သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေမွာင္ခုိေတြေငြေပးၿပီး ထိုင္းႏုိင္ငံထဲခုိးဝင္သူ ျမန္မာႏုိင္ငံသား ၃၀ ေက်ာ္ အဖမ္းခံရ


ထိုင္းႏုိင္ငံထဲ တရားမ၀င္ ခုိးဝင္တာေၾကာင့္ ဖမ္းခံရတဲ့ ျမန္မာႏုိင္ငံသား တခ်ိဳ႕။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံသား ၃၀ ေက်ာ္ဟာ လူေမွာင္ခိုပဲြစားနဲ႔ နယ္စပ္က တရားမ၀င္နည္းနဲ႔ ထိုင္းႏိုင္ငံကို တရားမ၀င္ ၀င္ေရာက္လာတဲ့အတြက္ ထိုင္းႏိုင္ငံရဲ႕ COVID-19 အေရးေပၚဥပေဒနဲ႔ အေရးယူခံရဖို႔ရိွတဲ့ အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလမွာ ထုိင္းႏို္င္ငံထဲက အ၀င္အထြက္လမ္းေတြကို ပိတ္ဆို႔ကန္႔သတ္ထားခ်ိန္မွာ ေမလ၂၆ ရက္ေန ့ညက ထိုင္းနိုင္ငံသား လူေမွာင္ခို ပြဲစားေတြဟာ ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နပူရီခရိုင္ ေဟြ႔ကုတ္ ေက်းရြာအနီး နယ္စပ္လမ္းကေန ျမန္မာနိုင္ငံသားေတြကို ကား သံုးစီးနဲ ့ တင္ေဆာင္လာတာပါ။

ဒီအခ်ိန္မွာ နယ္စပ္တခုနဲ႔ တခု ပိတ္ဆို႔ကန္႔သတ္ထားခ်ိန္ျဖစ္လို႔ ထိုင္းနယ္ျခားေစာင့္နဲ႔ ထိုင္းရဲတပ္ဖဲြ႔တို႔က လူကုန္ကူးမႈသတင္းအရ လမ္းေတြကို ပိတ္ဆို ့ဖမ္းဆီးနိုင္ခဲ့တာျဖစ္ေၾကာင္း စံခလဘူရီ ရဲမွဴး Suphawatchara က ေျပာပါတယ္။

အခုလို ဖမ္းဆီးမႈအေပၚ ျမန္မာအလုပ္သမားေတြနဲ႔ ပတ္သက္လုိ႔ အာဏာပုိင္ေတြကုိ ဘာသာျပန္အျဖစ္ အကူညီေပးေနတဲ့ ဦးစိုင္းေအးက ဗီြအိုေအကို အခုလို ေျပာျပပါတယ္။

"COVID-19 ေၾကာင့္ေပါ့ေနာ္။ သူတို႔က ျပန္မရ၊ တံတားေတြလည္း ပိတ္ထားေတာ့ ဒီကေန႔ ျပန္သြားတယ္။ ျပီးေတာ့ ျပန္ျပီးခိုး၀င္လာတာေပါ့။ ဘုရားသံုးဆူဘက္ကေန ကူးျပီးေမာ္လျမိဳင္ဘက္ကုိ သြားတယ္။ ေမာ္လျမိဳင္ကေန ျပန္လာျပီးေတာ့ ဘုရားသံုးဆူကေန ျဖတ္ျပီးရာတ္ဘူရီကုိျပန္၀င္မွာ အဲဒီလမ္းမွာက ေရာဂါပိုးစစ္ေဆးတဲ့ သူေတြရွိတယ္၊ စစ္သားေတြရွိတယ္၊ ရဲေတြရွိတယ္။ မင္းတို ့ဘယ္ကို သြားတာလည္းဆုိေတာ့ ေမာ္လျမိဳင္ထိ သြားတယ္ ေျပာေတာ့ ျပႆနာေတြ တက္တယ္။ ျပန္ျပီးခိုး၀င္လာတယ္ေပါ့။"

နယ္ေျမေတြကို ပိတ္ဆုိ႔ကန္႔သတ္ထားျပီး ျမန္မာႏိုင္ငံဘက္က ၀င္လာသူေတြကုိ ကန္႔သတ္ထားခ်ိန္မွာ ထိုင္းလံုၿခံဳေရးအာဏာပိုင္ေတြက စစ္ေဆးဂိတ္ေတြခ်ျပီး စစ္ေဆးဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ဒီထဲမွာကားသံုးစီးနဲ႔အတူ တရားမ၀င္ျမန္မာႏို္င္ငံသားေတြကုိေရာ၊ ျပန္ျပီးခိုး၀င္လာသူေတြကုိေရာကုိ အခေၾကးေငြယူျပီး သယ္ေဆာင္လာတဲ့ ထိုင္းနိုင္ငံသား သံုးဦး နဲ ့ ျမန္မာနိုင္ငံသား ၃၅ ဦး ကို ဖမ္းဆီးနိုင္ခဲ့တာျဖစ္ပါတယ္။

ထိုင္းနိုင္ငံသား လူေမွာင္ခိုပြဲစားေတြဟာ ျမန္မာနိုင္ငံသားေတြကို ထိုင္းနိုင္ငံအတြင္းက Ratchaburi, Prachuap Khiri Khan နဲ ့Suphan Buri ခရိုင္ေတြမွာ အလုပ္သြင္းေပးဖို႔ တစ္ဦးကို ဘတ္ေငြ ၅,၀၀၀နဲ ့ လက္ခံယူျပီး ထိုင္းနိုင္ငံအတြင္း ေခၚေဆာင္လာခဲ့တာပါ။

တခ်ိဳ႕လည္း နိုင္ငံကူးစာအုပ္ေတြ ရွိေနတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ နယ္စပ္လမ္းေတြက တရားမ၀င္နည္းနဲ႔ ျမန္မာႏိုင္ငံကုိ ျပန္သြားၾကျပီး တရားမ၀င္နည္းနဲ႔ ျပန္လာၾကတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ယခုဖမ္းဆီးခံရတဲ့ ျမန္မာနိုင္ငံသားေတြနဲ ့ထိုင္းနိုင္ငံသား လူပြဲစားေတြကို COVID-19 ကာလ အေရးေပၚ ဥပေဒအရ ဆက္လက္အေရးယူသြားမယ္လို ့ထိုင္းနိုင္ငံ စံခလဘူရီ ရဲတပ္ဖြဲ ့ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူမှောင်ခိုတွေငွေပေးပြီး ထိုင်းနိုင်ငံထဲခိုးဝင်သူ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံရ

မြန်မာနိုင်ငံသား ၃၀ ကျော်ဟာ လူမှောင်ခိုပွဲစားနဲ့ နယ်စပ်က တရားမဝင်နည်းနဲ့ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ COVID-19 အရေးပေါ်ဥပဒေနဲ့ အရေးယူခံရဖို့ရှိတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံထဲက အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ကန့်သတ်ထားချိန်မှာ မေလ၂၆ ရက်နေ့ညက ထိုင်းနိုင်ငံသား လူမှောင်ခို ပွဲစားတွေဟာ ထိုင်းမြန်မာနယ်စပ် ကမ်ချနပူရီခရိုင် ဟွေ့ကုတ် ကျေးရွာအနီး နယ်စပ်လမ်းကနေ မြန်မာနိုင်ငံသားတွေကို ကား သုံးစီးနဲ့ တင်ဆောင်လာတာပါ။

ဒီအချိန်မှာ နယ်စပ်တခုနဲ့ တခု ပိတ်ဆို႔ကန့်သတ်ထားချိန်ဖြစ်လို့ ထိုင်းနယ်ခြားစောင့်နဲ့ ထိုင်းရဲတပ်ဖွဲ့တို့က လူကုန်ကူးမှုသတင်းအရ လမ်းတွေကို ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း စံခလဘူရီ ရဲမှူး Suphawatchara က ပြောပါတယ်။

အခုလို ဖမ်းဆီးမှုအပေါ် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေကို ဘာသာပြန်အဖြစ် အကူညီပေးနေတဲ့ ဦးစိုင်းအေးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"COVID-19 ကြောင့်ပေါ့နော်။ သူတို့က ပြန်မရ၊ တံတားတွေလည်း ပိတ်ထားတော့ ဒီကနေ့ ပြန်သွားတယ်။ ပြီးတော့ ပြန်ပြီးခိုးဝင်လာတာပေါ့။ ဘုရားသုံးဆူဘက်ကနေ ကူးပြီးမော်လမြိုင်ဘက်ကို သွားတယ်။ မော်လမြိုင်ကနေ ပြန်လာပြီးတော့ ဘုရားသုံးဆူကနေ ဖြတ်ပြီးရာတ်ဘူရီကိုပြန်ဝင်မှာ အဲဒီလမ်းမှာက ရောဂါပိုးစစ်ဆေးတဲ့ သူတွေရှိတယ်၊ စစ်သားတွေရှိတယ်၊ ရဲတွေရှိတယ်။ မင်းတို့ဘယ်ကို သွားတာလည်းဆိုတော့ မော်လမြိုင်ထိ သွားတယ် ပြောတော့ ပြဿနာတွေ တက်တယ်။ ပြန်ပြီးခိုးဝင်လာတယ်ပေါ့။"

နယ်မြေတွေကို ပိတ်ဆို႔ကန့်သတ်ထားပြီး မြန်မာနိုင်ငံဘက်က ဝင်လာသူတွေကို ကန့်သတ်ထားချိန်မှာ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက စစ်ဆေးဂိတ်တွေချပြီး စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာကားသုံးစီးနဲ့အတူ တရားမဝင်မြန်မာနိုင်ငံသားတွေကိုရော၊ ပြန်ပြီးခိုးဝင်လာသူတွေကိုရောကို အခကြေးငွေယူပြီး သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား သုံးဦး နဲ့ မြန်မာနိုင်ငံသား ၃၅ ဦး ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား လူမှောင်ခိုပွဲစားတွေဟာ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်းက Ratchaburi, Prachuap Khiri Khan နဲ့ Suphan Buri ခရိုင်တွေမှာ အလုပ်သွင်းပေးဖို့ တစ်ဦးကို ဘတ်ငွေ ၅,၀၀၀နဲ့ လက်ခံယူပြီး ထိုင်းနိုင်ငံအတွင်း ခေါ်ဆောင်လာခဲ့တာပါ။

တချို့လည်း နိုင်ငံကူးစာအုပ်တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ နယ်စပ်လမ်းတွေက တရားမဝင်နည်းနဲ့ မြန်မာနိုင်ငံကို ပြန်သွားကြပြီး တရားမဝင်နည်းနဲ့ ပြန်လာကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယခုဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ထိုင်းနိုင်ငံသား လူပွဲစားတွေကို COVID-19 ကာလ အရေးပေါ် ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ထိုင်းနိုင်ငံ စံခလဘူရီ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG