သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရးအတြက္ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြ အ၀င္အထြက္ ကန္႔သတ္


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းတြင္ ဆုေတာင္းပြဲက်င္းပေနသည့္ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္း COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ကိုင္တြယ္တဲ့ အေနနဲ႔ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကို အသြားအလာ ကန္႔သတ္ထားပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

“စခန္းအတြင္းကေန အျပင္ကို လံုး၀မထြက္ရဘူးခင္ဗ်။ စခန္းတခုကေနတခု သြားလာမႈလည္း ပိတ္ပင္ထားပါတယ္ခင္ဗ်။ ေစ်းေတာ့ မနက္တပိုင္း ခဏတျဖဳတ္ေပါ့ဗ်ာ ဟင္းသီးဟင္းရြက္နဲ႔ ငါး ၀ယ္လို႔ရပါတယ္။ တျခား ေစ်းဆိုင္ေတြကေတာ့ လံုး၀ ပိတ္ပင္ထားပါတယ္။ ေနာက္ ညေနလည္း နာရီ၀က္ တနာရီေလာက္ ဟင္းသီးဟင္းရြက္နဲ႔ ငါးေတြဘာေတြ ၀ယ္လို႔ရပါတယ္။ ခဏတျဖဳတ္ ဆိုင္ေတြဖြင့္တယ္၊ ေနာက္ၿပီးေတာ့ ျပန္ပိတ္လုိက္ရပါတယ္။”

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားက ဘာလုခါလီ ဒုကၡသည္စခန္းမွာ ေနထိုင္သူ ကိုအီစလံက ဗီြအိုေအကို ေျပာျပခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈက တနဂၤေႏြေန႔အထိဆိုရင္ ကူးစက္ခံ အတည္ျပဳလူနာ ၆၀၀ ေက်ာ္ရွိၿပီး ၃၀ ေက်ာ္ ေသဆံုးခဲ့ရၿပီး ျဖစ္ပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ဒုကၡသည္ သိန္းနဲ႔ခ်ီ ေနထိုင္ေနၾကတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြကိုလည္း အ၀င္အထြက္ ပိတ္ထားသလို စခန္းအတြင္းမွာလည္း ေစ်းဆိုင္ေတြ အခ်ိန္ပိုင္းသာဖြင့္ရၿပီး လူစုလူေ၀း မလုပ္ဖို႔လည္း အစိုးရက ညႊန္ၾကားထားတာပါ။

႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ လူေတြ ျပည့္က်ပ္ေနတာေၾကာင့္ ဘဂၤလားေဒ့ရွ္ အစိုးရဘက္က စိုးရိမ္ခ်က္နဲ႔ ေဆာင္ရြက္တာလုိ႔ ယူဆတဲ့အေၾကာင္း ထိုင္းႏုိင္ငံ ဘန္ေကာက္အေျခစိုက္ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ေဒသတြင္း႐ုံးက အႀကီးတန္းအႀကံေပးက ေျပာပါတယ္။ Pia Oberoi က ေရႊ႕ေျပာင္းအေျခခ်မႈ အခြင့္အေရးဆိုင္ရာ အႀကီးတန္းအႀကံေပး ျဖစ္ပါတယ္။

"စခန္းေတြထဲမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔လာႏုိင္တဲ့ အေျခအေနမ်ိဳးအေပၚမွာ ဘဂၤလားေဒ့ရွ္ အစိုးရက အႀကီးအက်ယ္ စိုးရိမ္ေနတယ္လို႔ သူယူဆေၾကာင္း၊ စခန္းထဲကလူေတြ အေနနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ မျပည့္စံုတဲ့ အေျခအေနမ်ိဳးမွာ တဦးနဲ႔တဦးၾကား အကြာအေ၀း တခုျခားၿပီး ေနဖို႔ ဆိုတာကလည္း မျဖစ္ႏုိင္ေၾကာင္း၊ ဒီအေျခအေနကို တုံ႔ျပန္ကိုင္တြယ္တာမွာ လူ႔အခြင့္အေရးကို အေလးထား ဂ႐ုစိုက္ေစလိုေၾကာင္း၊ ဒီလူေတြကို စမ္းသပ္စစ္ေဆးေရး၊ ကုသေရးနဲ႔ ေစာင့္ေရွာက္ေပးႏုိင္ေရး အတြက္ကိုလည္း အေသအခ်ာ ၾကပ္ၾကပ္မတ္မတ္ အာ႐ုံစိုက္ ေဆာင္ရြက္ရမွာ ျဖစ္တယ္” လို႔ ေျပာသြားတာပါ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ုိဟင္ဂ်ာဒုကၡသည္ စခန္းေတြကို အ၀င္အထြက္ ပိတ္ပင္ထားတာဟာ သီတင္းတပတ္ေက်ာ္ ရွိခဲ့ပါၿပီ။ အနီးအနား စခန္းေတြကို ေျခလ်င္သြားလာမႈတခ်ိဳ႕ ရွိေပမယ့္ ခရီးသည္တင္ကားေျပးဆြဲမႈ မရွိဘူးလို႔လည္း ဘာလုခါလီ ဒုကၡသည္စခန္းက ကိုအီစလံက ေျပာပါတယ္။

စခန္းတြင္းမွာ ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကေရာ အကူအညီေပးေရး အဖြဲ႔အစည္းေတြဘက္ကေရာ COVID-19 နဲ႔ ပတ္သက္ၿပီး အသိေပး ေဆြးေႏြးမႈေတြ ရွိေနပါတယ္။ ဒုကၡသည္စခန္းတြင္းက လူထုအေနနဲ႔ လိုက္နာလုပ္ေဆာင္မႈ ရွိပါသလား။

"လက္ကို မၾကာခဏ ဆပ္ျပာနဲ႔ ေဆးေၾကာဖို႔အတြက္ လမ္းညႊန္ထားပါတယ္ခင္ဗ်။ ေနာက္ မ်က္ႏွာကို ပု၀ါေသာ္လည္းေကာင္း၊ Mask ေသာ္လည္းေကာင္း တပ္ဆင္ဖို႔ အတြက္ ညႊန္ၾကားထားပါတယ္ ခင္ဗ်။ ေနာက္ လူစုလူေ၀း မလုပ္ၾကဖို႔၊ လူတဦးနဲ႔တဦး ၃ ေပအကြာမွာ ေနထိုင္ဖို႔အတြက္ ညႊန္ၾကားထားပါတယ္ခင္ဗ်။"

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရခုိင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးရတဲ့ ႐ုိဟင္ဂ်ာေတြကို ျမန္မာအစိုးရဘက္က ျပန္လည္စိစစ္ ေခၚယူမယ္လို႔ ကတိျပဳထားေပမယ့္ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္သင့္မခံပါဘူး။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားက ဒုကၡသည္စခန္းေတြမွာ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြနဲ႔ ျပည့္သိပ္ေနတာျဖစ္ၿပီး ဒီလူထုႀကီးၾကားမွာ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ခဲ့ရင္ ထိန္းခ်ဳပ္ေဆာင္ရြက္ႏုိင္ဖို႔ ခက္ခဲမယ့္အေပၚမွာ ဒုကၡသည္ေတြ ကိုယ္တိုင္ကေရာ ကုလသမဂၢနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကပါ အႀကီးအက်ယ္ စိုးရိမ္ေနတာ ျဖစ္ပါတယ္။ အခုအခ်ိန္ထိေတာ့ ႐ုိဟင္ဂ်ာဒုကၡသည္ စခန္းေတြမွာ COVID-19 အတည္ျပဳလူနာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

COVID-19 ကာကွယ်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ အဝင်အထွက် ကန့်သတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကိုင်တွယ်တဲ့ အနေနဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အသွားအလာ ကန့်သတ်ထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

“စခန်းအတွင်းကနေ အပြင်ကို လုံးဝမထွက်ရဘူးခင်ဗျ။ စခန်းတခုကနေတခု သွားလာမှုလည်း ပိတ်ပင်ထားပါတယ်ခင်ဗျ။ ဈေးတော့ မနက်တပိုင်း ခဏတဖြုတ်ပေါ့ဗျာ ဟင်းသီးဟင်းရွက်နဲ့ ငါး ဝယ်လို့ရပါတယ်။ တခြား ဈေးဆိုင်တွေကတော့ လုံး၀ ပိတ်ပင်ထားပါတယ်။ နောက် ညနေလည်း နာရီဝက် တနာရီလောက် ဟင်းသီးဟင်းရွက်နဲ့ ငါးတွေဘာတွေ ဝယ်လို့ရပါတယ်။ ခဏတဖြုတ် ဆိုင်တွေဖွင့်တယ်၊ နောက်ပြီးတော့ ပြန်ပိတ်လိုက်ရပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်သူ ကိုအီစလံက ဗွီအိုအေကို ပြောပြခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက တနင်္ဂနွေနေ့အထိဆိုရင်ကူးစက်ခံ အတည်ပြုလူနာ ၆၀၀ ကျော်ရှိပြီး ၃၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဒုက္ခသည် သိန်းနဲ့ချီ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း အဝင်အထွက် ပိတ်ထားသလို စခန်းအတွင်းမှာလည်း ဈေးဆိုင်တွေ အချိန်ပိုင်းသာဖွင့်ရပြီး လူစုလူဝေး မလုပ်ဖို့လည်း အစိုးရက ညွှန်ကြားထားတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြည့်ကျပ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က စိုးရိမ်ချက်နဲ့ ဆောင်ရွက်တာလို့ ယူဆတဲ့အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်းရုံးက အကြီးတန်းအကြံပေးက ပြောပါတယ်။ Pia Oberoi က ရွှေ့ပြောင်းအခြေချမှု အခွင့်အရေးဆိုင်ရာ အကြီးတန်းအကြံပေး ဖြစ်ပါတယ်။

"စခန်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာနိုင်တဲ့ အခြေအနေမျိုးအပေါ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရက အကြီးအကျယ် စိုးရိမ်နေတယ်လို့ သူယူဆကြောင်း၊ စခန်းထဲကလူတွေ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံတဲ့ အခြေအနေမျိုးမှာ တဦးနဲ့တဦးကြား အကွာအဝေး တခုခြားပြီး နေဖို့ ဆိုတာကလည်း မဖြစ်နိုင်ကြောင်း၊ ဒီအခြေအနေကို တုံ့ပြန်ကိုင်တွယ်တာမှာ လူ့အခွင့်အရေးကို အလေးထား ဂရုစိုက်စေလိုကြောင်း၊ ဒီလူတွေကို စမ်းသပ်စစ်ဆေးရေး၊ ကုသရေးနဲ့ စောင့်ရှောက်ပေးနိုင်ရေး အတွက်ကိုလည်း အသေအချာ ကြပ်ကြပ်မတ်မတ် အာရုံစိုက် ဆောင်ရွက်ရမှာ ဖြစ်တယ်” လို့ ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို အဝင်အထွက် ပိတ်ပင်ထားတာဟာ သီတင်းတပတ်ကျော် ရှိခဲ့ပါပြီ။ အနီးအနား စခန်းတွေကို ခြေလျင်သွားလာမှုတချို့ ရှိပေမယ့် ခရီးသည်တင်ကားပြေးဆွဲမှု မရှိဘူးလို့လည်း ဘာလုခါလီ ဒုက္ခသည်စခန်းက ကိုအီစလံက ပြောပါတယ်။

စခန်းတွင်းမှာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကရော အကူအညီပေးရေး အဖွဲ့အစည်းတွေဘက်ကရော COVID-19 နဲ့ ပတ်သက်ပြီး အသိပေး ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒုက္ခသည်စခန်းတွင်းက လူထုအနေနဲ့ လိုက်နာလုပ်ဆောင်မှု ရှိပါသလား။

"လက်ကို မကြာခဏ ဆပ်ပြာနဲ့ ဆေးကြောဖို့အတွက် လမ်းညွှန်ထားပါတယ်ခင်ဗျ။ နောက် မျက်နှာကို ပုဝါသော်လည်းကောင်း၊ Mask သော်လည်းကောင်း တပ်ဆင်ဖို့ အတွက် ညွှန်ကြားထားပါတယ် ခင်ဗျ။ နောက် လူစုလူဝေး မလုပ်ကြဖို့၊ လူတဦးနဲ့တဦး ၃ ပေအကွာမှာ နေထိုင်ဖို့အတွက် ညွှန်ကြားထားပါတယ်ခင်ဗျ။"

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရဘက်က ပြန်လည်စိစစ် ခေါ်ယူမယ်လို့ ကတိပြုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပြည့်သိပ်နေတာဖြစ်ပြီး ဒီလူထုကြီးကြားမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ခဲ့ရင် ထိန်းချုပ်ဆောင်ရွက်နိုင်ဖို့ ခက်ခဲမယ့်အပေါ်မှာ ဒုက္ခသည်တွေ ကိုယ်တိုင်ကရော ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကပါ အကြီးအကျယ် စိုးရိမ်နေတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ COVID-19 အတည်ပြုလူနာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG