သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကန့်သတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ အခက်ကြုံ - HRW


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (ဧပြီ ၀၁၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (ဧပြီ ၀၁၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်တဲ့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက အကူအညီပေးရေး လုပ်ငန်းတွေကို ကန့်သတ်လိုက်တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။

ဧပြီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်တွေအရ ဒုက္ခသည်စခန်းတွေမှာ အကူအညီပေးနေတဲ့ လူသားချင်းစာနာမှုအဖွဲ့တွေ အသွားအလာနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ၈၀ ရာခိုင်နှုန်းလောက် ကန့်သတ်ခံလိုက်ရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams
HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams

ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါကူးစက်မှု မရှိအောင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကာကွယ်လုပ်ဆောင်ဖို့ လိုအပ်သလို တားမြစ်ကန့်သတ်ချက်တွေကြောင့် ဒုက္ခသည်တွေအတွက် အစားအစာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးရေးလုပ်ငန်းတွေမှာ မထိခိုက်အောင် လုပ်ဆောင်ဖို့လည်း HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က တိုက်တွန်းထားပါတယ်။

၂၀၁၇ ခုနှစ်ထဲ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးပြီး ခိုလှုံနေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးပြန်လည်လက်ခံမှာ ဖြစ်ကြောင်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG