သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြၿမိဳ႕ ႐ုိဟင္ဂ်ာရပ္ကြက္ေဟာင္းမွာ ေနထုိင္သူေတြ ဖယ္ရွားဖုိ႔ အမိန္႔ထုတ္


စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္မွာ ေတြ႔ရတဲ့ အိမ္တခ်ိဳ႕ (ဓာတ္ပုံ - Morn Kaung)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္က က်ဴးေက်ာ္အိမ္ေပါင္း ၁,၂၅၅ လုံးကို အခ်ိန္သုံးလအတြင္း ဖယ္ရွားဖို႔ ျမိဳ႕နယ္အာဏာပိုင္ေတြ သတိေပးထားတဲ့အေၾကာင္း တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပထားပါတယ္။

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)
စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ဟာ ယခင္က ရိုဟင္ဂ်ာမြတ္ဆလင္ေတြ ေနထိုင္ခဲ့တဲ့ ရပ္ကြက္ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္ ရခိုင္ေျမာက္ပိုင္း အၾကမ္းဖက္မႈ ပဋိပကၡေတြမွာ အဲဒီေဒသခံမြတ္ဆလင္ေတြ တိမ္းေရွာင္သြားတဲ့ေနာက္ အနယ္နယ္ အရပ္ရပ္က လူေတြ အေျခခ်၀င္ေရာက္လာတာ ၇ ႏွစ္ေက်ာ္လာျပီး ျဖစ္ပါတယ္။

စက္႐ုံစုရပ္ကြက္က မီးေလာင္ျပင္ေနရာမွာ က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့ အိမ္ေျခ ၁,၂၀၀ ေက်ာ္ကို အခ်ိန္ သုံးလအတြင္း ဖယ္ရွားဖို႔ စစ္ေတြၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကေန အမိန႔္ထုတ္ျပန္ထားတယ္လို႔ စစ္ေတြျမိဳ႕ အေနာက္ တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ေခါင္းေဆာင္ဦးေအာင္ေဌးက ေျပာပါတယ္။

“ဒီလ ၁၄ ရက္ေန႔ကေန စျပီးေတာ့ ၾသဂုတ္ ၁၅ ရက္ေန႔အထိ စာထြက္တခု ေပးထားတယ္ဆိုေတာ့ အဲဒီၾကားထဲမွာ ျပန္ျဖိဳဖ်က္ေပးရမယ္ ျပန္ထြက္ေပးရမယ္ဆိုျပီးေတာ့ စာထုတ္ထားတာရွိတယ္ အစိုးရကေလ။”

ဒီအမိန႔္ကို ၿပီးခဲ့တဲ့ ေမလ ၁၄ ရက္က ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအမိန္႔နဲ႔ ထုတ္ျပန္ခဲ့တာပါ။ က်ဴးေက်ာ္အိမ္ေဆာက္ထားတဲ့သူေတြအေနနဲ႔ မိုးရာသီအတြင္းေျပာင္းေရႊ႕ရမယ့္ အေျခအေနေၾကာင့္ အခက္ေတြ႔ေနတယ္လို႔ ဦးေအာင္ေဌးက ဆက္ေျပာပါတယ္။

“ျပႆနာျဖစ္ျပီးေနာက္ပိုင္းမွာ ဘဂၤလီေတြ ထြက္ေျပးသြားတဲ့ေနရာဆိုျပီးေတာ့ အစိုးရက တားျမစ္ထားတဲ့ေနရာေလ အဲဒီေနရာက။ အစကတည္းက မေနရဘူးဆိုရင္လည္း မေနရဘူး။ ရွင္းရွင္းလင္းလင္း အစိုးရက တားခဲ့ရမွာ။ ဒီမွာအေျခခိုင္သလိုျဖစ္သြားျပီးမွ အခ်ိန္က်မွပဲ ဒါကိုဖ်က္ရမယ္၊ ၿဖိဳရမယ္။ ဒီၾသဂုက္ဆိုေတာ့လည္း မိုးေတာ္ေတာ္ရြာတဲ့အခ်ိန္ ျဖစ္ေနျပီ။ လက္ရွိသူတို႔ေနထိုင္ၾကတဲ့ မိသားစုေတြက ေတာ္ေတာ္အခက္ခဲျဖစ္သြားၾကတယ္ေပါ့ေနာ္။ အဲဒီလိုမ်ိဳးေတြျဖစ္ေနၾကတယ္။”

က်ဴးေက်ာ္အိမ္ေဆာက္ထားတာ ၁,၂၅၀ ေက်ာ္လို႔ ဆိုေပမဲ့ တကယ့္က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့အိမ္ေျခ ၃,၀၀၀ နဲ႔ အထက္မွာရွိေနျပီး ဒီလိုအိမ္ေျချဖိဳဖ်က္ျပီးရင္ ဘယ္လိုေနရာခ်ထားေပးမလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ စစ္ေတြၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဇာ္ဦးကို ဆက္သြယ္ခဲ့ရာမွာေတာ့ အစည္းအေ၀းအတြင္း ေရာက္ေနေၾကာင္း ေျဖၾကားခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္ ဇြန္လအတြင္း လူမ်ိဳး ဘာသာေရး ပဋိပကၡေၾကာင့္ စက္႐ုံစုရပ္ကြက္ကေနအိမ္ေတြ မီးရႈိ႕ခံခဲ့ရၿပီး ေဒသ တြင္း မြတ္စလင္ ၁၀၀,၀၀၀ ေက်ာ္ဟာ စစ္ေတြၿမိဳ႕ အေနာက္ဘက္က ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနၾကရပါတယ္။ သကၠယ္ျပင္ဒုကၡသည္စခန္းမွာ ခိုလႈံေနရတဲ့ စက္႐ုံစုရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း ဦးေမာင္ေလးကေတာ့ က်ဴးေက်ာ္ေတြကို ဖယ္ရွားမယ့္ ေဆာင္႐ြက္ခ်က္ကို ေထာက္ခံေၾကာင္း ဆိုပါတယ္။

“က်ေနာ္တို႔က ကိုယ့္ေနရာမွာ ကိုယ္ေျပာင္းေနခ်င္ၾကတာေပါ့။ အစိုးရက ထုတ္ျပန္တာက က်ေနာ္တို႔က ေပ်ာ္ပါတယ္။ ဒါက်ေနာ္တို႔အတြက္ အရမ္းအင္မတန္ေကာင္းတာ လုပ္တာ။ က်ေနာ္တို႔ၾကိဳဆိုပါတယ္။”

လူမ်ိဳး ဘာသာေရးအသြင္ေဆာင္ ပဋိပကၡေတြေၾကာင့္ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေျမပုံ၊ ေပါက္ေတာ၊ ရေသ့ေတာင္ျမိဳ႕နယ္က မူဆလင္ ၁၅၀,၀၀၀ ေက်ာ္ဟာ သေကၠျပင္၊ ေဘာဒူဖ သဲေခ်ာင္း၊ အုန္းေတာၾကီး၊ ခ်မ္းသာကုန္းအစရွိတဲ့ ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနရဆဲျဖစ္ျပီး မူလေနရပ္ရင္းကို မျပန္နိုင္ၾကေသးဘူးလို႔ ဦးေမာင္ေလးက ဆိုပါတယ္။

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)
စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

အခု ေဆာင္ရြက္မႈဟာ ရိုဟင္ဂ်ာမူဆလင္ေတြအေပၚလူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ ျမန္မာအစိုးရဘက္က အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကို မၾကာခင္ ပထမဆုံး အစီရင္ခံစာ ေပးပို႔ရမယ့္အခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

အခုစစ္ေတြၿမိဳ႕က က်ဴးေက်ာ္ေတြကို ဖယ္ရွားခိုင္းတာဟာ ICJ ရဲ႕ဖိအား တခုေၾကာင့္လို႔လည္း အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ေခါင္းေဆာင္ဦးေအာင္ေဌးက သုံးသပ္ပါတယ္။

“က်ေနာ္တို႔ ICJ ရဲ႕ဖိအားေၾကာင့္လို႔ ယူဆခဲ့တာေပါ့။ အခုဒီဘဂၤလီေတြေနသြားတဲ့ေနရာမွာ ရခိုင္ေတြေနတာကို ျပန္ျဖဳိဖ်က္ေပးရမယ့္ ကိစၥမ်ိဳးက်ေတာ့ က်ေနာ္တို႔က အဲဒီ ICJ နဲ႔ တိုက္ရိုက္ပတ္သက္မႈ ရွိတယ္၊ မရွိဘူးဆိုတာထက္ ဘဂၤလီေတြေနသြားတဲ့ ေနရာကိုလည္း ဘယ္သူကိုမွ ေနခြင့္မျပဳဘူးဆိုတဲ့ဟာမ်ိဳးကို ျပခ်င္တာလည္း ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ သုံးသပ္ၾကတဲ့သူေတြေတာ့ရွိပါတယ္ခင္ဗ်။”

ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ရခိုင္ျပည္နယ္အတြင္း နယ္ျခားေစာင့္စခန္း ၃၀ ဝန္းက်င္ကို လက္နက္ကိုင္ေဆာင္ထားတဲ့ ARSA အမည္ခံ ႐ိုဟင္ဂ်ာေတြက အုပ္စုဖြဲ႕တိုက္ခိုက္ခဲ့လို႔ ၃၈ ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ အဲဒီအခင္းျဖစ္ပြားၿပီးေနာက္ပိုင္း တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္တာမွာ ရိုဟင္ဂ်ာ ၆၀၀,၀၀၀ ေက်ာ္ ေနရပ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးၿပီး ဒုကၡသည္အျဖစ္ ေနထိုင္ေနရပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ အဲဒီဒုကၡသည္ေတြကို ျပန္လည္လက္ခံေရး အစီအစဥ္ေတြ လုပ္ေဆာင္ထားေပမဲ့လည္း လက္ရွိ COVID-19 ကပ္ေရာဂါ က်ေရာက္ေနခ်ိန္မွာ ဒီ အစီအစဥ္ေတြယာယီ ဆိုင္းငံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေမြို့ ရိုဟင်ဂျာရပ်ကွက်ဟောင်းမှာ နေထိုင်သူတွေ ဖယ်ရှားဖို့ အမိန့်ထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်အိမ်ပေါင်း ၁,၂၅၅ လုံးကို အချိန်သုံးလအတွင်း ဖယ်ရှားဖို့ မြို့နယ်အာဏာပိုင်တွေ သတိပေးထားတဲ့အကြောင်း တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြထားပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟာ ယခင်က ရိုဟင်ဂျာမွတ်ဆလင်တွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှု ပဋိပက္ခတွေမှာ အဲဒီဒေသခံမွတ်ဆလင်တွေ တိမ်းရှောင်သွားတဲ့နောက် အနယ်နယ် အရပ်ရပ်က လူတွေ အခြေချဝင်ရောက်လာတာ ၇ နှစ်ကျော်လာပြီး ဖြစ်ပါတယ်။

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)
စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ခြေ ၁,၂၀၀ ကျော်ကို အချိန် သုံးလအတွင်း ဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးကနေ အမိန့်ထုတ်ပြန်ထားတယ်လို့ စစ်တွေမြို့ အနောက် တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်ဦးအောင်ဌေးက ပြောပါတယ်။

“ဒီလ ၁၄ ရက်နေ့ကနေ စပြီးတော့ သြဂုတ် ၁၅ ရက်နေ့အထိ စာထွက်တခု ပေးထားတယ်ဆိုတော့ အဲဒီကြားထဲမှာ ပြန်ဖြိုဖျက်ပေးရမယ် ပြန်ထွက်ပေးရမယ်ဆိုပြီးတော့ စာထုတ်ထားတာရှိတယ် အစိုးရကလေ။”

ဒီအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ထုတ်ပြန်ခဲ့တာပါ။ ကျူးကျော်အိမ်ဆောက်ထားတဲ့သူတွေအနေနဲ့ မိုးရာသီအတွင်းပြောင်းရွှေ့ရမယ့် အခြေအနေကြောင့် အခက်တွေ့နေတယ်လို့ ဦးအောင်ဌေးက ဆက်ပြောပါတယ်။

“ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ ဘင်္ဂလီတွေ ထွက်ပြေးသွားတဲ့နေရာဆိုပြီးတော့ အစိုးရက တားမြစ်ထားတဲ့နေရာလေ အဲဒီနေရာက။ အစကတည်းက မနေရဘူးဆိုရင်လည်း မနေရဘူး။ ရှင်းရှင်းလင်းလင်း အစိုးရက တားခဲ့ရမှာ။ ဒီမှာအခြေခိုင်သလိုဖြစ်သွားပြီးမှ အချိန်ကျမှပဲ ဒါကိုဖျက်ရမယ်၊ ဖြိုရမယ်။ ဒီသြဂုက်ဆိုတော့လည်း မိုးတော်တော်ရွာတဲ့အချိန် ဖြစ်နေပြီ။ လက်ရှိသူတို့နေထိုင်ကြတဲ့ မိသားစုတွေက တော်တော်အခက်ခဲဖြစ်သွားကြတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေဖြစ်နေကြတယ်။”

ကျူးကျော်အိမ်ဆောက်ထားတာ ၁,၂၅၀ ကျော်လို့ ဆိုပေမဲ့ တကယ့်ကျူးကျော်ဆောက်လုပ်ထားတဲ့အိမ်ခြေ ၃,၀၀၀ နဲ့ အထက်မှာရှိနေပြီး ဒီလိုအိမ်ခြေဖြိုဖျက်ပြီးရင် ဘယ်လိုနေရာချထားပေးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာတော့ အစည်းအဝေးအတွင်း ရောက်နေကြောင်း ဖြေကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း လူမျိုး ဘာသာရေး ပဋိပက္ခကြောင့် စက်ရုံစုရပ်ကွက်ကနေအိမ်တွေ မီးရှို့ခံခဲ့ရပြီး ဒေသ တွင်း မွတ်စလင် ၁၀၀,၀၀၀ ကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်လေးကတော့ ကျူးကျော်တွေကို ဖယ်ရှားမယ့် ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း ဆိုပါတယ်။

“ကျနော်တို့က ကိုယ့်နေရာမှာ ကိုယ်ပြောင်းနေချင်ကြတာပေါ့။ အစိုးရက ထုတ်ပြန်တာက ကျနော်တို့က ပျော်ပါတယ်။ ဒါကျနော်တို့အတွက် အရမ်းအင်မတန်ကောင်းတာ လုပ်တာ။ ကျနော်တို့ကြိုဆိုပါတယ်။”

လူမျိုး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်က မူဆလင် ၁၅၀,၀၀၀ ကျော်ဟာ သက္ကေပြင်၊ ဘောဒူဖ သဲချောင်း၊ အုန်းတောကြီး၊ ချမ်းသာကုန်းအစရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပြီး မူလနေရပ်ရင်းကို မပြန်နိုင်ကြသေးဘူးလို့ ဦးမောင်လေးက ဆိုပါတယ်။

အခု ဆောင်ရွက်မှုဟာ ရိုဟင်ဂျာမူဆလင်တွေအပေါ်လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုစစ်တွေမြို့က ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာဟာ ICJ ရဲ့ဖိအား တခုကြောင့်လို့လည်း အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်ဦးအောင်ဌေးက သုံးသပ်ပါတယ်။

“ကျနော်တို့ ICJ ရဲ့ဖိအားကြောင့်လို့ ယူဆခဲ့တာပေါ့။ အခုဒီဘင်္ဂလီတွေနေသွားတဲ့နေရာမှာ ရခိုင်တွေနေတာကို ပြန်ဖြိုဖျက်ပေးရမယ့် ကိစ္စမျိုးကျတော့ ကျနော်တို့က အဲဒီ ICJ နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိတယ်၊ မရှိဘူးဆိုတာထက် ဘင်္ဂလီတွေနေသွားတဲ့ နေရာကိုလည်း ဘယ်သူကိုမှ နေခွင့်မပြုဘူးဆိုတဲ့ဟာမျိုးကို ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြတဲ့သူတွေတော့ရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီအခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးပြီး ဒုက္ခသည်အဖြစ် နေထိုင်နေရပါတယ်။

ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံတဲ့ မြန်မာအစိုးရကတော့ အဲဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေ လုပ်ဆောင်ထားပေမဲ့လည်း လက်ရှိ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်မှာ ဒီ အစီအစဉ်တွေယာယီ ဆိုင်းငံထားပါတယ်။

XS
SM
MD
LG