိမ္တြင္းေနအမိန္႔ ႐ုပ္သိမ္း


ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားအနီးမွာ လမ္းျဖတ္ကူးတဲ့ လူတခ်ိဳ႕ကို ေတြ႔ရ။ (ေမ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ ရန္ကုန္ၿမိဳ႕ ၄ ၿမိဳ႕နယ္မွာ ကိုယ့္အိမ္မွာ ကိုယ္ေနဖို႔ ထုတ္ျပန္ထားတဲ့ Stay at home အမိန႔္ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ပယ္ဖ်က္လိုက္ပါတယ္။

ဗဟန္းၿမိဳ႕နယ္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္နဲ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ေတြက Stay at home အမိန႔္ကို ဒီေန႔ ေန႔စြဲနဲ႔ ပယ္ဖ်က္လိုက္တာျဖစ္ပါတယ္။ ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ဖို႔ ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္ ၁၀ ခုနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္ ၁ ခု၊ စုစုေပါင္း ၁၁ ခုမွာ ကိုယ့္အိမ္မွာ ကိုယ္ေနၾကဖို႔ အမိန႔္ ထုတ္ျပန္ခဲ့တာပါ။

အဲဒီထဲက ၅ ၿမိဳ႕နယ္မွာ အမိန႔္ကို ေမလ ၁၄ ရက္ေန႔က ပယ္ဖ်က္ခဲ့ၿပီး အခု ၄ ၿမိဳ႕နယ္မွာ အမိန႔္ကို ထပ္မံပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။ ပန္းဘဲတန္း၊ ဗဟန္း၊ တာေမြနဲ႔ ေတာင္ဥကၠလာၿမိဳ႕နယ္ေတြမွာ ေရာဂါထိန္းခ်ဳပ္မႈပိုင္း တိုးတက္မႈရွိတဲ့အတြက္ Stay at home အမိန႔္ကို နက္ျဖန္ ေမလ ၂၉ ရက္ ၄ နာရီကစၿပီး ပယ္ဖ်က္တယ္လို႔ ဝန္ႀကီးဦးျမင့္ေထြး လက္မွတ္နဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ COVID-19 အတည္ျပဳလူနာ ၂၀၆ ေယာက္ရွိပါတယ္။ ဒီေန႔ ေမလ ၂၈ ရက္ေန႔အတြက္ ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲနမူနာ ၄၇၀ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၁၄၈ ခုနဲ႔ ရန္ကုန္ အမွတ္ ၁ တပ္မေတာ္ ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၉၄ ခု၊ စုစုေပါင္း ၇၁၂ ခုကို စစ္ေဆးခဲ့တာမွာ လူနာသစ္ တစ္ေယာက္မွ မ႐ွိဘူးလို႔ ည ၈ နာရီသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

ရန်ကုန်တိုင်းတွင်း နောက်ထပ် ၄ မြို့နယ် အိမ်တွင်းနေအမိန့် ရုပ်သိမ်း

COVID-19 ကပ်ရောဂါကြောင့် ရန်ကုန်မြို့ ၄ မြို့နယ်မှာ ကိုယ့်အိမ်မှာ ကိုယ်နေဖို့ ထုတ်ပြန်ထားတဲ့ Stay at home အမိန့်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပယ်ဖျက်လိုက်ပါတယ်။

ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေက Stay at home အမိန့်ကို ဒီနေ့ နေ့စွဲနဲ့ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၀ ခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ် ၁ ခု၊ စုစုပေါင်း ၁၁ ခုမှာ ကိုယ့်အိမ်မှာ ကိုယ်နေကြဖို့ အမိန့် ထုတ်ပြန်ခဲ့တာပါ။

အဲဒီထဲက ၅ မြို့နယ်မှာ အမိန့်ကို မေလ ၁၄ ရက်နေ့က ပယ်ဖျက်ခဲ့ပြီး အခု ၄ မြို့နယ်မှာ အမိန့်ကို ထပ်မံပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ပန်းဘဲတန်း၊ ဗဟန်း၊ တာမွေနဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ ရောဂါထိန်းချုပ်မှုပိုင်း တိုးတက်မှုရှိတဲ့အတွက် Stay at home အမိန့်ကို နက်ဖြန် မေလ ၂၉ ရက် ၄ နာရီကစပြီး ပယ်ဖျက်တယ်လို့ ဝန်ကြီးဦးမြင့်ထွေး လက်မှတ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် COVID-19 အတည်ပြုလူနာ ၂၀၆ ယောက်ရှိပါတယ်။ ဒီနေ့ မေလ ၂၈ ရက်နေ့အတွက် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၄၇၀ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၄၈ ခုနဲ့ ရန်ကုန် အမှတ် ၁ တပ်မတော် ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၉၄ ခု၊ စုစုပေါင်း ၇၁၂ ခုကို စစ်ဆေးခဲ့တာမှာ လူနာသစ် တစ်ယောက်မှ မရှိဘူးလို့ ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG