သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခမဲ့ Fever Clinic မၾကာခင္ျပန္ဖြင့္မည္


အခမဲ့ Fever Clinic ေဆးခန္း (PHOTOS CREDIT TO Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

(Zawgyi/Unicode)

ယာယီပိတ္မယ္လို႔ ေၾကညာခဲ့တဲ့ အခမဲ့ Fever Clinic ေဆးခန္းေတြ လာမယ့္သီတင္းပတ္ကစလို႔ပံုမွန္ျပန္ဖြင့္လွစ္ေတာ့မယ့္အေၾကာင္း မဆုမြန္ ေျပာျပမွာပါ။

COVID-19 ကမာၻ႔ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔လာမွာကိုကာကြယ္တားဆီးႏုိင္ေရး ျပည္သူေတြ ေနအိမ္ထဲေနၾကဖို႔ ညႊန္ၾကားထားခ်ိန္နာဖ်ားၿပီး မက်န္းမမာျဖစ္လာရင္ ေစတနာ့ဝန္ထမ္း အထူးကုဆရာဝန္ၾကီးေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဦးေဆာင္ၿပီးဖြင့္ထားတဲ့ အခမဲ့ Fever Clinic ေဆးခန္းေတြ မွာ သြားကုႏိုင္တာပါ။ ရန္ကုန္ၿမိဳ႕တြင္းက အင္းစိန္၊ မဂၤလာေတာင္ညႊန္႔ ၊တာေမြ၊ သကၤန္းကၽြန္း၊ ဗိုလ္တေထာင္စတဲ့ ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ လိႈင္သာယာ ေရႊျပည္သာ ဒဂံုၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ စတဲ့ၿမိိဳ႕သစ္ေတြမွာပါ တိုးခ်ဲ႕ဖြင့္လွစ္ထားတဲ့ ဒီ Fever Clinic ဖ်ားနာ လူနာေဆးကုခန္းေတြ က်န္းမာေရးဝန္ၾကီးဌာနရဲ႕လမ္းညႊန္ခ်က္နဲ႔ ကူးစက္မႈ ကာကြယ္ေရး အစီအစဥ္ေတြ လုပ္မွာျဖစ္တဲ့အတြက္ဧၿပီလ၁၇ရက္ေန႔ကစ ယာယီ ပိတ္ထားမွာ ျဖစ္ေၾကာင္း ဖ်ားနာလူနာေတြအေနနဲ႔ မိမိတို႔ရဲ႕ နီးစပ္တဲ့ အစိုးရေဆးရံုေဆးခန္းေတြကိုပဲသြားျပၾကဖို႔ ေၾကညာခဲ့ပါတယ္။

ဧၿပီလ ၁၇ရက္ေန႔ကေတာ့ Fever Clinic ဖ်ားနာလူနာေဆးကုခန္းေတြမွာ ေဆးကုသေပးေနတဲ့ ေစတနာ့ဝန္ထမ္း အထူးကုဆရာဝန္ႀကီးေတြ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာန ရန္ကုန္တုိင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၾကၿပီးတဲ့ေနာက္ လာမယ့္ ဧၿပီလ ၂၀ရက္ေန႔ကစလို႔ အခမဲ့ Fever Clinic ေဆးခန္းေတြပံုမွန္ျပန္ဖြင့္လွစ္ေတာ့မွာျဖစ္တယ္လို႔ အခမဲ့ Fever Clinic ေဆးခန္းေတြဖြင့္လွစ္နုိင္ေရး ပူးေပါင္းလႈပ္ရွားေနသူဆရာဝန္ေတြက လူထုကို သတင္းစကားပါးၾကပါတယ္။ အခမဲ့ Fever Clinic ေဆးခန္းေတြမွာ လိုက္ၿပီး ေစတနာ့ဝန္ထမ္းေဆးကုေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ေဒါက္တာေက်ာ္စြာဦးက ဗီြအိုေအျမန္မာပိုင္းကို ေနာက္ဆံုးအေျခအေနေျပာျပပါတယ္။

“ အဓိကကေတာ့ ဒီေဆးခန္းေတြကေန လူနာအခ်င္းခ်င္းကေန ထိေတြ႔ဆက္ဆံတာကေန ကူးစက္မွာကိုလည္း စိုးရိမ္တာပါတယ္။ အဲ့ဒီ့အထဲမွာမွ ကိုဗစ္သံသယလူနာေတြ၊ ကိုဗစ္ကူးစက္သူေတြ ပါလာခဲ့မယ္ဆိုရင္ ဒီကဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြကို ထိစပ္ၿပီး ကူးစက္မႈေတြ ျဖစ္လာမွာစိုးတဲ့အတြက္ လိုအပ္တဲ့လမ္းညႊန္မႈ SOP ေတြ ေပါ့ေနာ္ standard operating procedure (SOP) ေတြ နဲ႔ ဒီ့ထက္ပိုၿပီးေတာ့ ေကာင္းေအာင္ Guidelines ေတြ နဲ႔ လိုအပ္တဲ့သင္တန္းေတြ ေပးၿပီး ေဆးခန္းဖြဲ႔စည္းပံုကအစ အားလံုးေသခ်ာေအာင္ျဖစ္ေအာင္ဆိုၿပီး ဒီေန႔ ေခတၱယာယီ ပိတ္ထားတာပါခင္ဗ်။မိဘျပည္သူေတြလည္းသိေစခ်င္တာက အင္းစိန္က အင္းစိန္ျပည္သူ႔ေဆးရံုၾကီးက ပါေမာကၡ ေဒါက္တာေဒၚမာမာၾကည္ဖြင့္ထားတဲ့ေဆးခန္းမွာက ဆရာမၾကီးက သမားေတာ္ၾကီးလည္းျဖစ္တယ္ standard operating procedure (SOP)ေတြနဲ႔ စနစ္တက်ဖြင့္ထားတယ္ သူတို႔ေဆးခန္းကေတာ့ ဆက္ရပ္တည္ေနတယ္။ အခု လူငယ္ဆရာဝန္ေတြဘက္ကလည္း လက္ရွိကာလမွာ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ တာဝန္တခုဝိုင္းၿပီးေတာ့ ထမ္းေပးခ်င္ၾကတယ္။ ဒါကိုပိုၿပီးေတာ့ စနစ္က်ေအာင္ လမ္းညႊန္မႈတခုခ်ေပးတာပါ မိဘျပည္သူေတြ စိတ္ပူမွာစိုးလို႔ပါ။”

ႏိုင္ငံေတာ္အတုိင္ပင္ခံကလည္း COVID-19 အေရး လူထုနဲ႔ ဆက္သြယ္ေျပာဆိုတာေတြမွာ Fever Clinic ေတြအေနနဲ႔ က်န္းမာေရးဝန္ၾကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြနဲ႔အညီ လုိက္နာ ေဆာင္ရြက္ၾကဖို႔ ကိုလည္း တိုက္တြန္းလိုက္ၿပီးတဲ့ေနာက္ အခုလိုအဆင့္ဆင့္ေဆာင္ရြက္လာတာပါ။ အဓိကကေတာ့ COVID-19 ကမာၻ႔ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈမျဖစ္ေပၚႏိုင္ေအာင္ အခမဲ့ Fever Clinic ေဆးခန္းေတြမွာ WHO ရဲ႕ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔ စနစ္တက်ကုသမႈေပးႏုိင္ေရး ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈမျဖစ္ေစေရးအပါအဝင္ သံသယလူနာေတြ႔ရွိလာရင္လည္း စိစစ္ေပးႏုိင္ဖို႔နဲ႔ ေဆးရံုေတြကို အျမန္ဆံုး လူနာလႊဲေျပာင္းမႈေတြ စနစ္တက် ဆက္သြယ္ႏိုင္ေရး က်န္းမာေရးဝန္ၾကီးဌာနနဲ႔ပူးေပါင္း စီစဥ္ေဆာင္ရြက္ေနပါတယ္လို႔လည္း ေဒါက္တာေက်ာ္စြာဦးက ေျပာျပပါတယ္။

“ အခု က်ေနာ္တို႔ ဖ်ားနာေဆးကုခန္းကို လာေရာက္ၾကတဲ့ သံသယလူနာေတြ ဒါမွမဟုတ္ရင္ ေရာဂါပိုးရွိတဲ့သူနဲ႔ထိေတြ႔သူေတြ႔ရင္ ခ်က္ခ်င္း က်ေနာ္တို႔ဆီကေန လႊဲပို႔ႏုိင္ေအာင္ေပါ့ အခုဆိုရင္လည္း ေဆးရံုေတြနဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ၿပီးေတာ့ ပိုေကာင္းေအာင္ လူနာကို သယ္ေဆာင္သြားတဲ့ ကိစၥေတြကအစ စိတ္ခ်လံုျခံဳမႈရွိေအာင္ စီစဥ္ဖို႔အတြက္ျဖစ္ပါတယ္။ အခုက က်န္းမာေရးဝန္ၾကီး ကိုယ္တုိင္ေရာ ပါေမာကၡေတြေရာ ရန္ကုန္တုိင္း က်န္းမာေရးဦးစီးမွဴးကအစ အားလံုးက အားေပးပါတယ္။ ဘာပဲျဖစ္ျဖစ္ ကူညီကုသေပးေနတဲ့ဆရာဝန္ေတြလည္း ကူးစက္မႈမရွိေအာင္ က်ေနာ္တို႔ကို ခဏ ယာယီနားခိုင္းထားတဲ့သေဘာပါ။ အခုဆိုရင္ေတာ့ လာမယ့္ တနဂၤေႏြ မွာ ျမန္မာႏုိင္ငံဆရာဝန္မ်ား အသင္းမွာလည္း သမားေတာ္ၾကီး ေဒါက္တာေဒၚမာမာၾကည္က ဦးေဆာင္ၿပီး တျခားေသာဆရာဝန္ၾကီးေတြကလည္း Fever Clinic ေဆးခန္းေတြမွာ ကုသမႈေပးေနတဲ့ ဆရာဝန္ေတြကို သင္တန္းေပးမွာပါ။ အခု Fever Clinic ေဆးခန္းေတြ ရန္ကုန္မွာဖြင့္ထားတာ ၇ခုေလာက္ရွိပါတယ္။ ဆက္ၿပီး ဖြင့္ဖို႔စီစဥ္ေနတာလည္း ေလးငါးေျခာက္ခုေလာက္ရွိတယ္ မႏၱေလးမွာလည္း ၂ခုရွိတယ္ ထပ္ၿပီးလည္းတိုးခ်ဲ႕ဖို႔စီစဥ္ေနပါတယ္။”

အခုဆိုရင္ေတာ့ ရန္ကုန္တိုင္းအပါအဝင္ မႏၱေလးတုိင္းမွာလည္း ေစတနာ့ဝန္ထမ္း အထူးကုဆရာဝန္ၾကီးေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဦးေဆာင္ၿပီး ကုသေပးေနတဲ့ အခမဲ့ Fever Clinic ေဆးခန္းေတြဖြင့္လွစ္ေနသလို က်န္တဲ့တိုင္းနဲ႔ျပည္နယ္ေတြမွာလည္း ဖြင့္လွစ္ဖို႔ၾကိဳးစားေဆာင္ရြက္ေနၾကပါတယ္။ ျပည္သူလူထုအေနနဲ႔ အထူးသျဖင့္ ကိုယ္ပူမက်န္းမာဖ်ားနာလာလို႔ က်န္းမာေရးအကူအညီ အေရးေပၚလိုအပ္လာရင္ Fever Clinic ေတြမွာ လာၿပီး ကုသၾကဖို႔ပရဟိတဆရာဝန္ေတြေဆးပညာရွင္ေတြက တိုက္တြန္းသလို ေစတနာ့ဝန္ထမ္းလုပ္ဖို႔ ဆႏၵရွိတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ လုပ္အားဒါနေပးလိုသူေတြအေနနဲ႔ ဆက္သြယ္ၾကဖို႔လည္း ဦးေဆာင္လႈပ္ရွားေနတဲ့ ဆရာဝန္ေတြကေမတၱာရပ္ခံႏိုးေဆာ္ေနပါတယ္။

အခမဲ့ Fever Clinic မၾကာခင္ျပန္ဖြင့္မည္
please wait

No media source currently available

0:00 0:03:32 0:00
တိုက္႐ိုက္ လင့္ခ္


............

အခမဲ့ Fever Clinic မကြာခင်ပြန်ဖွင့်မည်

(Unicode)

ယာယီပိတ်မယ်လို့ ကြေညာခဲ့တဲ့ အခမဲ့ Fever Clinic ဆေးခန်းတွေ လာမယ့်သီတင်းပတ်ကစလို့ပုံမှန်ပြန်ဖွင့်လှစ်တော့မယ့်အကြောင်း မဆုမွန် ပြောပြမှာပါ။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကိုကာကွယ်တားဆီးနိုင်ရေး ပြည်သူတွေ နေအိမ်ထဲနေကြဖို့ ညွှန်ကြားထားချိန်နာဖျားပြီး မကျန်းမမာဖြစ်လာရင် စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီးဖွင့်ထားတဲ့ အခမဲ့ Fever Clinic ဆေးခန်းတွေ မှာ သွားကုနိုင်တာပါ။ ရန်ကုန်မြို့တွင်းက အင်းစိန်၊ မင်္ဂလာတောင်ညွှန့် ၊တာမွေ၊ သင်္ကန်းကျွန်း၊ ဗိုလ်တထောင်စတဲ့ မြို့နယ်တချို့နဲ့ လှိုင်သာယာ ရွှေပြည်သာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စတဲ့မြို့သစ်တွေမှာပါ တိုးချဲ့ဖွင့်လှစ်ထားတဲ့ ဒီ Fever Clinic ဖျားနာ လူနာဆေးကုခန်းတွေ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့ ကူးစက်မှု ကာကွယ်ရေး အစီအစဉ်တွေ လုပ်မှာဖြစ်တဲ့အတွက်ဧပြီလ၁၇ရက်နေ့ကစ ယာယီ ပိတ်ထားမှာ ဖြစ်ကြောင်း ဖျားနာလူနာတွေအနေနဲ့ မိမိတို့ရဲ့ နီးစပ်တဲ့ အစိုးရဆေးရုံဆေးခန်းတွေကိုပဲသွားပြကြဖို့ ကြေညာခဲ့ပါတယ်။

ဧပြီလ ၁၇ရက်နေ့ကတော့ Fever Clinic ဖျားနာလူနာဆေးကုခန်းတွေမှာ ဆေးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက် လာမယ့် ဧပြီလ ၂၀ရက်နေ့ကစလို့ အခမဲ့ Fever Clinic ဆေးခန်းတွေပုံမှန်ပြန်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ အခမဲ့ Fever Clinic ဆေးခန်းတွေဖွင့်လှစ်နိုင်ရေး ပူးပေါင်းလှုပ်ရှားနေသူဆရာဝန်တွေက လူထုကို သတင်းစကားပါးကြပါတယ်။ အခမဲ့ Fever Clinic ဆေးခန်းတွေမှာ လိုက်ပြီး စေတနာ့ဝန်ထမ်းဆေးကုပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန်ဒေါက်တာကျော်စွာဦးက ဗွီအိုအေမြန်မာပိုင်းကို နောက်ဆုံးအခြေအနေပြောပြပါတယ်။

“ အဓိကကတော့ ဒီဆေးခန်းတွေကနေ လူနာအချင်းချင်းကနေ ထိတွေ့ဆက်ဆံတာကနေ ကူးစက်မှာကိုလည်း စိုးရိမ်တာပါတယ်။ အဲ့ဒီ့အထဲမှာမှ ကိုဗစ်သံသယလူနာတွေ၊ ကိုဗစ်ကူးစက်သူတွေ ပါလာခဲ့မယ်ဆိုရင် ဒီကဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ထိစပ်ပြီး ကူးစက်မှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် လိုအပ်တဲ့လမ်းညွှန်မှု SOP တွေ ပေါ့နော် standard operating procedure (SOP) တွေ နဲ့ ဒီ့ထက်ပိုပြီးတော့ ကောင်းအောင် Guidelines တွေ နဲ့ လိုအပ်တဲ့သင်တန်းတွေ ပေးပြီး ဆေးခန်းဖွဲ့စည်းပုံကအစ အားလုံးသေချာအောင်ဖြစ်အောင်ဆိုပြီး ဒီနေ့ ခေတ္တယာယီ ပိတ်ထားတာပါခင်ဗျ။မိဘပြည်သူတွေလည်းသိစေချင်တာက အင်းစိန်က အင်းစိန်ပြည်သူ့ဆေးရုံကြီးက ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည်ဖွင့်ထားတဲ့ဆေးခန်းမှာက ဆရာမကြီးက သမားတော်ကြီးလည်းဖြစ်တယ် standard operating procedure (SOP)တွေနဲ့ စနစ်တကျဖွင့်ထားတယ် သူတို့ဆေးခန်းကတော့ ဆက်ရပ်တည်နေတယ်။ အခု လူငယ်ဆရာဝန်တွေဘက်ကလည်း လက်ရှိကာလမှာ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ တာဝန်တခုဝိုင်းပြီးတော့ ထမ်းပေးချင်ကြတယ်။ ဒါကိုပိုပြီးတော့ စနစ်ကျအောင် လမ်းညွှန်မှုတခုချပေးတာပါ မိဘပြည်သူတွေ စိတ်ပူမှာစိုးလို့ပါ။”

နိုင်ငံတော်အတိုင်ပင်ခံကလည်း COVID-19 အရေး လူထုနဲ့ ဆက်သွယ်ပြောဆိုတာတွေမှာ Fever Clinic တွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်ကြဖို့ ကိုလည်း တိုက်တွန်းလိုက်ပြီးတဲ့နောက် အခုလိုအဆင့်ဆင့်ဆောင်ရွက်လာတာပါ။ အဓိကကတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်နိုင်အောင် အခမဲ့ Fever Clinic ဆေးခန်းတွေမှာ WHO ရဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ စနစ်တကျကုသမှုပေးနိုင်ရေး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမဖြစ်စေရေးအပါအဝင် သံသယလူနာတွေ့ရှိလာရင်လည်း စိစစ်ပေးနိုင်ဖို့နဲ့ ဆေးရုံတွေကို အမြန်ဆုံး လူနာလွှဲပြောင်းမှုတွေ စနစ်တကျ ဆက်သွယ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်း စီစဉ်ဆောင်ရွက်နေပါတယ်လို့လည်း ဒေါက်တာကျော်စွာဦးက ပြောပြပါတယ်။

“ အခု ကျနော်တို့ ဖျားနာဆေးကုခန်းကို လာရောက်ကြတဲ့ သံသယလူနာတွေ ဒါမှမဟုတ်ရင် ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့သူတွေ့ရင် ချက်ချင်း ကျနော်တို့ဆီကနေ လွှဲပို့နိုင်အောင်ပေါ့ အခုဆိုရင်လည်း ဆေးရုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ပိုကောင်းအောင် လူနာကို သယ်ဆောင်သွားတဲ့ ကိစ္စတွေကအစ စိတ်ချလုံခြုံမှုရှိအောင် စီစဉ်ဖို့အတွက်ဖြစ်ပါတယ်။ အခုက ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်ရော ပါမောက္ခတွေရော ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးကအစ အားလုံးက အားပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ကူညီကုသပေးနေတဲ့ဆရာဝန်တွေလည်း ကူးစက်မှုမရှိအောင် ကျနော်တို့ကို ခဏ ယာယီနားခိုင်းထားတဲ့သဘောပါ။ အခုဆိုရင်တော့ လာမယ့် တနင်္ဂနွေ မှာ မြန်မာနိုင်ငံဆရာဝန်များ အသင်းမှာလည်း သမားတော်ကြီး ဒေါက်တာဒေါ်မာမာကြည်က ဦးဆောင်ပြီး တခြားသောဆရာဝန်ကြီးတွေကလည်း Fever Clinic ဆေးခန်းတွေမှာ ကုသမှုပေးနေတဲ့ ဆရာဝန်တွေကို သင်တန်းပေးမှာပါ။ အခု Fever Clinic ဆေးခန်းတွေ ရန်ကုန်မှာဖွင့်ထားတာ ၇ခုလောက်ရှိပါတယ်။ ဆက်ပြီး ဖွင့်ဖို့စီစဉ်နေတာလည်း လေးငါးခြောက်ခုလောက်ရှိတယ် မန္တလေးမှာလည်း ၂ခုရှိတယ် ထပ်ပြီးလည်းတိုးချဲ့ဖို့စီစဉ်နေပါတယ်။”

အခုဆိုရင်တော့ ရန်ကုန်တိုင်းအပါအဝင် မန္တလေးတိုင်းမှာလည်း စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီး ကုသပေးနေတဲ့ အခမဲ့ Fever Clinic ဆေးခန်းတွေဖွင့်လှစ်နေသလို ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဖွင့်လှစ်ဖို့ကြိုးစားဆောင်ရွက်နေကြပါတယ်။ ပြည်သူလူထုအနေနဲ့ အထူးသဖြင့် ကိုယ်ပူမကျန်းမာဖျားနာလာလို့ ကျန်းမာရေးအကူအညီ အရေးပေါ်လိုအပ်လာရင် Fever Clinic တွေမှာ လာပြီး ကုသကြဖို့ပရဟိတဆရာဝန်တွေဆေးပညာရှင်တွေက တိုက်တွန်းသလို စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လုပ်အားဒါနပေးလိုသူတွေအနေနဲ့ ဆက်သွယ်ကြဖို့လည်း ဦးဆောင်လှုပ်ရှားနေတဲ့ ဆရာဝန်တွေကမေတ္တာရပ်ခံနိုးဆော်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG