သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပကျပန္လာသူေတြ COVID-19 ေရာဂါပိုး ဘယ္လိုစစ္ေဆးေနလဲ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာ တခုက လုပ္အားေပး ဆရာ၀န္တခ်ိဳ႕ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျပည္ပကေန ျပန္ဝင္လာၾကတဲ့ ျမန္မာႏိုင္ငံသားေတြအားလုံးကို အသြားအလာ ကန႔္သတ္ၿပီး COVID-19 ေရာဂါပိုး ရွိမရွိ စစ္ေဆးေနတဲ့ အေျခအေနေတြ ဘယ္လိုေဆာင္႐ြက္ေနသလဲဆိုတာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ျပည္ပကေန ျပန္ဝင္လာၾကတဲ့ ျမန္မာႏိုင္ငံသားအားလုံးကို သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းအလိုက္ သတ္မွတ္ေနရာေတြမွာ အသြားအလာကန႔္သတ္ၿပီး ေစာင့္ၾကည့္ထားတာပါ။ ေမလ ၁၇ ရက္ေန႔ကေနစလို႔ အသြားအလာ ကန႔္သတ္ထားသူေတြအားလုံးကို ေရာဂါပိုးရွိမရွိ စစ္ေဆးေပးဖို႔ ၫႊန္ၾကားထားၿပီး ျဖစ္တယ္လို႔ ေမလ ၂၂ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာခဲ့ပါတယ္။

ျမဝတီနယ္စပ္ဂိတ္ေပါက္ကေန ျမန္မာႏိုင္ငံထဲကို ျပန္ဝင္လာၾကတဲ့ ဦးေရက တစ္ရက္ကို ၁,၀၀၀ ေက်ာ္ နီးပါး ရွိေနပါတယ္။ ျပန္ဝင္လာၾကတသူေတြထဲက သြားလာေရး ကန႔္သတ္ထားတဲ့ ျပည္နယ္၊ တိုင္းနဲ႔ ခရီးအသြားအလာ ခက္ခဲမႈ ရွိေနတဲ့ ေနရာက လူေတြကိုပဲ ျမဝတီၿမိဳ႕ Quarantine Center ေတြမွာ ေစာင့္ၾကည္ေနတာျဖစ္ပါတယ္။ က်န္သူေတြကိုေတာ့ သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္ေတြက လာေရာက္ေခၚယူပါတယ္။

ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က လက္ရွိ ျမဝတီၿမိဳ႕ Quarantine Center ေတြမွာ ရွိေနတဲ့ ျပည္ပျပန္ေတြအားလုံးကို ေရာဂါပိုး စစ္ေဆးေပးတာနဲ႔ ပတ္သက္လို႔ ဘယ္လိုေတြ ေဆာင္႐ြက္ေနသလဲဆိုတာကို ခုလို ေျပာျပပါတယ္။

“ဝင္လာတဲ့လူ အားလုံးကို ၁,၄၀၀ ေက်ာ္ကို စိစဥ္တာေပါ့၊ ကိုဗစ္စစ္ေဆးခ်င္တာ၊ ဒါေပမဲ့လည္း ၅၀၀ ေအာက္ဆိုရင္ အားလုံးစစ္မယ္။ ၁,၀၀၀နဲ႔ အထက္ဆိုရင္ က်ေနာ္တို႔က ၁၀ ရာခိုင္ႏႈန္းနဲ႔ အထက္ေပ့ါ၊ ဆိုေတာ့ ၁,၀၀၀ ဆို ၁၀၀ နဲ႔ အထက္ စစ္ႏိုင္သေလာက္ စစ္မွာေပါ့ က်ေနာ္တို႔ အဲ့ေတာ့ က်ေနာ္တို႔ ၃၀၀ ဝန္က်င္ေလာက္ စစ္ႏိုင္တာေပါ့။ အဲ့တာကေတာ့ က်ေနာ္တို႔ ဓာတ္ခြဲကြၽမ္းက်င္ ပညာရွင္နဲ႔ ႏွာေခါင္းတို႔ပတ္၊ အာေခါင္တို႔ပတ္ ယူရတာျဖစ္တယ္။ အဲ့လိုယူရတာျဖစ္တဲ့ အတြက္ က်ေနာ္တို႔က တစ္ဆိုင္းေပါ့။ ယူမယ္သူရယ္၊ သူ႔ရဲ႕ အကူ ကြၽမ္းက်င္ဝန္ထမ္း တစ္ေယာက္ရယ္။ ႏွစ္ေယာက္တစ္တြဲ တစ္ဆိုင္းနဲ႔ဆိုရင္ ပုံမွန္အားျဖင့္ တစ္ေန႔ကို လူသုံးဆယ္ယူႏိုင္တယ္ခင္ဗ်၊ သတ္မွတ္ခ်က္က ဒါေပမဲ့ က်ေနာ္တို႔ လူ ၄၀၊ ၅၀ အထိယူေပးတယ္။ ယူေပးၿပီးေတာ့ က်ေနာ္တို႔ အဆိုင္း ၇ ဆိုင္းကေန ၁၀ ဆိုင္းအထိ က်ေနာ္တို႔ ထုတ္ၿပီးေတာ့ ယူရတာေပါ့။ အၾကမ္းဖ်င္းေန႔အလိုက္ဆိုရင္ လူ ၂၀၀၊ ၃၀၀ ဝန္က်င္ေလာက္ က်ေနာ္တို႔ စစ္ေဆးတယ္။ အဲ့လို စစ္ေဆးတဲ့လူေတြကို ထားႏိုင္ဖို႔က သီးျခား က်ေနာ္တို႔ Quarantine ထပ္လုပ္ရတာေပါ့။ စစ္ေဆးမႈကိုေတာ့ က်န္းမာေရးဌာနရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔ အညီ တတ္ႏိုင္သမွ် တိုးၿပီးေတာ့ စစ္ေနတယ္။ အားလုံးကို စစ္ႏိုင္ေအာင္ စစ္ေဆးေနတယ္လို႔ တင္ျပခ်င္ပါတယ္။”

ေရာဂါပိုးရွိမရွိစစ္ေဆးႏိုင္ဖို႔အတြက္ Quarantine ဝင္ေနၾကသူေတြရဲ႕ တို႔ပတ္နမူနာေတြကို ရန္ကုန္မွာ ရွိတဲ့ အမ်ိဳးသားက်န္းမာေရးဌာနကို ေပးပို႔စစ္ေဆးၿပီး ေရာဂါပိုးေတြ႕ရွိသူေတြရဲ႕ အေျဖကို သီးသန႔္ အမည္ေတြျပန္ခြဲရတာေၾကာင့္ ၃ ရက္ေနၿပီးမွ သိရတယ္လို႔ ျမဝတီ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုပါတယ္။

“တစ္ရက္စစ္တဲ့ဟာကို ၿပီးၿပီခ်င္း အဲ့ေနည ရန္ကုန္ကို တို႔ပတ္နမူနာ ေရာက္ေအာင္ က်ေနာ္တို႔ ပို႔ပါတယ္။ ပို႔ၿပီးေတာ့ ေနာက္တစ္ေန႔မွာ စစ္ေဆးတာေပါ့ခင္ဗ်။ ပုံမွန္အားျဖင့္ အားလုံးစစ္ေဆးႏိုင္တယ္ဆိုရင္ အဲ့ေန႔ည စစ္ေဆးတဲ့ Result ထုတ္ျပန္တဲ့အခ်ိန္မွာ ပါသြားတာျဖစ္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က ႏွစ္ညအိပ္ သုံးရက္ေျမာက္ေန႔ မနက္က်မွ ဒီအေျဖကိုသိရတယ္။ ဘာလို႔ သိရလဲဆို ေတာ့ တစ္ဦးခ်င္း Result ေတြကို နာမည္ျပန္တပ္ရတာကိုး။ တိုက္ၿပီးေတာ့ အိုေကၿပီဆိုမွ ႏွစ္ညအိပ္ သုံးရက္ ျပည့္တဲ့ အခ်ိန္က်မွ အဲ့လူေတြကို Quarantine ထဲကို ထည့္တာေပါ့။”

ပဲခူး၊ မေကြးစတဲ့ ေနရာက လူေတြကိုေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္ ျပည္နယ္အလိုက္ တိုင္းအစိုးရရဲ႕ အစီအစဥ္နဲ႔ တိုက္႐ိုက္ ပို႔ေပးၿပီး သူတို႔ရဲ႕ သက္ဆိုင္ရာ ၿမိဳ႕နယ္မွာမွ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးတာျဖစ္ပါတယ္။

မေကြးတိုင္းေဒသႀကီးမွာ ျပည္ပျပန္ေတြကို ေရာဂါပိုးရွိမရွိ စစ္ေဆးတာနဲ႔ ပတ္သက္လို႔ တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားမွဴးခ်ဳပ္ ေဒါက္တာ ေသာင္းလႈိင္က VOA ကို ခုလို ေျပာျပပါတယ္။

“ဒီကေနၿပီးေတာ့ Facility Quarantine ကို ေရာက္သြားၿပီးလို႔ရွိရင္ ပထမ တစ္ပတ္ထားၿပီးေတာ့ ဒုတိယပတ္က စၿပီးေတာ့ ႀကိဳက္တဲ့ ရက္ကိုေပါ့ေနာ္။ အဆင္ေျပတဲ့ ရက္ကို က်ေနာ္တို႔ စစ္ပါတယ္။ တစ္ႀကိမ္ပဲ စစ္ပါေတာ့မယ္။ ဟို အနီးကပ္ေတြတဲ့လူ Positive ရွိလို႔ ရွိရင္ေတာ့ အနီးကပ္ေတြတဲ့သူ အားလုံးကို ဒုတိယတစ္ႀကိမ္ ျပန္စစ္မယ္။ ပထမတုန္းကေတာ့ ႏွစ္ႀကိမ္စစ္မယ္လို႔ ဒို႔ေတြ သိထားခဲ့တယ္ေပါ့။ ဒါေပမဲ့ ခုေတာ့ ႏွစ္ႀကိမ္မဟုတ္ဘဲ တစ္ႀကိမ္ပဲ စစ္ေတာ့မွာပါ။ အားလုံးကို စစ္ပါမယ္။”

ခု လက္ရွိမွာ COVID-19 ေရာဂါပိုးရွိ၊ မရွိ ဓာတ္ခြဲ အတည္ျပဳႏိုင္ဖို႔ ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာ ဌာနနဲ႔ ေဆးသုေတသန ဦးစီးဌာနတို႔မွာ စစ္ေဆးေပးေနပါတယ္။ လာမယ့္ ဇြန္လ ပထမပတ္ေလာက္ကေနစၿပီး မႏၲေလး၊ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕တို႔မွာလည္း ဓာတ္ခြဲစစ္ေဆးမႈေတြ လုပ္ႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ COVID လူနာေတြထဲက ၆၂ ရာခိုင္ႏႈန္းေလာက္ဟာ ေရာဂါလကၡဏာ မျပဘဲ ပိုးရွိေနသူေတြ ျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆ မေနၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးထားပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ေရာဂါပိုး စတင္ေတြ႕ရွိရတဲ့ အခ်ိန္ကစလို႔ ေမလ ၂၇ ရက္ေန႔ မနက္ပိုင္းအထိ ဓာတ္ခြဲ နမူနာ စုစုေပါင္း ၂၁,၀၀၀ က်ာ္ကို စစ္ေဆးခဲ့ၿပီး၊ ေမလ ၂၇ ရက္ေန႔တရက္တည္းမွာေတာ့ ဓါတ္ခြဲနမူနာေပါင္း ၁,၃၀၀ ေက်ာ္ကို ထပ္မံစစ္ေဆးခဲ့ပါတယ္။

ခုလက္ရွိ ဒီကေန႔ညေနပိုင္းအထိစာရင္းအရ ဓါတ္ခြဲနမူနာယူၿပီး စစ္ေဆးစမ္းသပ္တဲ့အထဲ ျမန္မာမွာ ေရာဂါပိုး ေတြ႕ရွိရသူ အေရအတြက္က ၂၀၆ ဦး ရွိေနၿပီး၊ ေသဆုံးသူ ၆ ဦးနဲ႔ ကုသမႈ ခံယူၿပီး ေရာဂါပိုး ကင္းစင္လာသူက ၁၂၆ ဦးရွိပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပကပြန်လာသူတွေ COVID-19 ရောဂါပိုး ဘယ်လိုစစ်ဆေးနေလဲ

ပြည်ပကနေ ပြန်ဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေအားလုံးကို အသွားအလာ ကန့်သတ်ပြီး COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးနေတဲ့ အခြေအနေတွေ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ပြည်ပကနေ ပြန်ဝင်လာကြတဲ့ မြန်မာနိုင်ငံသားအားလုံးကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားတာပါ။ မေလ ၁၇ ရက်နေ့ကနေစလို့ အသွားအလာ ကန့်သတ်ထားသူတွေအားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ မေလ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောခဲ့ပါတယ်။

မြဝတီနယ်စပ်ဂိတ်ပေါက်ကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာကြတဲ့ ဦးရေက တစ်ရက်ကို ၁,၀၀၀ ကျော် နီးပါး ရှိနေပါတယ်။ ပြန်ဝင်လာကြတသူတွေထဲက သွားလာရေး ကန့်သတ်ထားတဲ့ ပြည်နယ်၊ တိုင်းနဲ့ ခရီးအသွားအလာ ခက်ခဲမှု ရှိနေတဲ့ နေရာက လူတွေကိုပဲ မြဝတီမြို့ Quarantine Center တွေမှာ စောင့်ကြည်နေတာဖြစ်ပါတယ်။ ကျန်သူတွေကိုတော့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေက လာရောက်ခေါ်ယူပါတယ်။

မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က လက်ရှိ မြဝတီမြို့ Quarantine Center တွေမှာ ရှိနေတဲ့ ပြည်ပပြန်တွေအားလုံးကို ရောဂါပိုး စစ်ဆေးပေးတာနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဆောင်ရွက်နေသလဲဆိုတာကို ခုလို ပြောပြပါတယ်။

“ဝင်လာတဲ့လူ အားလုံးကို ၁,၄၀၀ ကျော်ကို စိစဉ်တာပေါ့၊ ကိုဗစ်စစ်ဆေးချင်တာ၊ ဒါပေမဲ့လည်း ၅၀၀ အောက်ဆိုရင် အားလုံးစစ်မယ်။ ၁,၀၀၀နဲ့ အထက်ဆိုရင် ကျနော်တို့က ၁၀ ရာခိုင်နှုန်းနဲ့ အထက်ပေ့ါ၊ ဆိုတော့ ၁,၀၀၀ ဆို ၁၀၀ နဲ့ အထက် စစ်နိုင်သလောက် စစ်မှာပေါ့ ကျနော်တို့ အဲ့တော့ ကျနော်တို့ ၃၀၀ ဝန်ကျင်လောက် စစ်နိုင်တာပေါ့။ အဲ့တာကတော့ ကျနော်တို့ ဓာတ်ခွဲကျွမ်းကျင် ပညာရှင်နဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ယူရတာဖြစ်တယ်။ အဲ့လိုယူရတာဖြစ်တဲ့ အတွက် ကျနော်တို့က တစ်ဆိုင်းပေါ့။ ယူမယ်သူရယ်၊ သူ့ရဲ့ အကူ ကျွမ်းကျင်ဝန်ထမ်း တစ်ယောက်ရယ်။ နှစ်ယောက်တစ်တွဲ တစ်ဆိုင်းနဲ့ဆိုရင် ပုံမှန်အားဖြင့် တစ်နေ့ကို လူသုံးဆယ်ယူနိုင်တယ်ခင်ဗျ၊ သတ်မှတ်ချက်က ဒါပေမဲ့ ကျနော်တို့ လူ ၄၀၊ ၅၀ အထိယူပေးတယ်။ ယူပေးပြီးတော့ ကျနော်တို့ အဆိုင်း ၇ ဆိုင်းကနေ ၁၀ ဆိုင်းအထိ ကျနော်တို့ ထုတ်ပြီးတော့ ယူရတာပေါ့။ အကြမ်းဖျင်းနေ့အလိုက်ဆိုရင် လူ ၂၀၀၊ ၃၀၀ ဝန်ကျင်လောက် ကျနော်တို့ စစ်ဆေးတယ်။ အဲ့လို စစ်ဆေးတဲ့လူတွေကို ထားနိုင်ဖို့က သီးခြား ကျနော်တို့ Quarantine ထပ်လုပ်ရတာပေါ့။ စစ်ဆေးမှုကိုတော့ ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ တတ်နိုင်သမျှ တိုးပြီးတော့ စစ်နေတယ်။ အားလုံးကို စစ်နိုင်အောင် စစ်ဆေးနေတယ်လို့ တင်ပြချင်ပါတယ်။”

ရောဂါပိုးရှိမရှိစစ်ဆေးနိုင်ဖို့အတွက် Quarantine ဝင်နေကြသူတွေရဲ့ တို့ပတ်နမူနာတွေကို ရန်ကုန်မှာ ရှိတဲ့ အမျိုးသားကျန်းမာရေးဌာနကို ပေးပို့စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသူတွေရဲ့ အဖြေကို သီးသန့် အမည်တွေပြန်ခွဲရတာကြောင့် ၃ ရက်နေပြီးမှ သိရတယ်လို့ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

“တစ်ရက်စစ်တဲ့ဟာကို ပြီးပြီချင်း အဲ့နေည ရန်ကုန်ကို တို့ပတ်နမူနာ ရောက်အောင် ကျနော်တို့ ပို့ပါတယ်။ ပို့ပြီးတော့ နောက်တစ်နေ့မှာ စစ်ဆေးတာပေါ့ခင်ဗျ။ ပုံမှန်အားဖြင့် အားလုံးစစ်ဆေးနိုင်တယ်ဆိုရင် အဲ့နေ့ည စစ်ဆေးတဲ့ Result ထုတ်ပြန်တဲ့အချိန်မှာ ပါသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ညအိပ် သုံးရက်မြောက်နေ့ မနက်ကျမှ ဒီအဖြေကိုသိရတယ်။ ဘာလို့ သိရလဲဆို တော့ တစ်ဦးချင်း Result တွေကို နာမည်ပြန်တပ်ရတာကိုး။ တိုက်ပြီးတော့ အိုကေပြီဆိုမှ နှစ်ညအိပ် သုံးရက် ပြည့်တဲ့ အချိန်ကျမှ အဲ့လူတွေကို Quarantine ထဲကို ထည့်တာပေါ့။”

ပဲခူး၊ မကွေးစတဲ့ နေရာက လူတွေကိုတော့ သက်ဆိုင်ရာ မြို့နယ် ပြည်နယ်အလိုက် တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ တိုက်ရိုက် ပို့ပေးပြီး သူတို့ရဲ့ သက်ဆိုင်ရာ မြို့နယ်မှာမှ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးတာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ပြည်ပပြန်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးတာနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဒေါက်တာ သောင်းလှိုင်က VOA ကို ခုလို ပြောပြပါတယ်။

“ဒီကနေပြီးတော့ Facility Quarantine ကို ရောက်သွားပြီးလို့ရှိရင် ပထမ တစ်ပတ်ထားပြီးတော့ ဒုတိယပတ်က စပြီးတော့ ကြိုက်တဲ့ ရက်ကိုပေါ့နော်။ အဆင်ပြေတဲ့ ရက်ကို ကျနော်တို့ စစ်ပါတယ်။ တစ်ကြိမ်ပဲ စစ်ပါတော့မယ်။ ဟို အနီးကပ်တွေတဲ့လူ Positive ရှိလို့ ရှိရင်တော့ အနီးကပ်တွေတဲ့သူ အားလုံးကို ဒုတိယတစ်ကြိမ် ပြန်စစ်မယ်။ ပထမတုန်းကတော့ နှစ်ကြိမ်စစ်မယ်လို့ ဒို့တွေ သိထားခဲ့တယ်ပေါ့။ ဒါပေမဲ့ ခုတော့ နှစ်ကြိမ်မဟုတ်ဘဲ တစ်ကြိမ်ပဲ စစ်တော့မှာပါ။ အားလုံးကို စစ်ပါမယ်။”

ခု လက်ရှိမှာ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ဖို့ ရန်ကုန်မြို့မှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနနဲ့ ဆေးသုတေသန ဦးစီးဌာနတို့မှာ စစ်ဆေးပေးနေပါတယ်။ လာမယ့် ဇွန်လ ပထမပတ်လောက်ကနေစပြီး မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့တို့မှာလည်း ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်နိုင်တော့မယ်လို့ သိရပါတယ်။ COVID လူနာတွေထဲက ၆၂ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာ မပြဘဲ ပိုးရှိနေသူတွေ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရောဂါပိုး စတင်တွေ့ရှိရတဲ့ အချိန်ကစလို့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ဓာတ်ခွဲ နမူနာ စုစုပေါင်း ၂၁,၀၀၀ ကျာ်ကို စစ်ဆေးခဲ့ပြီး၊ မေလ ၂၇ ရက်နေ့တရက်တည်းမှာတော့ ဓါတ်ခွဲနမူနာပေါင်း ၁,၃၀၀ ကျော်ကို ထပ်မံစစ်ဆေးခဲ့ပါတယ်။

ခုလက်ရှိ ဒီကနေ့ညနေပိုင်းအထိစာရင်းအရ ဓါတ်ခွဲနမူနာယူပြီး စစ်ဆေးစမ်းသပ်တဲ့အထဲ မြန်မာမှာ ရောဂါပိုး တွေ့ရှိရသူ အရေအတွက်က ၂၀၆ ဦး ရှိနေပြီး၊ သေဆုံးသူ ၆ ဦးနဲ့ ကုသမှု ခံယူပြီး ရောဂါပိုး ကင်းစင်လာသူက ၁၂၆ ဦးရှိပါတယ်ရှင်။

XS
SM
MD
LG