(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ အတည္ျပဳလူနာသစ္ ၂ ဦးကုိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ပဲ အတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ေသဆုံးသူ ၆ ဦး အပါအ၀င္ စုစုေပါင္း ေရာဂါကူးစက္သူ ၁၈၀ အထိ ရွိသြားပါၿပီ။
ေမလ ၁၀ ရက္ေန႔ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ ဓာတ္ခဲြနမူနာ စုစုေပါင္း ၂၀၅ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါပုိးေတြ႔ရွိသူ ၂ ဦးကုိ အတည္ျပဳခဲ့တာပါ။
ေရာဂါပုိးေတြ႔ရွိတဲ့သူ ၂ ဦးကေတာ့ ရန္ကုန္တုိင္း အင္းစိန္ၿမိဳ႕နယ္က အမ်ိဳးသားတဦးနဲ႔ မရမ္းကုန္းၿမိဳ႕နယ္က အမ်ိဳးသမီးတဦးတုိ႔ ျဖစ္ၾကပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ေတြ ျဖစ္ၾကတဲ့ သူတုိ႔ ၂ ဦးစလုံးဟာ ျပည္ပခရီးသြားထားတဲ့ ရာဇ၀င္ မရွိေပမယ့္ COVID-19 ေရာဂါ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈ ရွိထားသူေတြျဖစ္ၾကၿပီး အသြားအလာ ကန္႔သတ္ခံထားရသူေတြ ျဖစ္တယ္လို႔လည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။
ဒီေန႔မွာပဲ ေရာဂါပိုးကင္းစင္တဲ့သူ ေနာက္ထပ္ ၄ ဦး အသစ္ထပ္မံ ေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါပိုးကင္းစင္တဲ့သူ ၇၂ ေယာက္ ရွိသြားၿပီလို႔လည္း ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကို႐ုိနာဗုိင္းရပ္စ္ ရွိမရွိ ဓာတ္ခဲြစစ္ေဆးမႈေပါင္း ၁၁,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး ဒီအထဲမွာ ဓာတ္ခဲြအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈေၾကာင့္ ကူးစက္မႈ ၃.၆ ရာခုိင္ႏႈန္း၊ ေစာင့္ၾကည့္လူနာေတြထဲက ၁.၄ ရာခုိင္ႏႈန္းနဲ႔ ေရာဂါလကၡဏာ မျပေပမယ့္ ခရီးသြားရာဇ၀င္ ရွိတဲ့အတြက္ အသြားအလာ ကန္႔သတ္ထားသူေတြထဲက ၀.၃ ရာခုိင္ႏႈန္း ရွိခဲ့ေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
----------------------------------
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၈၀ အထိရှိ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၂ ဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ရောဂါကူးစက်သူ ၁၈၀ အထိ ရှိသွားပါပြီ။
မေလ ၁၀ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၅ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးကို အတည်ပြုခဲ့တာပါ။
ရောဂါပိုးတွေ့ရှိတဲ့သူ ၂ ဦးကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အမျိုးသားတဦးနဲ့ မရမ်းကုန်းမြို့နယ်က အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။
အသက် ၂၁ နှစ်အရွယ်တွေ ဖြစ်ကြတဲ့ သူတို့ ၂ ဦးစလုံးဟာ ပြည်ပခရီးသွားထားတဲ့ ရာဇဝင် မရှိပေမယ့် COVID-19 ရောဂါ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိထားသူတွေဖြစ်ကြပြီး အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီနေ့မှာပဲ ရောဂါပိုးကင်းစင်တဲ့သူ နောက်ထပ် ၄ ဦး အသစ်ထပ်မံ တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါပိုးကင်းစင်တဲ့သူ ၇၂ ယောက် ရှိသွားပြီလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၁,၀၀၀ ကျော် ရှိခဲ့ပြီး ဒီအထဲမှာ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်မှု ၃.၆ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာတွေထဲက ၁.၄ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မပြပေမယ့် ခရီးသွားရာဇဝင် ရှိတဲ့အတွက် အသွားအလာ ကန့်သတ်ထားသူတွေထဲက ဝ.၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။