သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘး အေမရိကန္နဲ႔ တ႐ုတ္တို႔ အျပန္အလွန္ အျပစ္ဖို႔


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo. (ဧၿပီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားပုံနဲ႔ ကိုင္တြယ္ပုံေတြအေပၚ အေမရိကန္နဲ႔ တ႐ုတ္ ထိပ္တန္းတာဝန္ရွိသူေတြအၾကား အျပန္အလွန္ ျပစ္တင္ေျပာဆိုေနၾကပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ ဝူဟန္ၿမိဳ႕ ဓာတ္ခြဲခန္းက ထြက္လာတယ္လို႔ ေျပာေနတဲ့ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo ဟာ ႏုိင္ငံေရးကစားေနတာ ျဖစ္တယ္လို႔ တ႐ုတ္ဘက္က စြပ္စြဲေနသလို ဝန္ႀကီး Pompeo ကလည္း COVID-19 သတင္းအခ်က္အလက္ေတြ မွ်ေဝေပးဖို႔ တ႐ုတ္ႏုိင္ငံကို ေတာင္းဆိုေနပါတယ္။ ဗြီအိုေအသတင္းေထာက္ Cindy Saine ရဲ႕ သတင္းလႊာကို ကုိရဲမင္းထြန္း တင္ျပေပးထားပါတယ္။

COVID-19 ေရာဂါ ဝူဟန္ၿမိဳ႕မွာ စျဖစ္ခဲ့တယ္ဆိုတဲ့ အခ်က္အေပၚမွာေတာ့ ႏွစ္ဖက္ သေဘာတူၾကပုံ ေပၚပါတယ္။ ဒါေပမယ့္ ဘယ္လိုျဖစ္သလဲဆိုတဲ့ အခ်က္အေပၚမွာေတာ့ သေဘာမတူၾကပါဘူး။ ဒီဗိုင္းရပ္စ္ ဝူဟန္ဓာတ္ခြဲခန္းက ေပါက္ဖြားလာတဲ့ အေထာက္အထားေတြ တပုံႀကီးရွိတယ္ဆိုၿပီး ဝန္ႀကီး Pompeo ေျပာခဲ့တဲ့အခ်က္ကို သတင္းေထာက္ေတြက ေမးရာမွာ...

“ဒီကိစၥကို တကယ္ပဲ ျမန္ျမန္ ေျဖရွင္းႏုိင္ပါတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႔ကို ကတိေပးထားတဲ့အတိုင္း ပြင့္လင္းျမင္သာစြာနဲ႔ ဖြင့္ေပးမယ္ဆိုတဲ့ ႐ုိး႐ုိးရွင္းရွင္း လုပ္စရာရွိတာေတြကို တ႐ုတ္ကြန္ျမဴနစ္ပါတီက လုပ္ေပးႏုိင္ပါတယ္။ ဒီလိုကပ္ေရာဂါမ်ိဳး မထိန္းခ်ဳပ္ႏုိင္ေလာက္ေအာင္ ေနာင္မျဖစ္ေစဖို႔ တျခား ကမၻာ့နိုင္ငံေတြ လုပ္ႏုိင္တဲ့အရာမ်ိဳးပါ။” လို႔ Pompeo က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ေဘဂ်င္းၿမိဳ႕မွာလည္း တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Hua Chunying က Pompeo ရဲ႕ စကားဟာ ျပည္တြင္းႏုိင္ငံေရးကစားဖို႔ လုပ္ေနတာပါလို႔ ျပန္ၿပီး စြပ္စြဲလိုက္ပါတယ္။

“Mr. Pompeo က ဗိုင္းရပ္စ္ရဲ႕ ဇာစ္ျမစ္ကို ခဏခဏ ေျပာေနပါတယ္။ ဒါေပမယ့္ အေထာက္အထားလည္း တခါမွ မျပဘူး။ ဒါက ရွိမွမရွိတာ။ ဒါက သိပၸံပညာရွင္ေတြနဲ႔ ေဆးပညာကၽြမ္းက်င္သူေတြ လုပ္ရမယ့္ကိစၥပါ။ ႏုိင္ငံေရးသမားေတြ အေနနဲ႔ ျပည္တြင္းႏုိင္ငံေရးအတြက္ လိမ္ညာေျပာေနတာေတြ ဆက္မလုပ္ဖို႔ လိုပါတယ္။”

ဂ်ာမနီ၊ ၿဗိတိန္နဲ႔ ဩစေၾတးလ်တို႔ အပါအဝင္ တျခား ကမၻာ့ႏုိင္ငံေတြကေတာ့ ဝူဟန္မွာ ကူးစက္မႈျဖစ္ခဲ့တဲ့ အခ်က္အလက္ေတြကို ပိုၿပီး သိခ်င္ေနပါတယ္။ သိပၸံပညာရွင္ေတြ ေျပာတာကို တ႐ုတ္တို႔ ခြင့္ျပဳသင့္တယ္လို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။

“လူေတြ ေဘးရန္ကင္းဖို႔ က်ေနာ္တုိ႔ လိုအပ္ေနတဲ့ သတင္းအခ်က္အလက္ေတြကို တ႐ုတ္ႏုိင္ငံက ေပးဖို႔ ျငင္းဆန္ေနပါတယ္။ ဗိုင္းရပ္စ္နဲ႔ဆိုင္တဲ့ ဓာတ္ခြဲနမူနာေတြ၊ သုေတသန ျပဳထားတာေတြ၊ ၂၀၁၉ ဒီဇင္ဘာလတုန္းက ဖ်ားနာခဲ့တဲ့ လူနာေတြရဲ႕ အေသးစိတ္မွတ္တမ္းေတြလို သတင္းအခ်က္အလက္ေတြပါ။ ဒီဗိုင္းရပ္စ္ကို ပထမဆုံး ကူးခံရတဲ့ လူနာအမွတ္ဇီး႐ုိးအေၾကာင္း သိခ်င္သလား ဆိုရင္ေတာ့ ေမးေနစရာေတာင္ မလိုပါဘူး။”

Pompeo က ဒီလို အခ်က္အလက္ေတြ ေတာင္းၿပီး ပြင့္လင္းျမင္သာဖို႔ ေျပာေနတာဟာ ႏုိင္ငံေရးေၾကာင့္ မဟုတ္ဘဲ လူ႔အသက္ေတြကို ကယ္တင္ဖို႔ပါလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန် အပြစ်ဖို့

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားပုံနဲ့ ကိုင်တွယ်ပုံတွေအပေါ် အမေရိကန်နဲ့ တရုတ် ထိပ်တန်းတာဝန်ရှိသူတွေအကြား အပြန်အလှန် ပြစ်တင်ပြောဆိုနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဝူဟန်မြို့ ဓာတ်ခွဲခန်းက ထွက်လာတယ်လို့ ပြောနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ နိုင်ငံရေးကစားနေတာ ဖြစ်တယ်လို့ တရုတ်ဘက်က စွပ်စွဲနေသလို ဝန်ကြီး Pompeo ကလည်း COVID-19 သတင်းအချက်အလက်တွေ မျှဝေပေးဖို့ တရုတ်နိုင်ငံကို တောင်းဆိုနေပါတယ်။ ဗွီအိုအေသတင်းထောက် Cindy Saine ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း တင်ပြပေးထားပါတယ်။

COVID-19 ရောဂါ ဝူဟန်မြို့မှာ စဖြစ်ခဲ့တယ်ဆိုတဲ့ အချက်အပေါ်မှာတော့ နှစ်ဖက် သဘောတူကြပုံ ပေါ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်သလဲဆိုတဲ့ အချက်အပေါ်မှာတော့ သဘောမတူကြပါဘူး။ ဒီဗိုင်းရပ်စ် ဝူဟန်ဓာတ်ခွဲခန်းက ပေါက်ဖွားလာတဲ့ အထောက်အထားတွေ တပုံကြီးရှိတယ်ဆိုပြီး ဝန်ကြီး Pompeo ပြောခဲ့တဲ့အချက်ကို သတင်းထောက်တွေက မေးရာမှာ...

“ဒီကိစ္စကို တကယ်ပဲ မြန်မြန် ဖြေရှင်းနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကတိပေးထားတဲ့အတိုင်း ပွင့်လင်းမြင်သာစွာနဲ့ ဖွင့်ပေးမယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်း လုပ်စရာရှိတာတွေကို တရုတ်ကွန်မြူနစ်ပါတီက လုပ်ပေးနိုင်ပါတယ်။ ဒီလိုကပ်ရောဂါမျိုး မထိန်းချုပ်နိုင်လောက်အောင် နောင်မဖြစ်စေဖို့ တခြား ကမ္ဘာ့နိုင်ငံတွေ လုပ်နိုင်တဲ့အရာမျိုးပါ။” လို့ Pompeo က ပြောပါတယ်။

တချိန်တည်းမှာပဲ ဘေဂျင်းမြို့မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က Pompeo ရဲ့ စကားဟာ ပြည်တွင်းနိုင်ငံရေးကစားဖို့ လုပ်နေတာပါလို့ ပြန်ပြီး စွပ်စွဲလိုက်ပါတယ်။

“Mr. Pompeo က ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို ခဏခဏ ပြောနေပါတယ်။ ဒါပေမယ့် အထောက်အထားလည်း တခါမှ မပြဘူး။ ဒါက ရှိမှမရှိတာ။ ဒါက သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာကျွမ်းကျင်သူတွေ လုပ်ရမယ့်ကိစ္စပါ။ နိုင်ငံရေးသမားတွေ အနေနဲ့ ပြည်တွင်းနိုင်ငံရေးအတွက် လိမ်ညာပြောနေတာတွေ ဆက်မလုပ်ဖို့ လိုပါတယ်။”

ဂျာမနီ၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ အပါအဝင် တခြား ကမ္ဘာ့နိုင်ငံတွေကတော့ ဝူဟန်မှာ ကူးစက်မှုဖြစ်ခဲ့တဲ့ အချက်အလက်တွေကို ပိုပြီး သိချင်နေပါတယ်။ သိပ္ပံပညာရှင်တွေ ပြောတာကို တရုတ်တို့ ခွင့်ပြုသင့်တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

“လူတွေ ဘေးရန်ကင်းဖို့ ကျနော်တို့ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံက ပေးဖို့ ငြင်းဆန်နေပါတယ်။ ဗိုင်းရပ်စ်နဲ့ဆိုင်တဲ့ ဓာတ်ခွဲနမူနာတွေ၊ သုတေသန ပြုထားတာတွေ၊ ၂၀၁၉ ဒီဇင်ဘာလတုန်းက ဖျားနာခဲ့တဲ့ လူနာတွေရဲ့ အသေးစိတ်မှတ်တမ်းတွေလို သတင်းအချက်အလက်တွေပါ။ ဒီဗိုင်းရပ်စ်ကို ပထမဆုံး ကူးခံရတဲ့ လူနာအမှတ်ဇီးရိုးအကြောင်း သိချင်သလား ဆိုရင်တော့ မေးနေစရာတောင် မလိုပါဘူး။”

Pompeo က ဒီလို အချက်အလက်တွေ တောင်းပြီး ပွင့်လင်းမြင်သာဖို့ ပြောနေတာဟာ နိုင်ငံရေးကြောင့် မဟုတ်ဘဲ လူ့အသက်တွေကို ကယ်တင်ဖို့ပါလို့ ပြောပါတယ်။

XS
SM
MD
LG