သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘာရွန္ခ်ာကၽြန္းေရာက္ ႐ုိဟင္ဂ်ာေတြ ဒုကၡသည္စခန္းျပန္ပုိ႔ဖုိ႔ ကုလတုိက္တြန္း


ဘာရွန္ခ်ာကၽြန္းေပၚရွိ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္း။

(Zawgyi / Unicode)

ပင္လယ္ထဲမွာ သီတင္းပတ္မ်ားစြာ ေလွနဲ႔ေမ်ာေနၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ကယ္တင္ၿပီး ဘာရွန္ခ်ာကြၽန္းကို ပို႔ထားတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ေကာ့ဇ္ဘဇားခ႐ုိင္မွာရွိတဲ့ ဒုကၡသည္စခန္းေတြဆီ ေရႊ႕ေျပာင္းေပးဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းလိုက္ပါတယ္။

ဒုကၡသည္စခန္းေတြမွာ COVID-19 ကူးစက္မႈ အတည္ျပဳခဲ့ၿပီးေနာက္ စိုးရိမ္ေနခ်ိန္မွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ ပန္ၾကားခ်က္ ထြက္ေပၚလာတာပါ။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး A.K. Abdul Momen ဆီကို ေမလ ၁၄ ရက္ ရက္စြဲနဲ႔ ေပးပို႔တဲ့စာမွာ ပင္လယ္ထဲက ကယ္တင္ထားတဲ့ ႐ုိဟင္ဂ်ာ ၃၀၈ ေယာက္ကုိ COVID-19 ေရာဂါ ကင္းရွင္းေအာင္ သီးျခားခြဲခံထားရတဲ့ကာလ အၿပီးမွာ ဒုကၡသည္ေတြအျဖစ္ အကာအကြယ္ ေပးသင့္တယ္လို႔ ေရးသားထားေၾကာင္းလည္း AFP သတင္းက ေဖာ္ျပပါတယ္။

ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီးကေတာ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕စာကုိ လက္ခံရရွိမထားေသးေၾကာင္း ေျပာဆုိခဲ့သလုိ စုိးရိမ္ပူပန္တဲ့ ႏုိင္ငံေတြအေနနဲ႔ ဒုကၡသည္ေတြကုိ ေခၚထားၾကဖုိ႔၊ ဒါမွမဟုတ္ရင္လည္း ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ျမန္မာႏိုင္ငံအေပၚ ဖိအားေပးဖုိ႔ ေျပာဆုိခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူေတြကေတာ့ ေမလအေစာပိုင္းမွာ ပင္လယ္ထဲက ကယ္ဆယ္ခဲ့တဲ့ ႐ိုဟင္ဂ်ာေတြမွာ COVID-19 ကူးစက္မႈအႏၱရာယ္ ရွိႏိုင္တယ္ဆုိၿပီး ဒုကၡသည္စခန္းေတြကုိ မပုိ႔ဘဲ ဘာရွန္ခ်ာကၽြန္းကုိ ပုိ႔ခဲ့တာပါ။

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အေကာင္အထည္ မေဖာ္ႏုိင္ေသးခင္မွာ ႐ုိဟင္ဂ်ာဒုကၡသည္ ၁ သိန္းေလာက္ကို ဘာရွန္ခ်ာကၽြန္းမွာ ေျပာင္းေရႊ႕ေနရာခ်ထားဖုိ႔ ဘဂၤလားေဒ့ရွ္အစုိးရက ၿပီးခဲ့တဲ့ႏွစ္ကစလုိ႔ စီစဥ္ခဲ့ေပမယ့္လည္း ေရႀကီးေရလွ်ံမႈေတြ အပါအ၀င္ မုတ္သုံရာသီမွာ ရာသီဥတု ၾကမ္းတမ္းတဲ့ဒဏ္ ခံရႏုိင္တဲ့အတြက္ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္မွာ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကို ျမန္မာစစ္တပ္က လုိက္လံရွင္းလင္းရာက သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတာပါ။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို ျပန္လည္စိစစ္ လက္ခံမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဘာရှန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းပြန်ပို့ဖို့ ကုလတိုက်တွန်း

ပင်လယ်ထဲမှာ သီတင်းပတ်များစွာ လှေနဲ့မျောနေပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကယ်တင်ပြီး ဘာရှန်ချာကျွန်းကို ပို့ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ရွှေ့ပြောင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ COVID-19 ကူးစက်မှု အတည်ပြုခဲ့ပြီးနောက် စိုးရိမ်နေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပန်ကြားချက် ထွက်ပေါ်လာတာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ဆီကို မေလ ၁၄ ရက် ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ပင်လယ်ထဲက ကယ်တင်ထားတဲ့ ရိုဟင်ဂျာ ၃၀၈ ယောက်ကို COVID-19 ရောဂါ ကင်းရှင်းအောင် သီးခြားခွဲခံထားရတဲ့ကာလ အပြီးမှာ ဒုက္ခသည်တွေအဖြစ် အကာအကွယ် ပေးသင့်တယ်လို့ ရေးသားထားကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့စာကို လက်ခံရရှိမထားသေးကြောင်း ပြောဆိုခဲ့သလို စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ခေါ်ထားကြဖို့၊ ဒါမှမဟုတ်ရင်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကတော့ မေလအစောပိုင်းမှာ ပင်လယ်ထဲက ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာတွေမှာ COVID-19 ကူးစက်မှုအန္တရာယ် ရှိနိုင်တယ်ဆိုပြီး ဒုက္ခသည်စခန်းတွေကို မပို့ဘဲ ဘာရှန်ချာကျွန်းကို ပို့ခဲ့တာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးခင်မှာ ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းလောက်ကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့နှစ်ကစလို့ စီစဉ်ခဲ့ပေမယ့်လည်း ရေကြီးရေလျှံမှုတွေ အပါအဝင် မုတ်သုံရာသီမှာ ရာသီဥတု ကြမ်းတမ်းတဲ့ဒဏ် ခံရနိုင်တဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လည်စိစစ် လက်ခံမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG