သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ဂ်ပန္ေရာက္ ျမန္မာေတြ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲမ်ား


ဂ်ပန္ Yokohama ဘူတာရံုျမင္ကြင္း

(Zawgyi/Unicode)

COVID-19နဲ႔ ပတ္သက္တဲ့ အေရးေပၚေၾကညာခ်က္ကို ဂ်ပန္အစိုးရက ျပန္လည္႐ုပ္သိမ္းၿပီးတဲ့ေနာက္ ဂ်ပန္ေရာက္ျမန္မာေတြရဲ႕ လတ္တေလာအေျခအေနနဲ႔ပတ္သက္ၿပီး VOA သတင္းေထာက္ မစုစု ဆက္သြယ္ေမးျမန္းထားပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ကိုဗစ္ေရာဂါဆိုင္ရာ အေရးေပၚေၾကညာခ်က္ကို ျပန္လည္႐ုပ္သိမ္းေၾကာင္း ၿပီးခဲ့တဲ့ ၂၅ရက္ေန႔တုန္းက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီလို႐ုပ္သိမ္းၿပီးတဲ့ေနာက္မွာပဲ တိုက်ိဳၿမိဳ႕တြင္းက ေဆး႐ုံသူနာျပဳသုံးဦး ေရာဂါကူးစက္ခံထားရၿပီး၊ အေရးေပၚကာလကို ႐ုပ္သိမ္းလိုက္ေပမယ့္ ဒီေရာဂါကူးစက္ခံရမႈမရွိေစဖို႔ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း သတိေပးႏႈိးေဆာ္တာေတြကိုလည္း အခ်င္းခ်င္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဧၿပီလလယ္ေလာက္မွာ ထုတ္ျပန္ခဲ့တဲ့ ဒီအေရးေပၚေၾကညာခ်က္ေနာက္ပိုင္း ဂ်ပန္ႏိုင္ငံတြင္းက စီးပြားေရးလုပ္ငန္းတခ်ိဳ႕ အေရာင္းအဝယ္က်သြားၾကသလို၊ ရပ္ဆိုင္းလိုက္ရတဲ့အေျခအေနထိ ေရာက္သြားခဲ့တဲ့လုပ္ငန္းေတြလည္း ရွိခဲ့ပါတယ္။ အဲဒီလုပ္ငန္းေတြမွာ အခ်ိန္ပိုင္းဝင္ေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သားအမ်ားစုဟာလည္း အလုပ္လက္မဲ့ေတြျဖစ္ကုန္တဲ့အထိ ျဖစ္သြားတယ္လို႔ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားမ်ားအသင္း (ဂ်ပန္) က အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးသန္းေဆြက VOA ကိုေျပာပါတယ္။

“ဒါေပမယ့္ ဒီ၂၅ရက္ေန႔မွာ အေရးေပၚအေျခအေနကို ႐ုပ္သိမ္းလိုက္ၿပီလို႔ ေၾကညာေသာ္လည္းပဲ ဒီတိုက်ိဳဧရိယာ ပတ္ဝန္းက်င္မွာ ဗိုင္းရပ္စ္ပိုးေတြ႕တဲ့ဦးေရ နည္းနည္းျပန္တက္လာတယ္။ တခ်ိဳ႕ေတြက ပိုၿပီးေတာ့လူစုလူေဝးျဖစ္လာမယ္ဆိုရင္ စိုးရိမ္ဖြယ္ရာေတြျဖစ္လာမယ္လို႔ ေတြးတဲ့သူေတြလည္းရွိသလို၊ အခုခ်ိန္မွာလူတိုင္းက ေၾကာက္စိတ္နဲ႔မဝံ့မရဲျဖစ္ေနၾကေတာ့ စီးပြားေရးလုပ္ငန္းေတြပုံမွန္ျပန္လည္ပတ္ဖို႔က အခ်ိန္ေတာ္ေတာ္ယူရလိမ့္မယ္လို႔ က်ေတာ္တို႔ခန႔္မွန္းပါတယ္။ ျမန္မာအမ်ားစုက အခ်ိန္ပိုင္း အလုပ္ေတြလုပ္ၾကတာျဖစ္တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားေလာက္က ဝင္ေငြမရွိတဲ့အေနအထားအထိ ခက္ခက္ခဲခဲရင္ဆိုင္ရတာကိုလည္း က်ေနာ္တို႔ၾကားရပါတယ္။”

ဂ်ပန္လူဝင္မႈႀကီးၾကပ္ေရးက ထုတ္ျပန္ထားတဲ့ကိန္းဂဏန္းေတြအရဆို ကိုဗစ္ကာလအတြင္း ဂ်ပန္ႏိုင္ငံတြင္းမွာေနထိုင္တဲ့ ျမန္မာႏိုင္ငံသားဦးေရဟာ သုံးေသာင္းနီးပါးမွာရွိေနပါတယ္။

ဂ်ပန္ေရာက္ျမန္မာတခ်ိဳ႕ ေနရပ္ျပန္ဖို႔အတြက္ အခက္အခဲေတြရွိေနၿပီး ဒါေတြကို သံ႐ုံးဘက္က ေဆာင္႐ြက္ေပးေနတဲ့အပိုင္းမွာ အခ်ိန္ၾကန႔္ၾကာမႈေတြရွိေနတယ္လို႔လည္း ဦးသန္းေဆြက အခုလိုဆက္ေျပာပါတယ္။

“တခ်ိဳ႕ဒီမွာဒုကၡေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတာ္ေတာ္မ်ားမ်ားက ျပန္ဖို႔အတြက္ အခက္အခဲေတြရွိေနတယ္။ ဥပမာ ဒီေရာက္ၿပီး အေၾကာင္းေၾကာင္းေၾကာင့္ ပတ္စ္ပို႔ေပ်ာက္သြားတဲ့သူေတြ၊ အေၾကာင္းေၾကာင္းေၾကာင့္ ဒီႏိုင္ငံမွာေနထိုင္ခြင့္မရတဲ့သူေတြက ျမန္မာႏိုင္ငံသားျဖစ္ေၾကာင္း အေထာက္အထားေတြကို သံ႐ုံးကိုေလွ်ာက္ထားတဲ့အခါ တခ်ိဳ႕ေတြဆိုရင္ ၂ႏွစ္၊ ၃ႏွစ္ေလာက္ရွိၿပီ၊ ဒီအေထာက္အထားေတြမရဘူး။ အဲဒါေၾကာင့္ ဒါေတြကို အစိုးရအေပၚပိုင္းက လူႀကီးေတြသိေရာသိရဲ႕လား။ ဒါနဲ႔ပတ္သက္လို႔ လုပ္ထုံးလုပ္နည္းေတြ ဘာလို႔မ်ားဒီေလာက္ၾကန႔္ၾကာေနလဲဆိုတာေလ။ ဒါေတြကိုသိေအာင္လုပ္ၿပီးေတာ့ ေဆာင္႐ြက္ေပးမယ္ဆိုရင္ ကိုယ့္ျမန္မာႏိုင္ငံသားေတြကို တကယ္ကူညီေစာင့္ေရွာက္ရာ ေရာက္လိမ့္မယ္လို႔ေျပာခ်င္ပါတယ္။”

ကိုဗစ္ကာလမွာရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ဂ်ပန္အစိုးရက လူတဦးကို ဂ်ပန္ယန္းေငြ ၁၀၀,၀၀၀ စီ ေထာက္ပံ့ေပးသြားမွာပါ။ အဲဒီထဲမွာ ေနထိုင္သူအေျခခံမွတ္ပုံတင္စာရင္းဝင္တဲ့ ႏိုင္ငံျခားသားေတြလည္း အက်ဳံးဝင္တာေၾကာင့္ ျမန္မာႏိုင္ငံသားေတြလည္း ေထာက္ပံ့ေငြ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံမွာေနထိုင္တာ ႏွစ္ ၂၀ေက်ာ္ၿပီျဖစ္တဲ့ ကိုဘိုဘိုကလည္း အစိုးရကေထာက္ပံ့တဲ့ ယန္းေငြ ၁၀၀,၀၀၀ ကိုခံစားခြင့္ရထားသူျဖစ္ပါတယ္။

“ကုမၸဏီေတာ္ေတာ္မ်ားမ်ားကလည္း ပိတ္ကုန္တယ္ဗ်ာ။ တခ်ိဳ႕ေတာင့္တင္းတဲ့ ကုမၸဏီေတြကလည္း ပိတ္ၿပီးျပန္ဖြင့္တဲ့အခါက်ရင္ လူေတြေလွ်ာ့တယ္ေပါ့။ အလုပ္လက္မဲ့ေတြအမ်ားႀကီး ထြက္လာတယ္။ အလုပ္အသစ္ေတြ ထပ္ထြက္လာဖို႔ဆိုတာ ေတာ္ေတာ္ေလးေတာ့ခဲယဥ္းေသးတယ္။ ဒါေပမယ့္ အားေတာ့မေလွ်ာ့နဲ႔ေပါ့ေလ။ ႀကိဳးႀကိဳးစားစားနဲ႔ဆက္ရွာသြားရင္ တခုမဟုတ္တခုေတာ့ ေတြ႕ၾကရမွာပဲ။ က်ေနာ္ကိုယ္တိုင္လည္း အလုပ္ရွာေနတယ္။ က်ေနာ္ကိုယ္တိုင္ကလည္း အလုပ္က အခုေလာေလာဆယ္မရွိဘူးျဖစ္ေနတယ္။”

အခုလိုအေျခအေနမ်ိဳးမွာ အစိုးရဟာ ျပည္သူေတြဆီကရရွိထားတဲ့ အခြန္ေငြေတြထဲကပဲ ျပန္လည္ေထာက္ပံ့တာျဖစ္လို႔ ဂ်ပန္ေရာက္ျမန္မာေတြလည္း အခြန္ေငြပုံမွန္ေပးေဆာင္ဖို႔ကို သူကတိုက္တြန္းထားပါတယ္။

ကိုဗစ္ေရာဂါကူးစက္မႈ တားဆီးကာကြယ္ေရးအစီအမံေတြေၾကာင့္ ျမန္မာႏိုင္ငံကိုျပန္ဖို႔အခက္အခဲရွိေနတဲ့ ဂ်ပန္ေရာက္ျမန္မာေတြထဲက ၁၉၅ဦးကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေမလ ၂ရက္ေန႔က ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဂ်ပန္ႏိုင္ငံကိုေရာက္ရွိလာၿပီး ျပန္ဖို႔အတြက္ ႏွစ္ခ်ီၾကာအခက္အခဲရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ကိုလည္း အစိုးရအေနနဲ႔ ကူညီေဆာင္႐ြက္ေပးဖို႔ကို ေတာင္းဆိုထားၾကပါတယ္။

ဒီကေန႔စာရင္းေတြအရဆို ႏိုင္ငံေပါင္း ၂၁၃ ႏိုင္ငံက လူေပါင္း ၅၈ သိန္းေက်ာ္ကို ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၃၅၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေရာဂါေပ်ာက္ကင္းသူအေရအတြက္ဟာလည္း ၂၅သိန္းေက်ာ္အထိ ရွိထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကာလ ဂျပန်ရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများ

(Unicode)

COVID-19နဲ့ ပတ်သက်တဲ့ အရေးပေါ်ကြေညာချက်ကို ဂျပန်အစိုးရက ပြန်လည်ရုပ်သိမ်းပြီးတဲ့နောက် ဂျပန်ရောက်မြန်မာတွေရဲ့ လတ်တလောအခြေအနေနဲ့ပတ်သက်ပြီး VOA သတင်းထောက် မစုစု ဆက်သွယ်မေးမြန်းထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကိုဗစ်ရောဂါဆိုင်ရာ အရေးပေါ်ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ပြီးခဲ့တဲ့ ၂၅ရက်နေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုရုပ်သိမ်းပြီးတဲ့နောက်မှာပဲ တိုကျိုမြို့တွင်းက ဆေးရုံသူနာပြုသုံးဦး ရောဂါကူးစက်ခံထားရပြီး၊ အရေးပေါ်ကာလကို ရုပ်သိမ်းလိုက်ပေမယ့် ဒီရောဂါကူးစက်ခံရမှုမရှိစေဖို့ မြန်မာနိုင်ငံသားအချင်းချင်း သတိပေးနှိုးဆော်တာတွေကိုလည်း အချင်းချင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီလလယ်လောက်မှာ ထုတ်ပြန်ခဲ့တဲ့ ဒီအရေးပေါ်ကြေညာချက်နောက်ပိုင်း ဂျပန်နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတချို့ အရောင်းအဝယ်ကျသွားကြသလို၊ ရပ်ဆိုင်းလိုက်ရတဲ့အခြေအနေထိ ရောက်သွားခဲ့တဲ့လုပ်ငန်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့တွေဖြစ်ကုန်တဲ့အထိ ဖြစ်သွားတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက VOA ကိုပြောပါတယ်။

“ဒါပေမယ့် ဒီ၂၅ရက်နေ့မှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီလို့ ကြေညာသော်လည်းပဲ ဒီတိုကျိုဧရိယာ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ့တဲ့ဦးရေ နည်းနည်းပြန်တက်လာတယ်။ တချို့တွေက ပိုပြီးတော့လူစုလူဝေးဖြစ်လာမယ်ဆိုရင် စိုးရိမ်ဖွယ်ရာတွေဖြစ်လာမယ်လို့ တွေးတဲ့သူတွေလည်းရှိသလို၊ အခုချိန်မှာလူတိုင်းက ကြောက်စိတ်နဲ့မဝံ့မရဲဖြစ်နေကြတော့ စီးပွားရေးလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်ဖို့က အချိန်တော်တော်ယူရလိမ့်မယ်လို့ ကျတော်တို့ခန့်မှန်းပါတယ်။ မြန်မာအများစုက အချိန်ပိုင်း အလုပ်တွေလုပ်ကြတာဖြစ်တဲ့အတွက် တော်တော်များများလောက်က ဝင်ငွေမရှိတဲ့အနေအထားအထိ ခက်ခက်ခဲခဲရင်ဆိုင်ရတာကိုလည်း ကျနော်တို့ကြားရပါတယ်။”

ဂျပန်လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရဆို ကိုဗစ်ကာလအတွင်း ဂျပန်နိုင်ငံတွင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ သုံးသောင်းနီးပါးမှာရှိနေပါတယ်။

ဂျပန်ရောက်မြန်မာတချို့ နေရပ်ပြန်ဖို့အတွက် အခက်အခဲတွေရှိနေပြီး ဒါတွေကို သံရုံးဘက်က ဆောင်ရွက်ပေးနေတဲ့အပိုင်းမှာ အချိန်ကြန့်ကြာမှုတွေရှိနေတယ်လို့လည်း ဦးသန်းဆွေက အခုလိုဆက်ပြောပါတယ်။

“တချို့ဒီမှာဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတော်တော်များများက ပြန်ဖို့အတွက် အခက်အခဲတွေရှိနေတယ်။ ဥပမာ ဒီရောက်ပြီး အကြောင်းကြောင်းကြောင့် ပတ်စ်ပို့ပျောက်သွားတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် ဒီနိုင်ငံမှာနေထိုင်ခွင့်မရတဲ့သူတွေက မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေကို သံရုံးကိုလျှောက်ထားတဲ့အခါ တချို့တွေဆိုရင် ၂နှစ်၊ ၃နှစ်လောက်ရှိပြီ၊ ဒီအထောက်အထားတွေမရဘူး။ အဲဒါကြောင့် ဒါတွေကို အစိုးရအပေါ်ပိုင်းက လူကြီးတွေသိရောသိရဲ့လား။ ဒါနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေ ဘာလို့များဒီလောက်ကြန့်ကြာနေလဲဆိုတာလေ။ ဒါတွေကိုသိအောင်လုပ်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ကိုယ့်မြန်မာနိုင်ငံသားတွေကို တကယ်ကူညီစောင့်ရှောက်ရာ ရောက်လိမ့်မယ်လို့ပြောချင်ပါတယ်။”

ကိုဗစ်ကာလမှာရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဂျပန်အစိုးရက လူတဦးကို ဂျပန်ယန်းငွေ ၁၀၀,၀၀၀ စီ ထောက်ပံ့ပေးသွားမှာပါ။ အဲဒီထဲမှာ နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်းဝင်တဲ့ နိုင်ငံခြားသားတွေလည်း အကျုံးဝင်တာကြောင့် မြန်မာနိုင်ငံသားတွေလည်း ထောက်ပံ့ငွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာနေထိုင်တာ နှစ် ၂၀ကျော်ပြီဖြစ်တဲ့ ကိုဘိုဘိုကလည်း အစိုးရကထောက်ပံ့တဲ့ ယန်းငွေ ၁၀၀,၀၀၀ ကိုခံစားခွင့်ရထားသူဖြစ်ပါတယ်။

“ကုမ္ပဏီတော်တော်များများကလည်း ပိတ်ကုန်တယ်ဗျာ။ တချို့တောင့်တင်းတဲ့ ကုမ္ပဏီတွေကလည်း ပိတ်ပြီးပြန်ဖွင့်တဲ့အခါကျရင် လူတွေလျှော့တယ်ပေါ့။ အလုပ်လက်မဲ့တွေအများကြီး ထွက်လာတယ်။ အလုပ်အသစ်တွေ ထပ်ထွက်လာဖို့ဆိုတာ တော်တော်လေးတော့ခဲယဉ်းသေးတယ်။ ဒါပေမယ့် အားတော့မလျှော့နဲ့ပေါ့လေ။ ကြိုးကြိုးစားစားနဲ့ဆက်ရှာသွားရင် တခုမဟုတ်တခုတော့ တွေ့ကြရမှာပဲ။ ကျနော်ကိုယ်တိုင်လည်း အလုပ်ရှာနေတယ်။ ကျနော်ကိုယ်တိုင်ကလည်း အလုပ်က အခုလောလောဆယ်မရှိဘူးဖြစ်နေတယ်။”

အခုလိုအခြေအနေမျိုးမှာ အစိုးရဟာ ပြည်သူတွေဆီကရရှိထားတဲ့ အခွန်ငွေတွေထဲကပဲ ပြန်လည်ထောက်ပံ့တာဖြစ်လို့ ဂျပန်ရောက်မြန်မာတွေလည်း အခွန်ငွေပုံမှန်ပေးဆောင်ဖို့ကို သူကတိုက်တွန်းထားပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံတွေကြောင့် မြန်မာနိုင်ငံကိုပြန်ဖို့အခက်အခဲရှိနေတဲ့ ဂျပန်ရောက်မြန်မာတွေထဲက ၁၉၅ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မေလ ၂ရက်နေ့က ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကိုရောက်ရှိလာပြီး ပြန်ဖို့အတွက် နှစ်ချီကြာအခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကိုလည်း အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ကို တောင်းဆိုထားကြပါတယ်။

ဒီကနေ့စာရင်းတွေအရဆို နိုင်ငံပေါင်း ၂၁၃ နိုင်ငံက လူပေါင်း ၅၈ သိန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၃၅၀,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါပျောက်ကင်းသူအရေအတွက်ဟာလည်း ၂၅သိန်းကျော်အထိ ရှိထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG