သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် လူ သန်းပေါင်း ၂၆၀ ကျော် အစားအစာပြတ်မယ်လို့ WFP သတိပေး


WFP အကြီးအကဲ David Beasley
WFP အကြီးအကဲ David Beasley

[Zawgyi/Unicode]

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကြောင့် လူပေါင်း ၂၆၅ သန်းလောက် အစားအသောက် အလွန်အမင်း ရှားပါးမှုနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကသုံးသပ်ထားပါတယ်။

New York မြို့အခြေစိုက် Hunger Project အစီအစဉ် ပရဟိတအဖွဲ့ကလည်း ကမ္ဘာမှာ ဆာလောင်မှုကို ရေရှည်ကြုံနေကြရသူပေါင်းက သန်း ၈၂၀ လောက်ရှိနေတယ်လို့ ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာတဝန်း ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အစထဲက စားရေရိက္ခာ မလုံလောက်တဲ့ ပြဿနာကြီးဟာ ကပ်ရောဂါကြီးကြောင့် ပိုဆိုးစေပြီး လူ ကိုး ယောက်မှာ တစ် ယောက်ဟာ ဝဝလင်လင် မစားသောက်နိုင်ကြတဲ့ အခြေအနေဖြစ်နေတယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ ကျန်းမာရေးပြဿနာထက် ပိုဆိုးနေပြီး ဆာလောင်မွတ်သိပ်မှု ပြဿနာဟာ လူတဦးတယောက်ချင်းစီကို အကြီးအကျယ် ထိခိုက်နေတယ်လို့ Hunger Project အစီအစဉ်ပြောခွင့်ရ Sara Wilson ကပြောကြားပါတယ်။

လက်ရှိကမ္ဘာမှာ အစားအသောက်မလောက်ငှတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရသူ ၁၃၅ သန်းရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေးကို မြန်မြန်ဆန်ဆန် မလုပ်ရင် လူပေါင်း ၂၆၅ သန်းလောက် ပြဿနာကြုံကြရလိမ်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောထားပါတယ်။

WFP အကြီးအကဲ David Beasley
WFP အကြီးအကဲ David Beasley

လောလောဆယ် အငတ်ဘေးပြဿနာမရှိသေးပေမဲ့ လာမယ့်လပိုင်းတွေအတွင်း တော်တော်များများ အငတ်ဘေး ပြဿနာနဲ့ ရင်ဆိုင်ကြရနိုင်တယ်လို့ WFP အကြီးအကဲ David Beasley က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မကြာခင်ကပြောကြားခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အစားအသောက် စိုက်ပျိုး၊ ထုပ်ပိုး၊ တင်ပို့၊ ဖြန့်ဝေမှုပိုင်းအားလုံး ထိခိုက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG