သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ နောက်တဦးထပ်တိုးပြီး ၁၇၈ ဦးဖြစ်လာ


ရန်ကုန်မြို့ရှိ ဈေးတခုတွင် ဈေးလာဝယ်သူများအား ကိုယ်ပူချိန်တိုင်းတာနေသည့် စည်ပင်ဝန်ထမ်းများ။ (မတ် ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ ဈေးတခုတွင် ဈေးလာဝယ်သူများအား ကိုယ်ပူချိန်တိုင်းတာနေသည့် စည်ပင်ဝန်ထမ်းများ။ (မတ် ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ဒီကနေ့မှာ နောက်တယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၁၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ ဆေးသုတေသန ဦးစီးဌာနမှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၈၅ ခု၊ စုစုပေါင်း ၄၅၃ ခုထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ နောက်တဦး တွေ့တာပါ။

မေလ ၉ ရက် ည ၈ နာရီ COVID-19 လူနာတဦးတိုးသည့် ကြေညာချက်။ (ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)
မေလ ၉ ရက် ည ၈ နာရီ COVID-19 လူနာတဦးတိုးသည့် ကြေညာချက်။ (ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

အခု ရောဂါပိုးကူးစက်သူဟာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူက COVID-19 ကူးစက်ခံထားရပြီးသူ လူနာအမှတ် ၉၈ နဲ့ ထိတွေ့မှုရှိခဲ့သူ ဖြစ်ပြီးတော့ အသွားအလာ ကန့်သတ်ထားသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခု လူနာသစ်ကို ဝေဘာဂီအထူးကုဆေးရုံမှာ ကုသပေးမယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုချိန်ထိဆိုရင် ရောဂါပိုး ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၇၈ ယောက်ထဲက ၆၈ ယောက်မှာ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။ အဲဒီထဲက ၄၆ ဦးကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီး သူတို့တွေရဲ့ အသွားအလာကို ဆက်ပြီး ကန့်သတ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဓာတ်ခွဲအတည်ပြု လူနာတွေထဲက သေဆုံးသူ အရေအတွက်ကတော့ ၆ ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အခုချိန်ထိတော့ ဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

-----------------------------

(Unicode)








XS
SM
MD
LG