သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေကို တရုတ်က ပြည်နှင်ဒဏ်ပေးတဲ့အပေါ် ကန် လက်တုံ့ပြန်မည်


(Zawgyi/Unicode)

အမေရိကန် သတင်းထောက် တဒါဇင်ကျော်ကို တရုတ်အစိုးရက ပြည်နှင်ဒဏ် ပေးခဲ့ပြီးနောက် ၊ အမေရိကန်ကလည်း တရုတ်သတင်းထောက်တေ ွရဲ့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာစည်းမျဉ်းကို တင်းကြပ်လိုက်တဲ့အပေါ် လက်တုံ့ပြန်သာွးမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ တရုတ်နိုင်ငံက ခြိမ်းေ ခြာက် ပြောဆိုလိုက်ပါတယ်။

အမေရိကန်သတင်းထောက် တွေအပေါ် တရုတ်က ဆက်ဆံပုံကိုထောက်ပြရင်း အမေရိကန် အမိမြေလုံခြုံရေးဌာနက တရုတ်သတင်းထောက်တွေအတ ွက် သောကြာနေ့ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းသစ်ထဲမှာတော့ - အမေရိကန်မှာ အများဆုံး ရက်(၉၀)သာ နေထိုင်ခွင့် ပြုတော့မယ်လို့ ကြေညာလိုက်တာပါ။ ဒါပေမဲ့ နေထိုင်ခ ွင့် သက်တမ်းတိုးဖို့ လျှောက်ထားနိုင်ခွင့် ရှိ သေးတယ်လို့ ဖေါ်ပြပါတယ်။

လက်ရှိအချိန်ထိ တရုတ်သတင်းထောက်တွေရတဲ့ အမေရိကန် ဗီဇာသက်တမ်းဟာ အဲဒီသတင်းထောက်တွေ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ခ ွင့် သက်တမ်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ မှားယွင်းတဲ့ တုံ့ပြန်ချက် အ ပေါ် မိမိတို့ အကြီးကျယ် စိတ်ပျက်ရသလို၊ အပြင်းထန် ဆန့်ကျင်ကြောင်း ၊ ဒါဟာ တရုတ် သတင်းလောကကို နိုင်ငံရေးနည်းအရ ခြေမှုန်းနေခြင်းသာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခ ွင့်ရ Zhao Lijian က နေ့စဉ်သတင်းစာ ရှင်းလင်းပ ွဲမှာ ပြောသ ွားပါတယ်။

အမေရိကန်ရဲ့ အမှားကို ချက်ချင်း ပြင်ဆင်ဖို့ တောင်းဆိုလိုက်ပြီး ၊ ဒီလိုမှ မဟုတ်ရင် တရုတ်နိုင်ငံကလည်း တန်ပြန် အရေးယူမယ့် နည်းလမ်းကလ ွဲလို့ အခြား ရွေးချယ်စရာ မရှိကြောင်းလည်း Zhao က ပြောသ ွားပေမယ့် ဘယ်လို လက်တုံ့ပြန်မလဲဆိုတဲ့ အသေးစိတ်ကို ထည့်သ ွင်းပြော မသွားပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကိုရိုနာဗိုင်းရပ်စ်ကိုင်တ ွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ တရုတ်အစိုးရ ပေါ် ဝေဖန်ရေးသားတဲ့ ဆောင်းပါးတ စောင် ဖေါ်ပြခဲ့ပြီးနောက် Wall Street Journal သတင်းထောက် ၃ ဦးကို တရုတ်က ပြည်နှင်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG