(Zawgyi/Unicode)
ရန္ကုန္ၿမိဳ႕တြင္း အထူးသျဖင့္ ဖ်ားနာလူနာေတြကို ဦးစားေပးကုသေပးေနတဲ့ Community Fever Clinic Fever Corners ေတြမွာ အလိုအေလ်ာက္ေျဖၾကားေပးမယ့္ AI (Artificial Intelligence) စနစ္ကိုသံုးၿပီး က်န္းမာေရး ဝန္ေဆာင္မႈေပးေတာ့မယ့္ အေၾကာင္း မဆုမြန္ တင္ျပေပးမွာပါ။
ျမန္မာႏုိင္ငံတဝန္း COVID-19 ကမာၻ႔ကပ္ေရာဂါပိုးေတြ႔ရွိသူ၂၀၇ ဦးအနက္ ရန္ကုန္တိုင္းမွာ အမ်ားဆံုး ေသာၾကာေန႔ ညပိုင္းအထိ ေနာက္ဆံုးေတြ႔ရွိထားတာျဖစ္ပါတယ္။ ဒီလို COVID-19 ကပ္ေရာဂါကာလ ရပ္ကြက္ၿမိဳ႕နယ္ေတြထဲ ေဆးခန္းေတြလည္း ေခတၱပိတ္ထားၾကခ်ိန္ မက်န္းမမာျဖစ္ေနသူေတြအတြက္ ေစတနာ့ဝန္ထမ္း အထူးကုဆရာဝန္ႀကီးေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဦးေဆာင္ၿပီး အခမဲ့ Fever Clinic ေဆးခန္းေတြဖြင့္လွစ္ကုသေပးေနတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕တဝန္း ၿမိဳ႕သစ္ေတြမွာပါ ေဆးခန္း၂၀ အထိ တိုးခ်ဲ႕ဖြင့္လွစ္လာေနၿပီး ေဆးရံုေတြနဲ႔ပါ ခ်ိတ္ဆက္ကုသေပးေနၿပီျဖစ္ပါတယ္။
COVID-19 ကပ္ေရာဂါၾကီး လံုးဝကင္းရွင္းသြားတဲ့အထိ ေဆးကုသေစာင့္ေရွာက္ေပးဖို႔ ရည္ရြယ္ထားတဲ့ Community Fever Clinic Fever Corners ေတြမွာ က်မ္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ေဆးကုသေပးေနသလို မၾကာခင္မွာလည္း Facebook Messenger Chat ကေန AI (Artificial Intelligence) စနစ္ကိုသံုးၿပီး က်န္းမာေရး ဝန္ေဆာင္မႈေပးေတာ့မယ့္အေၾကာင္း Community Fever Clinic Network ရဲ႕ ၾကီးၾကပ္ေရးအဖြဲ႔ဝင္ ရန္ကုန္တိုင္း တာေမြၿမိဳ႕နယ္ Community Fever Clinic တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။
“ ဟုတ္ပါတယ္ က်ေနာ္တို႔ေတြက ျပည္သူလူထု ပိုၿပီးေတာ့ Awareness က်န္းမာေရး အသိပို သိလာေအာင္ ဒီ Facebookကေန အဓိက ေမးခြန္းေလးေတြေျဖေအာင္ လာျပခ်င္စိတ္ျဖစ္ေအာင္ မတ္ေဆ့ Information ေတြေပးတာေပါ့ေလ သတင္းစကားပါးတာပါ။ အခု က်ေနာ္တို႔ကAuto Robot AI (Artificial Intelligence) စနစ္ကို ထည့္ထားတယ္။ က်ေနာ္တို႔မွာ စပြန္ဆာေပး ထားတဲ့ပညာရွင္ အဖြဲ႔ေတြရွိတယ္ ျမန္မာ ပရိုဂရမ္ေရးေပးတဲ့သူေတြလည္းရွိတယ္။ တခါတေလ အလိုအေလ်ာက္ မေျဖႏုိင္တာမ်ိဳးဆိုManual က်ေနာ္တို႔ လူကိုယ္တုိင္ေျဖေပးတာလည္းရွိပါတယ္။ အဓိကကေတာ့ ေျဖတဲ့သူဘက္က အခ်က္အလက္ အမွန္ေျဖေပးဖို႔ လိုတယ္ ဒါမွလည္းResult ရလဒ္အမွန္ရမွာပါ။ အဲ့အေပၚမွာမူတည္ၿပီး ေဆးခန္းသြားျပဖို႔လိုအပ္ပါသည္ မလိုရင္လည္းမလိုဘူးေပါ့ လိုတယ္ဆိုရင္ ေနထိုင္တဲ့ေနရာ ဆက္သြယ္ရမယ့္ ဆရာဝန္ ဖုန္းနံပတ္ေပးၿပီးေတာ့ တိုင္ပင္ေဆြးေႏြး တကယ္လို႔ လိုအပ္ရင္ ေဆးရံုကိုပဲ တန္းသြားခုိင္းတဲ့ အဆင့္ေရာက္ရင္လည္း သြားေပါ့ေလ အဲ့လိုမ်ိဳး ဆရာဝန္နဲ႔လူနာ တုိက္ရိုက္ဆက္သြယ္ႏုိင္မယ့္Communication ပိုင္းကိုလည္း စီစဥ္ထားပါတယ္ ေဖ့စ္ဘြတ္ခ္ကေနတဆင့္ေလ။”
အဓိက COVID-19 ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈေတြရွိလာခ်ိန္ ကိုဗစ္သံသယေရာဂါလကၡဏာရွိတဲ့ ဖ်ားနာလူနာေတြကို ဦးစားေပးကုသေပးေနတာျဖစ္လို႔ လူနာေတြနဲ႔ ေဆးခန္းၾကား ကိုယ္တုိင္လာစရာမလိုပဲ တိုက္ရိုက္ေမးျမန္းႏုိင္ၿပီး ပိုၿပီးေတာ့မွ အခ်ိန္ကုန္ျမန္ထိေရာက္တဲ့ အြန္လိုင္းဝန္ေဆာင္မႈေတြေပးႏိုင္ေအာင္ ၾကိဳးပမ္းေဆာင္ရြက္ေနၾကတာျဖစ္တယ္လို႔လည္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္က တာဝန္ခံေဒါက္တာကိုကိုေထြးကေျပာျပပါတယ္။
“ ျပည္သူလူထုကFever Clinic ကိုေၾကာက္ေနၾကလို႔ပါ ဖ်ားလို႔ လာျပရင္ တခါတည္း ႏွာေခါင္းတို႔ဖတ္ယူ ေဆးရံုမ်ား တန္းပို႔မလားေပါ့သူတို႔မွာ ကိုဗစ္ ၁၉ ျဖစ္ေနၿပီ တန္းေျပာမလားေပါ့ အဲ့သလို ျပည္သူလူထုရဲ႕စိုးရိမ္မႈကို ေလ်ာ့ခ်ဖို႔အတြက္ေပါ့ အခု က်ေနာ္တို႔Facebook Team နဲ႔ခ်ိတ္ၿပီးေတာ့ အလိုအေလ်ာက္ေျဖေပးမယ့္ဟာေလးေတြ လုပ္ထားတာပါ။ ေနာက္ နီးစပ္ရာေဆးခန္းေတြ ကိုလည္း ေမးၾကတဲ့သူမ်ားေတာ့ က်ေနာ္တို႔Fever Clinic Page မွာ သြားၿပီးေတာ့ ကိုယ္နဲ႔နီးစပ္ရာေဆးခန္းကိုလႊဲေပး ေနာက္ သူတို႔မွာ ဖ်ားေနလား ေခ်ာင္းဆိုးေနလား သီတင္းႏွစ္ပတ္အတြင္းမွာဖ်ားနာသူနဲ႔ထိေတြ႔ထားတာလား လည္ေခ်ာင္းနာတာမ်ိဳးရွိလား ဝမ္းသြားလား အစားအေသာက္အနံ႔မရဘူးလား စသျဖင့္Chat Boxမွာရွိမယ္ အဲ့တာေလးေတြ ေျဖေပး -အေမးအေျဖေလးေတြေပး ေဆးခန္းသြားဖို႔ လိုအပ္လာၿပီဆိုရင္ ေဆးခန္းတည္ေနရာ လိပ္စာေပးၿပီး လာခိုင္းပါတယ္။”
အခုဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕တြင္းသာမက ၿမိဳ႕သစ္ေတြအထိ လူဦးေရထူထပ္ၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈအထူးလိုအပ္တဲ့ေနရာေတြမွာ အခုလို ဖ်ားနာလူနာေတြကို အဓိက ဦးစားေပးကုႏုိင္တဲ့အတြက္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးမွာ သက္ေရာက္မႈမ်ားစြာရွိသလို လူထုတြင္း ကူးစက္မႈနည္းႏုိင္သမွ်နည္းေအာင္ အခမဲ့ Fever Clinic ေဆးခန္းေတြဖြင့္လွစ္ထားၿပီး ကိုဗစ္သံသယရွိသူေတြအေနနဲ႔ အေရးေပၚ စစ္ေဆးမႈေတြနဲ႔ ေဆးကုသမႈေတြ လိုအပ္ရင္ ေဆးရံုတက္ကုသနုိင္ေအာင္ ဝန္ေဆာင္မႈေပးေနတယ္လို႔ ေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။
“ ေလာေလာဆယ္ ကိုဗစ္ကာလ ေတာက္ေလ်ာက္ဖြင့္ဖို႔ ရည္ရြယ္ထား ပါတယ္။အခုေတာ့နက္ဂတစ္ျပတာမ်ားလာတယ္ Local Transmissionျပည္တြင္း ကူးစက္မႈက ေတာက္ေလ်ာက္ဆိုသလို ၁၀ရက္ဆက္တုိက္ မရွိဘူး ဒါေပမဲ့Over Sea ကလာတဲ့ သူေတြQuarantine စင္တာကေနပဲေတြ႔တာရွိတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ေတြဘက္က ႏွစ္ပတ္ေလာက္သတိထားေစာင့္ၾကည့္ပါမယ္ေလာေလာဆယ္ ေနာက္ပိုင္းမွာ မိုးတြင္းကလာၿပီ ရာသီတုတ္ေကြးကလည္း ဖ်ားတဲ့လူနာမ်ားေတာ့ ရာသီတုပ္ေကြးနဲ႔ကိုဗစ္ကိုျပန္ခြဲရ မယ့္အေနအထားျဖစ္လာတယ္။ အခုဆိုရင္ ရန္ကုန္မွာFever Clinic၂၀ေလာက္ ဖြင့္ၿပီးပါၿပီ။ က်ေနာ္တို႔က ေၾကာက္တာက အိမ္မွာ ႀကိတ္ၿပီးကုေနမွာေၾကာက္တာပါ။Fever Clinic ေတြကိုလာျပပါ ၿမိဳ႕နယ္က်န္းမာေရးေဒသႏၱရေဆးခန္းေတြကိုလည္း လာျပပါ။ အဓိက ကိုဗစ္သံသယလူနာကိုပဲ က်ေနာ္တို႔သက္ဆိုင္ရာေဆးရံုကို လႊဲေပးပါတယ္။ ေနာက္တခုကFever Clinic ေတြမွာပိုးမကူးေအာင္လည္း က်န္းမာေရးဝန္ၾကီးဌာနက ခ်မွတ္ထားတဲ့စံခ်ိန္စံညႊန္းနဲ႔အညီ ျပဳလုပ္ထားပါတယ္။ဒါေၾကာင့္ ေဆးခန္းေတြကိုေတာ့ မပိတ္ေသးပါဘူး။”
