သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္သူ ျပန္မ်ားလာ


ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕က လမ္းတခုမွာ ၀တ္စံုျပည့္၀တ္ၿပီး ပိုးသတ္ေဆးဖ်န္းေနတဲ့ ၀န္ထမ္း ႏွစ္ဦး။ (ဓာတ္ပံု ေမ၊ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိ္င္ငံမွာ ရက္ေပါင္း ၅၀ ေက်ာ္အတြင္း ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈေတြ အမ်ားဆုံးျပန္ေတြ႔ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားက ဒီကေန႔ ေျပာလိုက္ပါတယ္။ အခုလိုျဖစ္လာတဲ့အတြက္ ဗုိင္းရပ္စ္ကူးစက္မႈ ဘာေၾကာင့္ျပန္ျဖစ္လာသလဲဆုိတာ စုံစမ္းေဖာ္ထုတ္ဖို႔ ပိုခက္ခဲလာၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္ခြာခြာေနဖို႔ နဲ႔ တျခားလုပ္စရာရွိတာေတြကို လုပ္သြားဖို႔လိုတယ္လို႔ ေျပာလိုက္ပါတယ္။

ေတာင္ကိုရီးယားမွာ ဒီေန႔ ေနာက္ထပ္ဗုိင္းရပ္စ္ကူးစက္ခံရသူ ၇၉ ေယာက္ရွိၿပီး အဲဒီထဲက ၆၇ ေယာက္က ဆုိးလ္ၿမိဳ႕ေဒသတ၀ိုက္က ျဖစ္တယ္လို႔ ေတာင္ကိုရီးယားရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (KCDC) က ေျပာပါတယ္။

ေတာင္ကိုရီးယားအစိုးရ အေရးေပၚ အစည္းအေ၀းထုိင္ၿပီး ပန္းၿခံေတြ၊ ျပတုိက္ေတြ၊ အစိုးရပိုင္ ျပဇာတ္႐ုံေတြကို လာမယ့္ ႏွစ္ပတ္အတြင္း ပိတ္ဖို႔ ဆုံးျဖတ္လိုက္သလို ပုဂၢလိကစာသင္ေက်ာင္းေတြနဲ႔ ကြန္ပ်ဴတာ ဂိမ္းကစားတဲ့ေနရာေတြကို ပိတ္ဖို႔လည္း အၾကံျပဳထားပါတယ္။ လူေတြအေနနဲ႔ မလိုအပ္ဘဲ စုေ၀းတာေတြမလုပ္ၾကဖို႔ နဲ႔ ကုမၸဏီေတြအေနနဲ႔ ေနမေကာင္းတဲ့လူေတြကို အလုပ္မလာခုိင္းဖို႔ က်န္းမာေရး၀န္ႀကီးက ေျပာလိုက္ပါတယ္။

အိႏၵိယနုိင္ငံဘက္မွာလည္း ဒီကေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူ ၆,၅၀၀ ေက်ာ္ရွိတာေၾကာင့္ တေန႔ထဲမွာ ဗုိင္းရပ္စ္ကူးစက္မႈ အမ်ားဆုံး စံခ်ိန္တင္ခဲ့ပါတယ္။ အိႏၵိယအစိုးရက အခုသီတင္းပတ္ကုန္မွာ လမ္းညႊန္ခ်က္အသစ္ကို ထုတ္ျပန္ဖို႔ရွိေနခ်ိန္မွာ အခုလိုကူးစက္မႈေတြ စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး အိႏၵိယအစိုးရအေနနဲ႔ ဗုိင္းရပ္စ္ကူးစက္မႈ အဆုိးဆုံးျဖစ္ေနတဲ့ေနရာေတြမွာ တခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြကို ခြင့္ျပဳသြားမွာျဖစ္ေပမယ့္ လူေတြကို အျပင္မထြက္ဖို႔ အမိန္႔ကို ႏွစ္ လ ထပ္တုိးသြားဖြယ္ရွိေနပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ေသဆုံးသူ ၁၉၄ ေယာက္္ရွိတယ္လို႔လည္း ေျပာပါတယ္။ ဖိလစ္ပိုင္မွာေတာ့ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၅၃၉ ေယာက္နဲ႔ ေသဆုံးသူ ၁၇ ေယာက္ ထပ္ရွိခဲ့တယ္လို႔ ဖိလစ္ပိုင္ က်န္းမာေရးတာ၀န္ရွိသူေတြက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္သူ ျပန္မ်ားလာ
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားမှာ COVID-19 ကူးစက်သူ ပြန်များလာ

တောင်ကိုရီးယားနိုင်ငံမှာ ရက်ပေါင်း ၅၀ ကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အများဆုံးပြန်တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ဒီကနေ့ ပြောလိုက်ပါတယ်။ အခုလိုဖြစ်လာတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှု ဘာကြောင့်ပြန်ဖြစ်လာသလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ ပိုခက်ခဲလာပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ နဲ့ တခြားလုပ်စရာရှိတာတွေကို လုပ်သွားဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။

တောင်ကိုရီးယားမှာ ဒီနေ့ နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉ ယောက်ရှိပြီး အဲဒီထဲက ၆၇ ယောက်က ဆိုးလ်မြို့ဒေသတဝိုက်က ဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (KCDC) က ပြောပါတယ်။

တောင်ကိုရီးယားအစိုးရ အရေးပေါ် အစည်းအဝေးထိုင်ပြီး ပန်းခြံတွေ၊ ပြတိုက်တွေ၊ အစိုးရပိုင် ပြဇာတ်ရုံတွေကို လာမယ့် နှစ်ပတ်အတွင်း ပိတ်ဖို့ ဆုံးဖြတ်လိုက်သလို ပုဂ္ဂလိကစာသင်ကျောင်းတွေနဲ့ ကွန်ပျူတာ ဂိမ်းကစားတဲ့နေရာတွေကို ပိတ်ဖို့လည်း အကြံပြုထားပါတယ်။ လူတွေအနေနဲ့ မလိုအပ်ဘဲ စုဝေးတာတွေမလုပ်ကြဖို့ နဲ့ ကုမ္ပဏီတွေအနေနဲ့ နေမကောင်းတဲ့လူတွေကို အလုပ်မလာခိုင်းဖို့ ကျန်းမာရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံဘက်မှာလည်း ဒီကနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူ ၆,၅၀၀ ကျော်ရှိတာကြောင့် တနေ့ထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံး စံချိန်တင်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက အခုသီတင်းပတ်ကုန်မှာ လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ဖို့ရှိနေချိန်မှာ အခုလိုကူးစက်မှုတွေ စံချိန်တင်ခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့နေရာတွေမှာ တချို့စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုသွားမှာဖြစ်ပေမယ့် လူတွေကို အပြင်မထွက်ဖို့ အမိန့်ကို နှစ် လ ထပ်တိုးသွားဖွယ်ရှိနေပါတယ်။

ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁၉၄ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။ ဖိလစ်ပိုင်မှာတော့ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၅၃၉ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက် ထပ်ရှိခဲ့တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG