သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 နဲ့ပတ်သက်လို့ တရုတ်ဘက်က ပွင့်လင်းမှုမရှိခဲ့ဘူးလို့ ကန် နိုင်ငံခြားရေးဝန်ကြီးထပ်ပြော


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

Zawgyi/Unicode

တရုတ်အစိုးရကသာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးသစ် အကြောင်း အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ချပြခဲ့မယ်ဆိုရင် အခုလို ကမ္ဘာတလွှား လူပေါင်း သိန်းနဲ့ချီ သေဆုံးမှုကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူူးနေ့မှာ ပြောပါတယ်။

“ကမ္ဘာတလွှား လူပေါင်းသိန်းနဲ့ချီ သေဆုံးမှာကို တရုတ်က အကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကမ္ဘာ့စီးပွါးရေးကပ်ဆိုက်မယ့် အခြေနေကလည်း ကယ်တင်နိုင်မှာ ဖြစ်ပေမယ့် တရုတ်က ဖုံးကွယ်ခဲ့ပါတယ်။ ဝူဟန်မှာ စဖြစ်တာကို တရုတ်က ဖုံးကွယ်ခဲ့ပြီး ဒီဗိုင်းရပ်စ်ပိုး နမူနာတွေကို ဖျက်ဆီးပစ်ဖို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ တရုတ် အမျိုးသား ကျန်းမာရေးဌာနက NHC က အမိန့်ပေးခဲ့ပါတယ်” လို့ ပြောသွားတာပါ။

ဒါ့အပြင် တရုတ်အစိုးရဟာ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး ထုတ်ပြောတဲ့ သူ့နိုင်ငံသားတွေကို ဖျောက်ပစ်ခဲ့ကြောင်းနဲ့ အခု ရက်ပေါင်း ၁၂၀ ရှိလာပြီဖြစ်တဲ့ အချိန်မှာတောင် လူကို မကူးစက်အောင် သိထားသင့်တဲ့ အချက်လက်တွေကို မျှဝေဖို့ ငြင်းဆန်နေဆဲပဲလို့လည်း ပြောပါတယ်။

ဒီအချက်အလက်တွေထဲမှ ရောဂါပိုးနဲ့ သက်ဆိုင်တဲ့ သီးခြားခွဲနေရတာတွေ၊ ဓါတ်ခွဲခန်း နမူနာတွေနဲ့ ၂၀၁၉ ဒီဇင်ဘာတုန်းက Covid-19 လူနာအများအပြားနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ပါဝင်ပါတယ်။

ဒီရောဂါ စတင်တာနဲ့ ပတ်သက်ပြီး အခြေအတင် ပြောဆိုမှုတွေ ဖြစ်ပွါးနေချိန်မှာပဲ တနင်္ဂနွေနေ့ကတော့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဝူဟန်က ဓါတ်ခွဲခန်းကနေ လာတာဖြစ်ကြောင်း ဝန်ကြီး Pompeo ကပြောခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွါးမှုအတွက် အမေရိကန်အစိုးရက သက်သေမပါပဲ တရုတ်ကို အပြစ်တင် စွပ်စွဲနေမှုဟာ မှားယွင်းကြောင်း အင်္ဂါနေ့မှာပဲ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီအချိန်ဟာ ကပ်ရောဂါဒဏ်ကို ကမ္ဘာတလွှား ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရချိန်ဖြစ်တဲ့အတွက် WHO ကိုရော တရုတ်နိုင်ငံကိုပါ ဒီလို ဝေဖန် အပြစ်တင်မှုတွေလုပ်ဖို့ မသင့်တော်ဘူးလို့လည်း ပြောပါတယ်။

[Unicode]








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG