သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ သတင္းယူရတဲ့ ျမန္မာသတင္းသမားေတြရဲ႕ အေျခအေန


ရန္ကုန္ရွိ Quarantine စင္တာတခု

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကာလ သတင္းမီဒီယာသမားေတြ ေရာဂါကူးစက္မယ့္ အႏၱရာယ္သာမက အသက္ေမြးဝမ္းေက်ာင္း ရပ္တည္ေနထိုင္ေရး အခက္ေတြ႔လာေနတဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ မဆုမြန္ ေျပာျပမွာပါ။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁၉၀ ေက်ာ္ထဲမွာ သတင္းသမားတဦးလည္း ပါ၀င္ေနၿပီး တခ်ဳိ႕ဟာလည္း ေရာဂါကူးစက္မႈ ရွိမရွိ ေစာင့္ၾကည့္ၿပီး သီးျခားခဲြ ေနထုိင္ေနၾကရတာပါ။ ျပည္ပခရီးသြားရာဇ၀င္ မရွိေပမဲ့ ေရာဂါအတည္ျပဳလူနာနဲ႔ ထိေတြ႔ခဲ့ရာက ကူးစက္မႈ ျဖစ္ခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေမလ ၁၀ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားတဲ့ အသက္ ၂၁ ႏွစ္အရြယ္ အမ်ဳိးသားဟာ အလုပ္သင္သတင္းသမားတဦး ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ တြဲဘက္အတြင္းေရးမွဴး (၁) ဦးျမင့္ေက်ာ္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ဒီသတင္းသမားေတြထဲမွာ Intern Presenter တ‌ေယာက္ကေတာ့Confirm Case ေပါ့ လူနာနံပတ္ ၁၇၉ပါ။ က်န္တဲ့ သတင္းသမားေတြကေတာ့ Quarantine ေပါ့ Hear Myanmar က က်န္တဲ့ သတင္းသမား ၃ေယာက္ သို႔မဟုတ္ ၄ေယာက္ေပါ့။ အဲ့တာက Quarantine အဆင့္ပဲ ေနာက္ အခု ဧရာဝတီတိုင္းက မေလးရွားကျပန္လာတဲ့သူေတြကို အင္တာဗ်ဴးတာနဲ႔ဆက္စပ္ၿပီး အဲ့တာလည္း Quarantine ပဲ။ သူတို႔က ဒီေန႔စ Quarantine ဝင္ရတယ္။”

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့အတြက္ မီဒီယာ လုပ္ငန္းေတြနဲ႔ သတင္းသမားေတြမွာလည္း ထိခုိက္မႈေတြ ႀကံဳေနရတာပါ။ ကိုယ္တိုင္လည္း သတင္းဂ်ာနယ္ မဂၢဇင္းတာဝန္ခံထုတ္ေဝေနသူ Pen Myanmar အဖြဲ႔ရဲ႕ အၾကံေပးပုဂၢိဳလ္ ဦးမ်ိဳးျမင့္ၿငိမ္းကေတာ့ ဲ အခက္အခဲႀကံဳေနရတဲ့ မီဒီယာသမားေတြကုိ သက္ဆုိင္ရာ သတင္းဌာနေတြ အပါအ၀င္ ၀ုိင္း၀န္းကူညီဖုိ႔ တုိက္တြန္းထားပါတယ္။

“ သတင္းသမားေတြ Quarantine ဝင္ရတဲ့အဆင့္ကို ေရာက္ေနၿပီေပါ့ေနာ္ ။ကိုဗစ္၁၉ ဒီလိုအႏၱရာယ္ေတြနဲ႔ ရင္ဆိုင္ေနရၿပီ ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီတို႔ ဘာတို႔ေတာ့ရွိပါတယ္။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔ သတင္းသမားခ်င္းအေနနဲ႔ ေျပာရမယ္ဆိုရင္ ဒီလိုအႏၱရာယ္ေတြကေတာ့ ရင္ဆိုင္ရမွာပဲျဖစ္တယ္။ အဲ့ဒီ့အတြက္ သက္ဆိုင္ရာ အစုအဖြဲ႔ေတြက သက္ဆုိင္ရာ သတင္းအဖြဲ႔ေတြေပါ့ေနာ္ သတင္းဌာနေတြသတင္းတိုက္ေတြက တာဝန္ယူေပးဖို႔လိုတယ္။ က်ေနာ္တို႔ဂ်ာနယ္ေတြဆိုရင္ က်ေနာ့္ရဲ႕Info Digest ဆိုရင္ တလတၾကိမ္ ထြက္ေနတဲ့ဂ်ာနယ္ေပါ့ေနာ္ ဒါဆိုရင္ က်ေနာ္ ရပ္ဆိုင္းထားရတယ္ ေနာက္ ေရႊအျမဳေတမဂၢဇင္းေပါ့ေနာ္ တလ တၾကိမ္ထြက္တာ ဒါလည္း ရပ္ဆိုင္းထားရတယ္။ သို႔ေသာ္ က်ေနာ္ ဒီဝန္ထမ္းေတြကို လစာအျပည့္မေပးႏုိင္ေတာ့ဘူး။ အဲ့အတြက္ ထုိက္သင့္တဲ့ ရာခိုင္ႏႈန္းနဲ႔ ေပးရတဲ့အေနအထားမ်ိဳးျဖစ္သြားတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းဆို ျမန္မာတုိင္းမ္က သတင္းဝန္ထမ္းေတြေပါ့ေနာ္ သတင္းသမားေတြေရာ အယ္ဒီတာေတြေရာ လူ ၇၀ေလာက္ ရပ္ဆိုင္း ခံလုိက္ရတယ္။ ဒါေတြကလည္း ရင္ဆိုင္ရမယ့္အေနအထားပဲေလ။သတင္းသမားကေတာ့ သတင္းရယူဖို႔ ဝါသနာပါလို႔ကို သူတို႔က လုပ္တာကိုး။ ပိုက္ဆံရသည္ျဖစ္ေစ မရသည္ျဖစ္ေစ သတင္းအလုပ္ကိုေတာ့ လုပ္ၾကမွာပဲ သို႔ေသာ္လည္းပဲ သူတို႔ရဲ႕စားဝတ္ေနေရးကို သတင္းဌာနေတြဘက္ကလည္း တာဝန္ယူေပးဖို႔လိုတယ္။”

ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကေတာ့ COVID-19 ကူးစက္ခံရသူ ေစာင့္ၾကည့္ကန္႔သတ္ ခံထားရသူ သတင္းသမားေတြအေနနဲ႔အမည္ သတင္းတိုက္ဌာန တာဝန္၊ တကယ္လို႔ အလုပ္ရပ္နားခံရရင္ ဘယ္ရက္က စ အလုပ္နားခံရတာ မိမိတို႔သတင္းဌာနရဲ႕ တာဝန္ခံ အယ္ဒီတာ ဆက္သြယ္ရန္နံပတ္ မိမိတို႔ရဲ႕ လက္ရွိေနရပ္လိပ္စာေတြကို အျမန္ဆံုးေပးပို႔ၾကဖို႔ သတင္းသမားေတြရဲ႕ စာရင္းေတြကို ျပဳစုေနသလို အေရးေပၚလိုအပ္ခ်က္ေတြရွိလာရင္လည္း ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီကို ဆက္သြယ္ၾကဖို႔ ႏိုးေဆာ္ထားပါတယ္။ လတ္တေလာမွာလည္း အခက္အခဲႀကံဳေနရတဲ့ သတင္းသမားေတြကုိေတာ့ သတင္းမီဒီယာေကာင္စီက အေရးေပၚ ရံပုံေငြ မတည္ၿပီး ကူညီေနေၾကာင္း ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ အခု Quarantine ဝင္ရတဲ့သတင္းသမားေတြကို ၂သိန္းေထာက္ပံ့တယ္။ အဲ့တာက ေကာင္စီက အသံုးစားရိတ္ ဘတ္ဂ်က္ထဲကေန အေရးေပၚရံပံုေငြ သိန္း ၁၀၀ မတည္ၿပီး အဲ့ဒီ့ကေန ေထာက္ပံ့တာေပါ့။ ေနာက္တခုကေတာ့ အလုပ္ရပ္နားခံရသူေတြ ဒီကိုဗစ္ကာလမွာ လစာထက္ဝက္ေလွ်ာ့ခံရတာတို႔ အခက္အခဲရွိတဲ့သတင္းသမားေတြေပါ့ သူတို႔ေတြအတြက္ကေတာ့ ရိကၡာေထာက္ပံ့တာ။ ဆန္ ဆီ ပဲေပါ့ တခ်ိဳ႕ရိကၡာေတြက ေဒၚသန္းျမင့္ေအာင္တို႔ အဖြဲ႔အစည္းက We Love Yangon လိုအဖြဲ႔အစည္းက သတင္းသမားေတြအတြက္ သူတို႔ကူညီေပးၾကတယ္။ အဲ့တာကို ေကာင္စီကေန စီမံခန္႔ခြဲေပးတယ္ ေနာက္ ေကာင္စီရဲ႕အသံုးစားရိတ္ထဲက ျဖည့္ဆည္းေပးတယ္။ အဲ့တာကေတာ့ ေပးေန ၿပီေပါ့ေနာ္ ေနာက္Quarantine ဝင္တဲ့သူေတြအတြက္လည္း စီစဥ္ေပးေနၿပီေပါ့ေနာ္ ေလာေလာဆယ္ေတာ့Hear Myanmarက သတင္းသမားေတြက စာရင္းသတင္းေပးပို႔ထားတယ္ ဒီေန႔အတြက္ကေတာ့ ဧရာဝတီတိုင္းကသတင္းသမားေတြ Quarantine ဝင္ရတာကို ၂ေယာက္ရွိတယ္လို႔ေျပာပါတယ္။ သူတို႔သတင္း ေပးပို႔တာကို ေစာင့္ေနပါတယ္။”

COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ သတင္းအခ်က္အလက္မွန္ေတြ ရရွိႏုိင္ေရး မီဒီယာေတြရဲ႕ အခန္းက႑ အေရးႀကီးသလုိ၊ အခက္အခဲၾကားက သတင္းယူေနၾကရတဲ့ အေျခအေနေတြကုိေတာ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres ကလည္း ဒီလဆန္းတုန္းက ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔မွာ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကိုဗစ်ကာလ သတင်းယူရတဲ့ မြန်မာသတင်းသမားတွေရဲ့ အခြေအနေ

(unicode)

COVID-19 ကပ်ရောဂါကာလ သတင်းမီဒီယာသမားတွေ ရောဂါကူးစက်မယ့် အန္တရာယ်သာမက အသက်မွေးဝမ်းကျောင်း ရပ်တည်နေထိုင်ရေး အခက်တွေ့လာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မဆုမွန် ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁၉၀ ကျော်ထဲမှာ သတင်းသမားတဦးလည်း ပါဝင်နေပြီး တချို့ဟာလည်း ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်ပြီး သီးခြားခွဲ နေထိုင်နေကြရတာပါ။ ပြည်ပခရီးသွားရာဇဝင် မရှိပေမဲ့ ရောဂါအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့ရာက ကူးစက်မှု ဖြစ်ခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားဟာ အလုပ်သင်သတင်းသမားတဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီသတင်းသမားတွေထဲမှာ Intern Presenter တ‌ယောက်ကတော့Confirm Case ပေါ့ လူနာနံပတ် ၁၇၉ပါ။ ကျန်တဲ့ သတင်းသမားတွေကတော့ Quarantine ပေါ့ Hear Myanmar က ကျန်တဲ့ သတင်းသမား ၃ယောက် သို့မဟုတ် ၄ယောက်ပေါ့။ အဲ့တာက Quarantine အဆင့်ပဲ နောက် အခု ဧရာဝတီတိုင်းက မလေးရှားကပြန်လာတဲ့သူတွေကို အင်တာဗျူးတာနဲ့ဆက်စပ်ပြီး အဲ့တာလည်း Quarantine ပဲ။ သူတို့က ဒီနေ့စ Quarantine ဝင်ရတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် မီဒီယာ လုပ်ငန်းတွေနဲ့ သတင်းသမားတွေမှာလည်း ထိခိုက်မှုတွေ ကြုံနေရတာပါ။ ကိုယ်တိုင်လည်း သတင်းဂျာနယ် မဂ္ဂဇင်းတာဝန်ခံထုတ်ဝေနေသူ Pen Myanmar အဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးမျိုးမြင့်ငြိမ်းကတော့ ဲ အခက်အခဲကြုံနေရတဲ့ မီဒီယာသမားတွေကို သက်ဆိုင်ရာ သတင်းဌာနတွေ အပါအဝင် ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းထားပါတယ်။

“ သတင်းသမားတွေ Quarantine ဝင်ရတဲ့အဆင့်ကို ရောက်နေပြီပေါ့နော် ။ကိုဗစ်၁၉ ဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီ ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဘာတို့တော့ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ သတင်းသမားချင်းအနေနဲ့ ပြောရမယ်ဆိုရင် ဒီလိုအန္တရာယ်တွေကတော့ ရင်ဆိုင်ရမှာပဲဖြစ်တယ်။ အဲ့ဒီ့အတွက် သက်ဆိုင်ရာ အစုအဖွဲ့တွေက သက်ဆိုင်ရာ သတင်းအဖွဲ့တွေပေါ့နော် သတင်းဌာနတွေသတင်းတိုက်တွေက တာဝန်ယူပေးဖို့လိုတယ်။ ကျနော်တို့ဂျာနယ်တွေဆိုရင် ကျနော့်ရဲ့Info Digest ဆိုရင် တလတကြိမ် ထွက်နေတဲ့ဂျာနယ်ပေါ့နော် ဒါဆိုရင် ကျနော် ရပ်ဆိုင်းထားရတယ် နောက် ရွှေအမြုတေမဂ္ဂဇင်းပေါ့နော် တလ တကြိမ်ထွက်တာ ဒါလည်း ရပ်ဆိုင်းထားရတယ်။ သို့သော် ကျနော် ဒီဝန်ထမ်းတွေကို လစာအပြည့်မပေးနိုင်တော့ဘူး။ အဲ့အတွက် ထိုက်သင့်တဲ့ ရာခိုင်နှုန်းနဲ့ ပေးရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းဆို မြန်မာတိုင်းမ်က သတင်းဝန်ထမ်းတွေပေါ့နော် သတင်းသမားတွေရော အယ်ဒီတာတွေရော လူ ၇၀လောက် ရပ်ဆိုင်း ခံလိုက်ရတယ်။ ဒါတွေကလည်း ရင်ဆိုင်ရမယ့်အနေအထားပဲလေ။သတင်းသမားကတော့ သတင်းရယူဖို့ ဝါသနာပါလို့ကို သူတို့က လုပ်တာကိုး။ ပိုက်ဆံရသည်ဖြစ်စေ မရသည်ဖြစ်စေ သတင်းအလုပ်ကိုတော့ လုပ်ကြမှာပဲ သို့သော်လည်းပဲ သူတို့ရဲ့စားဝတ်နေရေးကို သတင်းဌာနတွေဘက်ကလည်း တာဝန်ယူပေးဖို့လိုတယ်။”

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကတော့ COVID-19 ကူးစက်ခံရသူ စောင့်ကြည့်ကန့်သတ် ခံထားရသူ သတင်းသမားတွေအနေနဲ့အမည် သတင်းတိုက်ဌာန တာဝန်၊ တကယ်လို့ အလုပ်ရပ်နားခံရရင် ဘယ်ရက်က စ အလုပ်နားခံရတာ မိမိတို့သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ဆက်သွယ်ရန်နံပတ် မိမိတို့ရဲ့ လက်ရှိနေရပ်လိပ်စာတွေကို အမြန်ဆုံးပေးပို့ကြဖို့ သတင်းသမားတွေရဲ့ စာရင်းတွေကို ပြုစုနေသလို အရေးပေါ်လိုအပ်ချက်တွေရှိလာရင်လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဆက်သွယ်ကြဖို့ နိုးဆော်ထားပါတယ်။ လတ်တလောမှာလည်း အခက်အခဲကြုံနေရတဲ့ သတင်းသမားတွေကိုတော့ သတင်းမီဒီယာကောင်စီက အရေးပေါ် ရံပုံငွေ မတည်ပြီး ကူညီနေကြောင်း ဦးမြင့်ကျော်က ပြောပါတယ်။

“ အခု Quarantine ဝင်ရတဲ့သတင်းသမားတွေကို ၂သိန်းထောက်ပံ့တယ်။ အဲ့တာက ကောင်စီက အသုံးစားရိတ် ဘတ်ဂျက်ထဲကနေ အရေးပေါ်ရံပုံငွေ သိန်း ၁၀၀ မတည်ပြီး အဲ့ဒီ့ကနေ ထောက်ပံ့တာပေါ့။ နောက်တခုကတော့ အလုပ်ရပ်နားခံရသူတွေ ဒီကိုဗစ်ကာလမှာ လစာထက်ဝက်လျှော့ခံရတာတို့ အခက်အခဲရှိတဲ့သတင်းသမားတွေပေါ့ သူတို့တွေအတွက်ကတော့ ရိက္ခာထောက်ပံ့တာ။ ဆန် ဆီ ပဲပေါ့ တချို့ရိက္ခာတွေက ဒေါ်သန်းမြင့်အောင်တို့ အဖွဲ့အစည်းက We Love Yangonလိုအဖွဲ့အစည်းက သတင်းသမားတွေအတွက် သူတို့ကူညီပေးကြတယ်။ အဲ့တာကို ကောင်စီကနေ စီမံခန့်ခွဲပေးတယ် နောက် ကောင်စီရဲ့အသုံးစားရိတ်ထဲက ဖြည့်ဆည်းပေးတယ်။ အဲ့တာကတော့ ပေးနေ ပြီပေါ့နော် နောက်Quarantine ဝင်တဲ့သူတွေအတွက်လည်း စီစဉ်ပေးနေပြီပေါ့နော် လောလောဆယ်တော့Hear Myanmarက သတင်းသမားတွေက စာရင်းသတင်းပေးပို့ထားတယ် ဒီနေ့အတွက်ကတော့ ဧရာဝတီတိုင်းကသတင်းသမားတွေ Quarantine ဝင်ရတာကို ၂ယောက်ရှိတယ်လို့ပြောပါတယ်။ သူတို့သတင်း ပေးပို့တာကို စောင့်နေပါတယ်။”

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် သတင်းအချက်အလက်မှန်တွေ ရရှိနိုင်ရေး မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးသလို၊ အခက်အခဲကြားက သတင်းယူနေကြရတဲ့ အခြေအနေတွေကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း ဒီလဆန်းတုန်းက နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG