သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕ကို ေျမႏုကြၽန္း Bhashan Char မွာ ဘဂၤလားေဒ့ရွ္အစိုးရ ေနရာခ်


Bhashan Char ကၽြန္းေပၚရွိ ဒုကၡသည္စခန္း။

(Zawgyi / Unicode)

သီတင္းပတ္အေတာ္ၾကာ ပင္လယ္ထဲ ပိတ္မိခဲ့တဲ့ ဒါဇင္ေပါင္းမ်ားစြာေသာ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ဘဂၤလားေဒ့ရွ္ ပင္လယ္ေကြ႕ထဲက ကၽြန္းတခုဆီ ပုိ႔ေဆာင္လိုက္ေၾကာင္း ဘဂၤလားေဒ့ရွ္ အာဏာပုိင္ေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ အဲဒီကၽြန္းဟာ ေရလႊမ္းမိုးေလ့ရွိတာေၾကာင့္ အျငင္းပြားဖြယ္ ျဖစ္ေနရတာပါ။

Bhashan Char ဆိုတဲ့ ကၽြန္းေပၚမွာ လူတသိန္းစာ ေနထိုင္ႏိုင္ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ၿပီးခဲ့တဲ့ႏွစ္ထဲ ေဆာက္လုပ္ခဲ့ပါတယ္။ ရႊံ႕ႏြ ံေတြထူထပ္ၿပီး ဆိုင္ကလုန္းမုန္တုိင္း က်ေရာက္ေလ့ရွိတဲ့ ေနရာလည္း ျဖစ္ပါတယ္။

နယ္စပ္ ဒုကၡသည္စခန္းေတြမွာ ႐ိုဟင္ဂ်ာ တသန္းေလာက္ရွိၿပီး ဒါနဲ႔ပတ္သက္တဲ့ ဖိအားေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ အခုလို ေျပာင္းေရႊ႕တာပါလို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ေျပာတာပါ။

ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ကို စုိးရိမ္တာေၾကာင့္ ႐ုိဟင္ဂ်ာ ၂၈ ဦးကို နယ္စပ္စခန္းထဲ ျပန္ေခၚလာမယ့္အစား Bhashan ကၽြန္းကို စေနေန႔ ေႏွာင္းပိုင္းမွာ ပုိ႔လုိက္တယ္လုိ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး Abdul Momen က AFP ကုိ ေျပာပါတယ္။ အခုလို ပို႔ေဆာင္တာဟာ ပထမအသုတ္ျဖစ္ၿပီး ျမန္မာျပည္ကို မျပန္ရခင္အခ်ိန္ထိ အဲဒီကၽြန္းမွာပဲ ေနရဖို႔မ်ားတယ္လို႔ ေဒသအာဏာပုိင္ေတြက ေျပာပါတယ္။

မေလးရွားကိုသြားဖို႔ႀကဳိးစားရင္း ပင္လယ္ထဲ ေမ်ာေနရာက စေနေန႔က ဘဂၤလားကမ္းေျခကို ျပန္ေရာက္လာတဲ့အထဲမွာ အမ်ဳိးသမီး ၁၅ ေယာက္နဲ႔ ကေလးငယ္ ၅ ဦး ပါဝင္ပါတယ္။ မေလးရွားႏိုင္ငံမွာ ခုိလႈံခြင့္ရဖို႔ ေလွ ၆ စင္း ဒါမွမဟုတ္ ၇ စင္းနဲ႔ ထြက္ခြာသြားၾကတဲ့ ရုိဟင္ဂ်ာ ဒုကၡသည္ ၂၅၀ ေလာက္ကိုေတာ့ ျပန္ရွာမေတြ႔ေသးဘူးလို႔ ဆိုပါတယ္။

လူ ၅၀၀ ေလာက္ပါတဲ့ ဆြဲသေဘၤာ ၂ စင္း မုန္တိုင္းအႏၱရာယ္ ႀကဳံႏိုင္တာေၾကာင့္ သူ႔ပုိင္နက္ထဲ ဝင္လာတာကို ျပန္လက္ခံဖို႔ ကုလသမဂၢက တုိက္တြန္းေပမယ့္ ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ ျငင္းဆန္ခဲ့ပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို မြေနုကျွန်း Bhashan Char မှာ ဘင်္ဂလားဒေ့ရှ်အစိုးရ နေရာချ

(Zawgyi / Unicode)

သီတင်းပတ်အတော်ကြာ ပင်လယ်ထဲ ပိတ်မိခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကွေ့ထဲက ကျွန်းတခုဆီ ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အဲဒီကျွန်းဟာ ရေလွှမ်းမိုးလေ့ရှိတာကြောင့် အငြင်းပွားဖွယ် ဖြစ်နေရတာပါ။

Bhashan Char ဆိုတဲ့ ကျွန်းပေါ်မှာ လူတသိန်းစာ နေထိုင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့နှစ်ထဲ ဆောက်လုပ်ခဲ့ပါတယ်။ ရွှံ့နွ ံတွေထူထပ်ပြီး ဆိုင်ကလုန်းမုန်တိုင်း ကျရောက်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တသန်းလောက်ရှိပြီး ဒါနဲ့ပတ်သက်တဲ့ ဖိအားတွေ လျှော့ချနိုင်ဖို့ အခုလို ပြောင်းရွှေ့တာပါလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ရိုဟင်ဂျာ ၂၈ ဦးကို နယ်စပ်စခန်းထဲ ပြန်ခေါ်လာမယ့်အစား Bhashan ကျွန်းကို စနေနေ့ နှောင်းပိုင်းမှာ ပို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen က AFP ကို ပြောပါတယ်။ အခုလို ပို့ဆောင်တာဟာ ပထမအသုတ်ဖြစ်ပြီး မြန်မာပြည်ကို မပြန်ရခင်အချိန်ထိ အဲဒီကျွန်းမှာပဲ နေရဖို့များတယ်လို့ဒေသအာဏာပိုင်တွေက ပြောပါတယ်။

မလေးရှားကိုသွားဖို့ကြိုးစားရင်း ပင်လယ်ထဲ မျောနေရာက စနေနေ့က ဘင်္ဂလားကမ်းခြေကို ပြန်ရောက်လာတဲ့အထဲမှာ အမျိုးသမီး ၁၅ ယောက်နဲ့ ကလေးငယ် ၅ ဦး ပါဝင်ပါတယ်။ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ လှေ ၆ စင်း ဒါမှမဟုတ် ၇ စင်းနဲ့ ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂၅၀ လောက်ကိုတော့ ပြန်ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

လူ ၅၀၀ လောက်ပါတဲ့ ဆွဲသင်္ဘော ၂ စင်း မုန်တိုင်းအန္တရာယ် ကြုံနိုင်တာကြောင့် သူ့ပိုင်နက်ထဲ ဝင်လာတာကို ပြန်လက်ခံဖို့ ကုလသမဂ္ဂက တိုက်တွန်းပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ငြင်းဆန်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

XS
SM
MD
LG