အခမဲ့က်န္းမာေရးေဆးဝါးကုသမႈေတြ ဝန္ေဆာင္မႈေပးေနတဲ့ Fever Clinic ေတြ ၿမိဳ႕နယ္အေတာ္ေတာ္မ်ားမ်ားရွိေနၿပီျဖစ္တဲ့အတြက္ ျပည္သူလူထုအေနနဲ႔ ေဆးျမီးတိုေတြနဲ႔ကုသေနတာကိုလည္း သတိထားေရွာင္က်ဥ္ၾကဖို႔ အထူးသတိေပးလိုပါတယ္လို႔ ေဒါက္တာကိုကိုေထြးကအၾကံေပးပါတယ္။
“ အဓိက ဖ်ားရင္ မေၾကာက္ပါနဲ႔ အိမ္မွာၾကိတ္ၿပီး မကုပါနဲ႔ နီးစပ္ရာေဆးဆိုင္ေတြကေန စပ္-ေဆးေတြ ဝယ္မေသာက္ပါနဲ႔ က်ေနာ္တို႔ဆီကသာ လာခဲ့ပါ။က်ေနာ္တို႔ လိုအပ္တဲ့ေဆးဝါးေတြကိုလည္း အခမဲ့ေပးေနပါတယ္။ က်ေနာ္တို႔ ေဆးကုေပးၿပီးရင္လည္း ေနာက္ထပ္လိုအပ္ရင္ Followup ထပ္ၾကည့္ေပးပါတယ္။ ေဆးခန္းမွာ သမားေတာ္ေတြကိုယ္တုိင္ အခမဲ့ Free ၾကည့္ေပးေနတာပါ။ အခုက ဖ်ားရင္နာရင္ နီးစပ္ရာ စပ္ေဆးဆိုင္ေတြမွာ ေဆးေတြဝယ္ေသာက္ေနၾကတာမ်ားတယ္ အခုက ဖ်ားတယ္နာတယ္ဆို တခါတည္း ထုပ္ထားၿပီးသား အထုပ္ေလးေတြေပးလိုက္တာ အဲ့စပ္ေဆးေတြထဲမွာ ပိုးသတ္ေဆးအျပင္းေတြကိုပါတာ အဓိကေျပာခ်င္တာ စပ္ေဆးေတြ လံုးဝဝယ္မေသာက္ၾကဖို႔ပါ Awareness ေပးဖို႔အဓိက လိုအပ္ေနတယ္ ျမန္မာႏိုင္ငံမွာ အဲ့တာတခုက ေတာ္ေတာ္ေလးလိုအပ္တယ္။”
အခုဆိုရင္ေတာ့ Fever Clinic ေတြအမ်ားစုက တနလၤာကေနေသာၾကာအထိဖြင့္လွစ္ေပးေနသလို တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ပိတ္ရက္မရွိ ေန႔စဥ္ဖြင့္လွစ္ေပးေနပါတယ္။ ျပည္သူလူထုအေနနဲ႔ အထူးသျဖင့္ ကိုယ္ပူ မက်န္းမာဖ်ားနာလာလို႔ က်န္းမာေရးအကူအညီ အေရးေပၚလိုအပ္လာရင္ Fever Clinic ေတြမွာ လာၿပီး ကုသၾကဖို႔ ပရဟိတဆရာဝန္ေတြေဆးပညာရွင္ေတြက တိုက္တြန္းသလို ေစတနာ့ဝန္ထမ္းလုပ္ဖို႔ ဆႏၵရွိတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ လုပ္အားဒါနေပးလိုသူေတြအေနနဲ႔ ဆက္သြယ္ၾကဖို႔လည္း ဦးေဆာင္လႈပ္ရွားေနတဲ့ ဆရာဝန္ေတြကေမတၱာရပ္ခံႏိုးေဆာ္ေနပါတယ္။
................
Fever Clinic က မေးခွန်းတွေကို အွန်လိုင်းကအလိုအလျောက် ဖြေကြားပေးမည်
(Unicode)
ရန်ကုန်မြို့တွင်း အထူးသဖြင့် ဖျားနာလူနာတွေကို ဦးစားပေးကုသပေးနေတဲ့ Community Fever Clinic Fever Corners တွေမှာ အလိုအလျောက်ဖြေကြားပေးမယ့် AI (Artificial Intelligence) စနစ်ကိုသုံးပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးတော့မယ့် အကြောင်း မဆုမွန် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံတဝန်း COVID-19 ကမ္ဘာ့ကပ်ရောဂါပိုးတွေ့ရှိသူ၂၀၇ ဦးအနက် ရန်ကုန်တိုင်းမှာ အများဆုံး သောကြာနေ့ ညပိုင်းအထိ နောက်ဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။ ဒီလို COVID-19 ကပ်ရောဂါကာလ ရပ်ကွက်မြို့နယ်တွေထဲ ဆေးခန်းတွေလည်း ခေတ္တပိတ်ထားကြချိန် မကျန်းမမာဖြစ်နေသူတွေအတွက် စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီး အခမဲ့ Fever Clinic ဆေးခန်းတွေဖွင့်လှစ်ကုသပေးနေတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ရန်ကုန်မြို့တဝန်း မြို့သစ်တွေမှာပါ ဆေးခန်း၂၀ အထိ တိုးချဲ့ဖွင့်လှစ်လာနေပြီး ဆေးရုံတွေနဲ့ပါ ချိတ်ဆက်ကုသပေးနေပြီဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကြီး လုံးဝကင်းရှင်းသွားတဲ့အထိ ဆေးကုသစောင့်ရှောက်ပေးဖို့ ရည်ရွယ်ထားတဲ့ Community Fever Clinic Fever Corners တွေမှာ ကျမ်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆေးကုသပေးနေသလို မကြာခင်မှာလည်း Facebook Messenger Chat ကနေ AI (Artificial Intelligence) စနစ်ကိုသုံးပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးတော့မယ့်အကြောင်း Community Fever Clinic Network ရဲ့ ကြီးကြပ်ရေးအဖွဲ့ဝင် ရန်ကုန်တိုင်း တာမွေမြို့နယ် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
“ ဟုတ်ပါတယ် ကျနော်တို့တွေက ပြည်သူလူထု ပိုပြီးတော့ Awareness ကျန်းမာရေး အသိပို သိလာအောင် ဒီ Facebookကနေ အဓိက မေးခွန်းလေးတွေဖြေအောင် လာပြချင်စိတ်ဖြစ်အောင် မတ်ဆေ့ Information တွေပေးတာပေါ့လေ သတင်းစကားပါးတာပါ။ အခု ကျနော်တို့ကAuto Robot AI (Artificial Intelligence) စနစ်ကို ထည့်ထားတယ်။ ကျနော်တို့မှာ စပွန်ဆာပေး ထားတဲ့ပညာရှင် အဖွဲ့တွေရှိတယ် မြန်မာ ပရိုဂရမ်ရေးပေးတဲ့သူတွေလည်းရှိတယ်။ တခါတလေ အလိုအလျောက် မဖြေနိုင်တာမျိုးဆိုManual ကျနော်တို့ လူကိုယ်တိုင်ဖြေပေးတာလည်းရှိပါတယ်။ အဓိကကတော့ ဖြေတဲ့သူဘက်က အချက်အလက် အမှန်ဖြေပေးဖို့ လိုတယ် ဒါမှလည်းResult ရလဒ်အမှန်ရမှာပါ။ အဲ့အပေါ်မှာမူတည်ပြီး ဆေးခန်းသွားပြဖို့လိုအပ်ပါသည် မလိုရင်လည်းမလိုဘူးပေါ့ လိုတယ်ဆိုရင် နေထိုင်တဲ့နေရာ ဆက်သွယ်ရမယ့် ဆရာဝန် ဖုန်းနံပတ်ပေးပြီးတော့ တိုင်ပင်ဆွေးနွေး တကယ်လို့ လိုအပ်ရင် ဆေးရုံကိုပဲ တန်းသွားခိုင်းတဲ့ အဆင့်ရောက်ရင်လည်း သွားပေါ့လေ အဲ့လိုမျိုး ဆရာဝန်နဲ့လူနာ တိုက်ရိုက်ဆက်သွယ်နိုင်မယ့်Communication ပိုင်းကိုလည်း စီစဉ်ထားပါတယ် ဖေ့စ်ဘွတ်ခ်ကနေတဆင့်လေ။”
အဓိက COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေရှိလာချိန် ကိုဗစ်သံသယရောဂါလက္ခဏာရှိတဲ့ ဖျားနာလူနာတွေကို ဦးစားပေးကုသပေးနေတာဖြစ်လို့ လူနာတွေနဲ့ ဆေးခန်းကြား ကိုယ်တိုင်လာစရာမလိုပဲ တိုက်ရိုက်မေးမြန်းနိုင်ပြီး ပိုပြီးတော့မှ အချိန်ကုန်မြန်ထိရောက်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်တယ်လို့လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်က တာဝန်ခံဒေါက်တာကိုကိုထွေးကပြောပြပါတယ်။
“ ပြည်သူလူထုကFever Clinic ကိုကြောက်နေကြလို့ပါ ဖျားလို့ လာပြရင် တခါတည်း နှာခေါင်းတို့ဖတ်ယူ ဆေးရုံများ တန်းပို့မလားပေါ့သူတို့မှာ ကိုဗစ် ၁၉ ဖြစ်နေပြီ တန်းပြောမလားပေါ့ အဲ့သလို ပြည်သူလူထုရဲ့စိုးရိမ်မှုကို လျော့ချဖို့အတွက်ပေါ့ အခု ကျနော်တို့Facebook Team နဲ့ချိတ်ပြီးတော့ အလိုအလျောက်ဖြေပေးမယ့်ဟာလေးတွေ လုပ်ထားတာပါ။ နောက် နီးစပ်ရာဆေးခန်းတွေ ကိုလည်း မေးကြတဲ့သူများတော့ ကျနော်တို့Fever Clinic Page မှာ သွားပြီးတော့ ကိုယ်နဲ့နီးစပ်ရာဆေးခန်းကိုလွှဲပေး နောက် သူတို့မှာ ဖျားနေလား ချောင်းဆိုးနေလား သီတင်းနှစ်ပတ်အတွင်းမှာဖျားနာသူနဲ့ထိတွေ့ထားတာလား လည်ချောင်းနာတာမျိုးရှိလား ဝမ်းသွားလား အစားအသောက်အနံ့မရဘူးလား စသဖြင့်Chat Boxမှာရှိမယ် အဲ့တာလေးတွေ ဖြေပေး -အမေးအဖြေလေးတွေပေး ဆေးခန်းသွားဖို့ လိုအပ်လာပြီဆိုရင် ဆေးခန်းတည်နေရာ လိပ်စာပေးပြီး လာခိုင်းပါတယ်။”
အခုဆိုရင်တော့ ရန်ကုန်မြို့တွင်းသာမက မြို့သစ်တွေအထိ လူဦးရေထူထပ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုအထူးလိုအပ်တဲ့နေရာတွေမှာ အခုလို ဖျားနာလူနာတွေကို အဓိက ဦးစားပေးကုနိုင်တဲ့အတွက် ကပ်ရောဂါထိန်းချုပ်ရေးမှာ သက်ရောက်မှုများစွာရှိသလို လူထုတွင်း ကူးစက်မှုနည်းနိုင်သမျှနည်းအောင် အခမဲ့ Fever Clinic ဆေးခန်းတွေဖွင့်လှစ်ထားပြီး ကိုဗစ်သံသယရှိသူတွေအနေနဲ့ အရေးပေါ် စစ်ဆေးမှုတွေနဲ့ ဆေးကုသမှုတွေ လိုအပ်ရင် ဆေးရုံတက်ကုသနိုင်အောင် ဝန်ဆောင်မှုပေးနေတယ်လို့ ဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။
“ လောလောဆယ် ကိုဗစ်ကာလ တောက်လျောက်ဖွင့်ဖို့ ရည်ရွယ်ထား ပါတယ်။အခုတော့နက်ဂတစ်ပြတာများလာတယ် Local Transmissionပြည်တွင်း ကူးစက်မှုက တောက်လျောက်ဆိုသလို ၁၀ရက်ဆက်တိုက် မရှိဘူး ဒါပေမဲ့Over Sea ကလာတဲ့ သူတွေQuarantine စင်တာကနေပဲတွေ့တာရှိတယ်။ ဒါကြောင့် ကျနော်တို့တွေဘက်က နှစ်ပတ်လောက်သတိထားစောင့်ကြည့်ပါမယ်လောလောဆယ် နောက်ပိုင်းမှာ မိုးတွင်းကလာပြီ ရာသီတုတ်ကွေးကလည်း ဖျားတဲ့လူနာများတော့ ရာသီတုပ်ကွေးနဲ့ကိုဗစ်ကိုပြန်ခွဲရ မယ့်အနေအထားဖြစ်လာတယ်။ အခုဆိုရင် ရန်ကုန်မှာFever Clinic၂၀လောက် ဖွင့်ပြီးပါပြီ။ ကျနော်တို့က ကြောက်တာက အိမ်မှာ ကြိတ်ပြီးကုနေမှာကြောက်တာပါ။Fever Clinic တွေကိုလာပြပါ မြို့နယ်ကျန်းမာရေးဒေသန္တရဆေးခန်းတွေကိုလည်း လာပြပါ။ အဓိက ကိုဗစ်သံသယလူနာကိုပဲ ကျနော်တို့သက်ဆိုင်ရာဆေးရုံကို လွှဲပေးပါတယ်။ နောက်တခုကFever Clinic တွေမှာပိုးမကူးအောင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့စံချိန်စံညွှန်းနဲ့အညီ ပြုလုပ်ထားပါတယ်။ဒါကြောင့် ဆေးခန်းတွေကိုတော့ မပိတ်သေးပါဘူး။”
အခမဲ့ကျန်းမာရေးဆေးဝါးကုသမှုတွေ ဝန်ဆောင်မှုပေးနေတဲ့ Fever Clinic တွေ မြို့နယ်အတော်တော်များများရှိနေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆေးမြီးတိုတွေနဲ့ကုသနေတာကိုလည်း သတိထားရှောင်ကျဉ်ကြဖို့ အထူးသတိပေးလိုပါတယ်လို့ ဒေါက်တာကိုကိုထွေးကအကြံပေးပါတယ်။
“ အဓိက ဖျားရင် မကြောက်ပါနဲ့ အိမ်မှာကြိတ်ပြီး မကုပါနဲ့ နီးစပ်ရာဆေးဆိုင်တွေကနေ စပ်-ဆေးတွေ ဝယ်မသောက်ပါနဲ့ ကျနော်တို့ဆီကသာ လာခဲ့ပါ။ကျနော်တို့ လိုအပ်တဲ့ဆေးဝါးတွေကိုလည်း အခမဲ့ပေးနေပါတယ်။ ကျနော်တို့ ဆေးကုပေးပြီးရင်လည်း နောက်ထပ်လိုအပ်ရင် Followup ထပ်ကြည့်ပေးပါတယ်။ ဆေးခန်းမှာ သမားတော်တွေကိုယ်တိုင် အခမဲ့ Free ကြည့်ပေးနေတာပါ။ အခုက ဖျားရင်နာရင် နီးစပ်ရာ စပ်ဆေးဆိုင်တွေမှာ ဆေးတွေဝယ်သောက်နေကြတာများတယ် အခုက ဖျားတယ်နာတယ်ဆို တခါတည်း ထုပ်ထားပြီးသား အထုပ်လေးတွေပေးလိုက်တာ အဲ့စပ်ဆေးတွေထဲမှာ ပိုးသတ်ဆေးအပြင်းတွေကိုပါတာ အဓိကပြောချင်တာ စပ်ဆေးတွေ လုံးဝဝယ်မသောက်ကြဖို့ပါ Awareness ပေးဖို့အဓိက လိုအပ်နေတယ် မြန်မာနိုင်ငံမှာ အဲ့တာတခုက တော်တော်လေးလိုအပ်တယ်။”
အခုဆိုရင်တော့ Fever Clinic တွေအများစုက တနင်္လာကနေသောကြာအထိဖွင့်လှစ်ပေးနေသလို တချို့မြို့နယ်တွေမှာ ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပေးနေပါတယ်။ ပြည်သူလူထုအနေနဲ့ အထူးသဖြင့် ကိုယ်ပူ မကျန်းမာဖျားနာလာလို့ ကျန်းမာရေးအကူအညီ အရေးပေါ်လိုအပ်လာရင် Fever Clinic တွေမှာ လာပြီး ကုသကြဖို့ ပရဟိတဆရာဝန်တွေဆေးပညာရှင်တွေက တိုက်တွန်းသလို စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုပ်အားဒါနပေးလိုသူတွေအနေနဲ့ ဆက်သွယ်ကြဖို့လည်း ဦးဆောင်လှုပ်ရှားနေတဲ့ ဆရာဝန်တွေကမေတ္တာရပ်ခံနိုးဆော်နေပါတယ်။