သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်မှုများနေတဲ့ ထိုင်း-မလေးရှားနယ်စပ် ပိတ်ထားပြီ


ထိုင်း - မလေးနယ်စပ်က Padang Besa နယ်စပ်ဂိတ်
ထိုင်း - မလေးနယ်စပ်က Padang Besa နယ်စပ်ဂိတ်

[Zawgyi/Unicode]

ထိုင်း - မလေးရှားနယ်စပ်မှာ နယ်စပ်ကူးဝင်လာသူတွေဆီကနေ COVID-19 ရောဂါပိုးတွေ့ရှိမှုတွေ တွေ့လာရတာကြောင့် ထိုင်း - မလေးနယ်စပ် Padang Besa ဂိတ်ကို မေလ ၂၈ ရက်နေ့စပြီး အရေးပေါ်ပိတ်လိုက်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ဒီနယ်စပ်ဂိတ်ဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမား အထူးသဖြင့် မြန်မာအလုပ်သမားတွေ အကူးအလူး အသွားအလာများတဲ့နေရာတခု ဖြစ်ပါတယ်။ ထိုင်းအစိုးရ COVID-19 ကပ်ရောဂါပိုး ထိမ်းချုပ်ရေး စင်တာရဲ့သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်အရ ဆော်ဒေအာရဗျ နိုင်ငံ သွားရောက်ခဲ့တဲ့ ထိုင်းကျောင်းသားတွေဟာ မလေးရှားနိုင်ငံကတဆင့် ထိုင်းကို ပြန်ဝင်လာကြစဉ် Padang Besa နယ်ခြားစစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးဆေးစစ်တဲ့အခါ ထိုင်း ကျောင်းသား ခြောက် ဦး COVID-19 ရောဂါပိုးကူးဆက်နေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလာတူးပဲ အဲဒီ နယ်စပ်ဂိတ်ရှိတဲ့ ဆုံခလာခရိုင်တွင်းက လဝကထိမ်းသိမ်းရေး စင်တာမှာလည်း မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားတွေထဲမှာ ကိုဗစ်ရောဂါပိုးတွေ တွေ့ရှိထားပါတယ်။ ထိုင်းမလေးနယ်စပ်မှာ အခုလို ဆက်တိုက်ဆိုသလို ကိုဗစ်ရောဂါပိုးကူးစက်သူတွေ ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေး ဌာနက ထုတ်ပြန်အပြီးမှာ စုန်ခလာခရိုင် မြို့ပိုင် Charuwat Kliengklao က Padang Besa နယ်စပ်ဂိတ် ပိတ်လိုက်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ထိုင်း - မလေးနယ်စပ်ဂိတ်ပိတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဆုံခလာခရိုင်ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက အခုလိုပြောပါတယ်။

"Padang Besa ပဒန်ပဆားဂိတ်နဲ့ ကျန်တဲ့ဂိတ်တွေက မလေးရှားနဲ့ ထိုင်းဘက်က အဝင်အထွက်တွေ ခိုးဝင်တာတွေ အများဆုံးဖြစ်နေတဲ့နေရာတွေ ဖြစ်တယ်။ ကိုဗစ် စစချင်းဖြစ်တာလည်း ဒါန်နော့အချုပ်ကြီးမှာပဲ အစိုးရဝန်ထမ်းတွေရယ်၊ နိုင်ငံခြားအလုပ်သမားတွေ ကိုဗစ်ဖြစ်တာ အများကြီးပဲ လူဦးရေ ၆၀ ကျော်ဖြစ်တယ်။ ဒါန်နော့အချုပ်ကြီးမှာပေါ့။ ဒါန်နော့အချုပ်ဆိုတာကတော့ လဝကအချုပ်အကြီးဆုံးပေါ့။ ဆုံခလာမှာ ဖမ်းသည်ဖြစ်စေ၊ ဟတ်ရိုင်မှာဖမ်းသည်ဖြစ်စေ၊ စဒေါင်မှာ ဖမ်းသည်ဖြစ်စေ နိုင်ငံခြားသားအလုပ်သမားအားလုံးကို ချုပ်ထားတဲ့ လဝကအချုပ်အကြီးဆုံးပေါ့။"

ဒီနယ်စပ်ဂိတ်ကို အခြေအနေ တည်ငြိမ်တဲ့အထိ ပိတ်ထားမှာဖြစ်ပြီး ဘယ်လောက်ကြာ ပိတ်ထားမယ်ဆိုတာ မသိရသေးပါဘူး။ မလေးကနေ ထိုင်းကိုဝင်လာမယ့် ထိုင်းနဲ ့နိုင်ငံခြားသားတွေအနေနဲ့ Sadao border checkpoint စဒေါင်နယ်ခြားဂိတ်ကိုတော့ ဆက်ဖွင့်ပေးထားမယ်လို့ ဆိုပါတယ်။

ထိုင်းဘက်က နယ်စပ်ဂိတ် ပိတ်လိုက်တာနဲ့အတူ မလေးရှားနိုင်ငံဆိုင်ရာ သတင်းတွေမှာတော့ မလေးရှားနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Azman Mohd Yusof ကတာ့ ထိုင်းနဲ့ ထိစပ်နေတဲ့ Padang Besa နယ်ခြားဂိတ်မှာ တာဝန်ကျနေကြတဲ့လဝက နဲ့ လုံခြုံရေး ဝန်ထမ်း ၃၄ ဦးကိုလည်း ဆေးစစ်မှုတွေ ပြုလုပ်ပြီး သီးခြားစောင့်ကြည့်ရေးစခန်း တခုမှာထားဖို့ ညွှန်ကြားထားပါတယ်။

COVID-19 ကူးစက်မှုများနေတဲ့ ထိုင်း-မလေးရှားနယ်စပ် ပိတ်ထားပြီ
please wait

No media source currently available

0:00 0:02:59 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG