သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္သတင္းေရးသားမႈနဲ႔ ဖမ္းခံထားရတဲ့ အယ္ဒီတာ ေဇာ္ရဲထက္လႊတ္ေပးဖုိ႔ CPJ ေတာင္းဆုိ


(Zawgyi/Unicode)

COVID-19 သတင္းမွားေရးသားတဲ့ျပစ္မႈနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်ခံလိုက္ရတဲ့ ဒဲ့ေျပာ သတင္း တာဝန္ခံ အယ္ဒီတာ ဦးေဇာ္ရဲထက္ကို ျမန္မာ အာဏာပိုင္ေတြ အေနနဲ႔ ခ်က္ခ်င္း ျပန္လႊတ္ေပးသင့္ေၾကာင္း သတင္းသမားမ်ား အကာအကြယ္ေပးေရး ေကာ္မတီ (CPJ) က ေမလ ၂၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕က ပုဂၢလိကပိုင္ ဒဲ့ေျပာ အြန္လိုင္း သတင္းဌာန တာဝန္ခံ ဦးေဇာ္ရဲထက္က ကရင္ျပည္နယ္မွာ COVID-19 လူနာတစ္ဦး ေသဆုံးခဲ့တယ္လို႔ ေရးသားခဲ့ၿပီးေနာက္ ဧျပီလ ၁၃ ရက္ေန႔မွာ အာဏာပိုင္ေတြက သူ႔ကိုဖမ္းဆီး ထိန္းသိမ္းလိုက္တာလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ သတင္းက မွန္ကန္ တိက်မႈ မရွိဘူး လို႔လည္း ေျပာပါတယ္။

သတင္းေဖာ္ျပၿပီး တလေက်ာ္အၾကာ ေမလ ၂၀ ရက္ေန႔မွာေတာ့ အမ်ားျပည္သူ ေၾကာက္ရြံ႕ ထိတ္လန္႔ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ)နဲ႔ ကရင္ ျပည္နယ္၊ ဘားအံၿမိဳ႕နယ္တရား႐ုံးက ဦးေဇာ္ရဲထက္ကို ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္တာပါ။

မမၽွတတဲ့ စီရင္ခ်က္ျဖစ္လို႔ ဦးေဇာ္ရဲထက္က အသနားခံလႊာ တင္မယ္ဆိုတာ သိရေၾကာင္းနဲ႔ ေရွ႕ေနခ်ဳပ္႐ုံးကို အီးေမးလ္ပို႔ၿပီးဆက္သြယ္ခဲ့ေပမဲ့ ျပန္လည္ ေျဖဆိုျခင္း မရွိဘူးလို႔လည္း CPJ က ေျပာပါတယ္။

CPJ ရဲ႕ အေရွ႕ေတာင္အာရွ တာဝန္ခံ Shawn Crispin က အခုလို ကပ္ေရာဂါ က်ေရာက္ေနတဲ့ အေရးေပၚကာလမွာ သတင္းသမားေတြကို သတင္းေရးသားလို႔ဆိုၿပီး ေထာင္မခ် သင့္ေၾကာင္း၊ ေဇာ္ရဲထက္ကို ခ်က္ခ်င္း ျပန္လည္ လႊတ္ေပးသင့္ေၾကာင္းနဲ႔ သတင္းတင္ျပတာေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ ဥပေဒနဲ႔ ၿခိမ္းေျခာက္ေနတာေတြကို အာဏာပိုင္ေတြအေနနဲ႔ ရပ္ဆိုင္းသင့္ေၾကာင္း ေျပာပါတယ္။

ဧၿပီလ ၁၃ ရက္ေန႔ ညေနပိုင္းမွာ BREAKING NEWS အေနနဲ႔ ျမဝတီ ကိုဗစ္လူနာ ေသဆုံးသြားၿပီလို႔ ဒဲ့ေျပာ သတင္း လူမႈကြန္ယက္မွာ ထုတ္ျပန္ေရးသားခဲ့တာ ျဖစ္ၿပီး ည ၈ နာရီ ၄၈ မိနစ္မွာေတာ့ အဲဒီ သတင္းမွားယြင္းေၾကာင္း စာဖတ္သူေတြကို ေတာင္းပန္ ျပင္ဆင္ခဲ့တယ္လို႔လည္း KIC သတင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကိုဗစ်သတင်းရေးသားမှုနဲ့ ဖမ်းခံထားရတဲ့ အယ်ဒီတာ ဇော်ရဲထက်လွှတ်ပေးဖို့ CPJ တောင်းဆို

(Unicode)

COVID 19 သတင်းမှားရေးသားတဲ့ပြစ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချခံလိုက်ရတဲ့ ဒဲ့ပြော သတင်း တာဝန်ခံ အယ်ဒီတာ ဦးဇော်ရဲထက်ကို မြန်မာ အာဏာပိုင်တွေ အနေနဲ့ ချက်ချင်း ပြန်လွှတ်ပေးသင့်ကြောင်း သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က မေလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့က ပုဂ္ဂလိကပိုင် ဒဲ့ပြော အွန်လိုင်း သတင်းဌာန တာဝန်ခံ ဦးဇော်ရဲထက်က ကရင်ပြည်နယ်မှာ COVID-19 လူနာတစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားခဲ့ပြီးနောက် ဧပြီလ ၁၃ ရက်နေ့မှာ အာဏာပိုင်တွေက သူ့ကိုဖမ်းဆီး ထိန်းသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သတင်းက မှန်ကန် တိကျမှု မရှိဘူး လို့လည်း ပြောပါတယ်။

သတင်းဖော်ပြပြီး တလကျော်အကြာ မေလ ၂၀ ရက်နေ့မှာတော့ အများပြည်သူ ကြောက်ရွံ့ ထိတ်လန့်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ကရင် ပြည်နယ်၊ ဘားအံမြို့နယ်တရားရုံးက ဦးဇော်ရဲထက်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်တာပါ။

မမျှတတဲ့ စီရင်ချက်ဖြစ်လို့ ဦးဇော်ရဲထက်က အသနားခံလွှာ တင်မယ်ဆိုတာ သိရကြောင်းနဲ့ ရှေ့နေချုပ်ရုံးကို အီးမေးလ်ပို့ပြီးဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေဆိုခြင်း မရှိဘူးလို့လည်း CPJ က ပြောပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှ တာဝန်ခံ Shawn Crispin က အခုလို ကပ်ရောဂါ ကျရောက်နေတဲ့ အရေးပေါ်ကာလမှာ သတင်းသမားတွေကို သတင်းရေးသားလို့ဆိုပြီး ထောင်မချ သင့်ကြောင်း၊ ဇော်ရဲထက်ကို ချက်ချင်း ပြန်လည် လွှတ်ပေးသင့်ကြောင်းနဲ့ သတင်းတင်ပြတာတွေကို ထိန်းချုပ်ဖို့အတွက် ဥပဒေနဲ့ ခြိမ်းခြောက်နေတာတွေကို အာဏာပိုင်တွေအနေနဲ့ ရပ်ဆိုင်းသင့်ကြောင်း ပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှာ BREAKING NEWS အနေနဲ့ မြဝတီ ကိုဗစ်လူနာ သေဆုံးသွားပြီလို့ ဒဲ့ပြော သတင်း လူမှုကွန်ယက်မှာ ထုတ်ပြန်ရေးသားခဲ့တာ ဖြစ်ပြီး ည ၈ နာရီ ၄၈ မိနစ်မှာတော့ အဲဒီ သတင်းမှားယွင်းကြောင်း စာဖတ်သူတွေကို တောင်းပန် ပြင်ဆင်ခဲ့တယ်လို့လည်း KIC သတင်းက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG