(Zawgyi/Unicode)
လူေတြ အိမ္ထဲေနၾကရတဲ့အခ်ိန္ နာဖ်ားၿပီး မက်န္းမမာျဖစ္လာရင္ သြားေရာက္ကုသႏုိင္တဲ့ အခမဲ့ Fever Clinic ေဆးခန္းေတြ တိုးခ်ဲ႕ဖြင့္လွစ္ေနၿပီ ဆိုတာကို မဆုမြန္ ေျပာျပေပးပါမယ္။
ရန္ကုန္တိုင္းအပါအဝင္ ျမန္မာႏုိင္ငံတဝန္း သၾကၤန္ကာလတြင္း ျပည္သူေတြအျပင္မထြက္ဖို႔ ညႊန္ၾကားခ်က္ ထုတ္လိုက္တဲ့ ဧၿပီလ ၁၀ ရက္ေန႔ကစလို႔ ရန္ကုန္ၿမိဳ႕တြင္းက အင္းစိန္၊ မဂၤလာေတာင္ညႊန္႔ ၊တာေမြ၊ သကၤန္းကၽြန္း၊ ဗိုလ္တေထာင္စတဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေစတနာ့ဝန္ထမ္း အထူးကုဆရာဝန္ၾကီးေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဦးေဆာင္ၿပီး Fever Clinic ဖ်ားနာလူနာေဆးကုခန္းေတြ ေန႔စဥ္ဖြင့္လွစ္ၿပီး အခမဲ့ကုသေပးေနၾကတာပါ။
အခုေတာ့ လိႈင္သာယာၿမိဳ႕သစ္ ေရႊျပည္သာၿမိဳ႕သစ္နဲ႔ ဒဂံုၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ စတဲ့ၿမိိဳ႕သစ္ေတြမွာပါ တိုးခ်ဲ႕ဖြင့္လွစ္ထားၿပီလို႔ Fever Clinic ေတြဖြင့္လွစ္ႏိုင္ေရး ဦးေဆာင္ၾကိဳးပမ္းေနတဲ့ ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြက ဗီြအိုေအျမန္မာပိုင္း ကိုေျပာျပၾကပါတယ္။
ဒီေဆးခန္းေတြမွာ ေစတနာ့ဝန္ထမ္း ေဆးပညာရွင္ေတြက က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ေဆးကုသေပးေနၾကပါတယ္လို႔ ရန္ကုန္တုိင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ က်န္းမာေရးဌာနမွာ ဖြင့္လွစ္ထားတဲ့ Fever Clinic က ေစတနာ့ဝန္ထမ္းဆရာဝန္ ေဒါက္တာကိုကုိေထြးက ဗီြအိုေအကိုေျပာပါတယ္။
"Fever Clinic ေတြဖြင့္ျဖစ္ရတဲ့အဓိကအေၾကာင္းက က်ေနာ္တို႔ရပ္ကြက္ေတြထဲမွာ ကိုဗစ္၁၉ျဖစ္လာခ်ိန္ ေဆးခန္းေတြ ေတာ္ေတာ္မ်ားမ်ားပိတ္သြားတယ္။ အဲ့အခ်ိန္ ကုိယ္ပူဖ်ားနာ လူနာေတြက ေဆးရံ ုကိုသြားျပမယ္ဆိုရင္ ေဆးရံုမွာလည္း အခုအခ်ိန္က လူနာေတြပံုသြားမလားေပါ့ ဒီေတာ့ ေဆးရံုေတြမွာလည္း အလုပ္ပိုမျဖစ္ေအာင္ က်ေနာ္တို႔ဘက္က ဝိုင္းကူေပးတဲ့အေနနဲ့ Fever Clinicေတြ စဖြင့္ျဖစ္ၾကတာပါ။ က်ေနာ္တို႔ဆီကို အခုက ကိုယ္ပူဖ်ားနာသမားေတြ လာျပၾကတာမ်ားတယ္ လူနာေတြ က်ေနာ္တို႔ဆီလာျပတယ္ဆိုရင္ Precaution နဲ႔ေပါ့ေလ က်ေနာ္တို႔ ဆရာဝန္ေတြကလည္း PPE ဝတ္တယ္ ဆရာမေတြကလည္း PPE ေတြဝတ္ပါတယ္။ ေစတနာ့ဝန္ထမ္းေတြ ကလည္း လိုအပ္တာေတြ လုပ္ေပးၿပီး အတတ္ႏိုင္ဆံုး ခပ္ေဝးေဝးမွာပဲေနၾကပါတယ္။ က်ေနာ္တို႔ Fever Clinic ဖ်ားနာလူနာေဆးကုခန္းေတြ ျပင္ဆင္မႈကိုလည္း က်န္းမာေရးဝန္ၾကီးဌာနရဲ႕လမ္းညႊန္ခ်က္နဲ႔အညီ ဖြင့္ထားပါတယ္။ "
အခုဖြင့္လွစ္ထားတဲ့ Fever Clinic ေတြမွာ အဓိကကေတာ့ ကိုယ္ပူ ေခ်ာင္းဆိုး ဖ်ားနာေနတဲ့ လူနာေတြကို စစ္ေဆး ကုသေပးေပးေနတာပါ။ ေဆးခန္းမွာ လုပ္ကိုင္ေနသူေတြနဲ႔ လာျပတဲ့လူနာေတြ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မယ့္အႏၲရာယ္ကေန ကင္းေဝးေအာင္ ဘယ္လို လုပ္ေနတယ္ဆုိတာကိုလည္း ရန္ကုန္တိုင္း သကၤန္းကၽြန္းၿမိဳ႕နယ္က Fever Clinic မွာ ကုသေပးေနတဲ့ ေဒါက္တာေက်ာ္စြာဦးကေျပာျပပါတယ္။
"ေဆးကုသမႈေပးေနတဲ့ဆရာဝန္ေတြက PPEဝတ္စံုဝတ္ပါတယ္ သူနာျပဳဆရာမေရာေပါ့ေနာ္။ ေနာက္ လူနာနဲ႔ ထိေတြ႔ႏိုင္မယ့္ဆရာဝန္ က်ေနာ္ဆိုရင္လည္း ခြဲစိတ္ခန္းသံုးေခါင္းစြပ္ ဦးထုပ္ေတြကိုသံုးပါတယ္။ ႏွာေခါင္းစီးမ်က္ႏွာဖံုးေတြလည္း စနစ္တက်တပ္ဆင္ပါတယ္ ေနာက္ ဆရာမေတြ ေစတနာ့ဝန္ထမ္းေတြလည္း မတ္စ္ေတြတပ္ၿပီး ဝိုင္းကူၾကပါတယ္။ တကယ္လို႔ေဆးကုသေနခ်ိန္ သံသယလူနာေတြ႔တယ္ဆိုရင္လည္း ၿမိဳ႕နယ္ဆရာဝန္ေတြကို အေၾကာင္းၾကားၿပီး တဆင့္ စင္တာေတြဆီကို လႊဲေပးဖို႔စီစဥ္ထားပါတယ္။ က်ေနာ္တို႔ေဆးခန္းကို လာခ်ိန္ တကယ္လို႔ ကိုဗစ္နဲ႔ခပ္ဆင္ဆင္လကၡဏာ ေရာဂါရွိတဲ့သူပါလာရင္ တျခားလူနာ ေတြကိုလည္း မလိုလားအပ္ပဲနဲ႔ ကူးစက္မွာ က်ေနာ္တို႔ကလည္းစိတ္ပူပါတယ္။ တကယ္ပဲ ကိုယ္ပူဖ်ားနာလာတဲ့သူ ေဆးရံုကိုသြားဖို႔လည္း ေလာေလာဆယ္ အဆင္မေျပတဲ့သူေတြကိုအဓိက ကုေပးေနတာဆိုေတာ့ အဲ့လိုလူနာေတြပဲ လာေစခ်င္ပါတယ္။"
ဗိုင္းရပ္စ္ပိုး ကူးစက္ထားတဲ့ သံသယရွိရင္လည္း လိုအပ္တဲ့ဓာတ္ခြဲစစ္ေဆးမႈေတြခံယူႏုိင္ဖို႔ သက္ဆိုင္ရာေဆးရံုေတြဆီကိုပို႔ေပးသလို လိုအပ္လာတဲ့ အေျခအေနေရာက္ရင္လည္း အေရးေပၚခ်က္ျခင္း စီစဥ္ေပးပါ တယ္လို႔ ေဒါက္တာကိုကိုေထြးက-ေျပာျပပါတယ္။
" ၁၄ရက္အတြင္း ဒီလိုဖ်ားနာလူနာကေန ႏုိင္ငံရပ္ျခားက ျပန္လာတယ္ ထိေတြ႔မႈရွိတယ္ဆိုရင္ က်ေနာ္တို႔က Home Quarantine ေပးေနတာေပါ့ အိမ္မွာပဲေနခိုင္းတယ္ တကယ္လို႔ လူနာက အေျခအေနဆိုးလာရင္ က်ေနာ္တို႔မွာ အေရးေပၚယာဥ္ေတြရွိတယ္ ေနာက္ ပရဟိတလူမႈအသင္းအဖြဲ႔ကယာဥ္ေတြရွိတယ္။ ညႊန္ၾကားခ်က္ေတြအတိုင္း ေဆးရံုကို ပို႔ေဆာင္ေပးပါတယ္။ "
အခုခ်ိန္အထိေတာ့ ဒီဖ်ားနာေဆးခန္းေတြကို အျပင္ထြက္ခြင့္ပိတ္ပင္တဲ့ေနာက္ဆံုးရက္ ဧၿပီလ ၁၉ ရက္ေန႔အထိ ဖြင့္လွစ္မယ္လို႔ရည္ရြယ္ထားေပမဲ့ ဧၿပီလကုန္ ေမလဆန္းအထိ ဆက္လက္ဖြင့္လွစ္ႏုိင္ေျခရွိတယ္လို႔လည္း ဆရာဝန္ေတြကေျပာပါတယ္။
ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂိဳလ္ကလည္း COVID-19 အေရး လူထုနဲ႔ ဆက္သြယ္ေျပာဆိုတာေတြမွာ Fever Clinic ေတြဖြင့္လွစ္ထားတဲ့အေၾကာင္း ေျပာဆိုထားၿပီး က်န္းမာေရးဝန္ၾကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြနဲ႔အညီ လုိက္နာေဆာင္ရြက္ၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။
ျပည္သူလူထုအေနနဲ႔ ကိုယ္ပူမက်န္းမာဖ်ားနာလာလို႔ က်န္းမာေရးအကူအညီ အေရးေပၚလိုအပ္လာရင္ Fever Clinic ေတြမွာ လာၿပီး ကုသၾကဖို႔ ပရဟိတ ဆရာဝန္ေတြက တုိက္တြန္းပါတယ္။ ဒ့ါအျပင္ Fever Clinic ေတြမွာ ေစတနာ့ဝန္ထမ္းလုပ္ဖို႔ ဆႏၵရွိတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ လုပ္အားဒါနေပးလိုသူေတြအေနနဲ႔ ဆက္သြယ္ၾကဖို႔လည္း ႏိႈးေဆာ္ထားပါတယ္။
....................
ရန်ကုန်တဝိုက် အခမဲ့ဆေးကုခန်းများ စေတနာ့ဝန်ထမ်းတွေ ဖွင့်လှစ်
(Unicode)
လူတွေ အိမ်ထဲနေကြရတဲ့အချိန် နာဖျားပြီး မကျန်းမမာဖြစ်လာရင် သွားရောက်ကုသနိုင်တဲ့ အခမဲ့ Fever Clinic ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေပြီ ဆိုတာကို မဆုမွန် ပြောပြပေးပါမယ်။
ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတဝန်း သင်္ကြန်ကာလတွင်း ပြည်သူတွေအပြင်မထွက်ဖို့ ညွှန်ကြားချက် ထုတ်လိုက်တဲ့ ဧပြီလ ၁၀ ရက်နေ့ကစလို့ ရန်ကုန်မြို့တွင်းက အင်းစိန်၊ မင်္ဂလာတောင်ညွှန့် ၊တာမွေ၊ သင်္ကန်းကျွန်း၊ ဗိုလ်တထောင်စတဲ့ မြို့နယ်တချို့မှာ စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီး Fever Clinic ဖျားနာလူနာဆေးကုခန်းတွေ နေ့စဉ်ဖွင့်လှစ်ပြီး အခမဲ့ကုသပေးနေကြတာပါ။
အခုတော့ လှိုင်သာယာမြို့သစ် ရွှေပြည်သာမြို့သစ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စတဲ့မြို့သစ်တွေမှာပါ တိုးချဲ့ဖွင့်လှစ်ထားပြီလို့ Fever Clinic တွေဖွင့်လှစ်နိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေက ဗွီအိုအေမြန်မာပိုင်း ကိုပြောပြကြပါတယ်။
ဒီဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆေးပညာရှင်တွေက ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆေးကုသပေးနေကြပါတယ်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကျန်းမာရေးဌာနမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic က စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာကိုကိုထွေးက ဗွီအိုအေကိုပြောပါတယ်။
"Fever Clinic တွေဖွင့်ဖြစ်ရတဲ့အဓိကအကြောင်းက ကျနော်တို့ရပ်ကွက်တွေထဲမှာ ကိုဗစ်၁၉ဖြစ်လာချိန် ဆေးခန်းတွေ တော်တော်များများပိတ်သွားတယ်။ အဲ့အချိန် ကိုယ်ပူဖျားနာ လူနာတွေက ဆေးရံ ုကိုသွားပြမယ်ဆိုရင် ဆေးရုံမှာလည်း အခုအချိန်က လူနာတွေပုံသွားမလားပေါ့ ဒီတော့ ဆေးရုံတွေမှာလည်း အလုပ်ပိုမဖြစ်အောင် ကျနော်တို့ဘက်က ဝိုင်းကူပေးတဲ့အနေနဲ့ Fever Clinicတွေ စဖွင့်ဖြစ်ကြတာပါ။ ကျနော်တို့ဆီကို အခုက ကိုယ်ပူဖျားနာသမားတွေ လာပြကြတာများတယ် လူနာတွေ ကျနော်တို့ဆီလာပြတယ်ဆိုရင် Precaution နဲ့ပေါ့လေ ကျနော်တို့ ဆရာဝန်တွေကလည်း PPE ဝတ်တယ် ဆရာမတွေကလည်း PPE တွေဝတ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ ကလည်း လိုအပ်တာတွေ လုပ်ပေးပြီး အတတ်နိုင်ဆုံး ခပ်ဝေးဝေးမှာပဲနေကြပါတယ်။ ကျနော်တို့ Fever Clinic ဖျားနာလူနာဆေးကုခန်းတွေ ပြင်ဆင်မှုကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ဖွင့်ထားပါတယ်။ "
အခုဖွင့်လှစ်ထားတဲ့ Fever Clinic တွေမှာ အဓိကကတော့ ကိုယ်ပူ ချောင်းဆိုး ဖျားနာနေတဲ့ လူနာတွေကို စစ်ဆေး ကုသပေးပေးနေတာပါ။ ဆေးခန်းမှာ လုပ်ကိုင်နေသူတွေနဲ့ လာပြတဲ့လူနာတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မယ့်အန္တရာယ်ကနေ ကင်းဝေးအောင် ဘယ်လို လုပ်နေတယ်ဆိုတာကိုလည်း ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က Fever Clinic မှာ ကုသပေးနေတဲ့ ဒေါက်တာကျော်စွာဦးကပြောပြပါတယ်။
"ဆေးကုသမှုပေးနေတဲ့ဆရာဝန်တွေက PPEဝတ်စုံဝတ်ပါတယ် သူနာပြုဆရာမရောပေါ့နော်။ နောက် လူနာနဲ့ ထိတွေ့နိုင်မယ့်ဆရာဝန် ကျနော်ဆိုရင်လည်း ခွဲစိတ်ခန်းသုံးခေါင်းစွပ် ဦးထုပ်တွေကိုသုံးပါတယ်။ နှာခေါင်းစီးမျက်နှာဖုံးတွေလည်း စနစ်တကျတပ်ဆင်ပါတယ် နောက် ဆရာမတွေ စေတနာ့ဝန်ထမ်းတွေလည်း မတ်စ်တွေတပ်ပြီး ဝိုင်းကူကြပါတယ်။ တကယ်လို့ဆေးကုသနေချိန် သံသယလူနာတွေ့တယ်ဆိုရင်လည်း မြို့နယ်ဆရာဝန်တွေကို အကြောင်းကြားပြီး တဆင့် စင်တာတွေဆီကို လွှဲပေးဖို့စီစဉ်ထားပါတယ်။ ကျနော်တို့ဆေးခန်းကို လာချိန် တကယ်လို့ ကိုဗစ်နဲ့ခပ်ဆင်ဆင်လက္ခဏာ ရောဂါရှိတဲ့သူပါလာရင် တခြားလူနာ တွေကိုလည်း မလိုလားအပ်ပဲနဲ့ ကူးစက်မှာ ကျနော်တို့ကလည်းစိတ်ပူပါတယ်။ တကယ်ပဲ ကိုယ်ပူဖျားနာလာတဲ့သူ ဆေးရုံကိုသွားဖို့လည်း လောလောဆယ် အဆင်မပြေတဲ့သူတွေကိုအဓိက ကုပေးနေတာဆိုတော့ အဲ့လိုလူနာတွေပဲ လာစေချင်ပါတယ်။"
ဗိုင်းရပ်စ်ပိုး ကူးစက်ထားတဲ့ သံသယရှိရင်လည်း လိုအပ်တဲ့ဓာတ်ခွဲစစ်ဆေးမှုတွေခံယူနိုင်ဖို့ သက်ဆိုင်ရာဆေးရုံတွေဆီကိုပို့ပေးသလို လိုအပ်လာတဲ့ အခြေအနေရောက်ရင်လည်း အရေးပေါ်ချက်ခြင်း စီစဉ်ပေးပါ တယ်လို့ ဒေါက်တာကိုကိုထွေးက-ပြောပြပါတယ်။
" ၁၄ရက်အတွင်း ဒီလိုဖျားနာလူနာကနေ နိုင်ငံရပ်ခြားက ပြန်လာတယ် ထိတွေ့မှုရှိတယ်ဆိုရင် ကျနော်တို့က Home Quarantineပေးနေတာပေါ့ အိမ်မှာပဲနေခိုင်းတယ် တကယ်လို့ လူနာက အခြေအနေဆိုးလာရင် ကျနော်တို့မှာ အရေးပေါ်ယာဉ်တွေရှိတယ် နောက် ပရဟိတလူမှုအသင်းအဖွဲ့ကယာဉ်တွေရှိတယ်။ ညွှန်ကြားချက်တွေအတိုင်း ဆေးရုံကို ပို့ဆောင်ပေးပါတယ်။ "
အခုချိန်အထိတော့ ဒီဖျားနာဆေးခန်းတွေကို အပြင်ထွက်ခွင့်ပိတ်ပင်တဲ့နောက်ဆုံးရက် ဧပြီလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်မယ်လို့ရည်ရွယ်ထားပေမဲ့ ဧပြီလကုန် မေလဆန်းအထိ ဆက်လက်ဖွင့်လှစ်နိုင်ခြေရှိတယ်လို့လည်း ဆရာဝန်တွေကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ကလည်း COVID-19 အရေး လူထုနဲ့ ဆက်သွယ်ပြောဆိုတာတွေမှာ Fever Clinic တွေဖွင့်လှစ်ထားတဲ့အကြောင်း ပြောဆိုထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြည်သူလူထုအနေနဲ့ ကိုယ်ပူမကျန်းမာဖျားနာလာလို့ ကျန်းမာရေးအကူအညီ အရေးပေါ်လိုအပ်လာရင် Fever Clinic တွေမှာ လာပြီး ကုသကြဖို့ ပရဟိတ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ ဒ့ါအပြင် Fever Clinic တွေမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုပ်အားဒါနပေးလိုသူတွေအနေနဲ့ ဆက်သွယ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။