သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သက္ႀကီးပုိင္း႐ုိဟင္ဂ်ာေတြအတြက္ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ AI သတိေပး


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ုႏိုင္ငံက လူအဆမတန္ျပည့္ၾကပ္ေနတဲ့ ဒုကၡစခန္းမွာ ခိုလႈံေနတဲ့ သက္ႀကီးရြယ္အုိ ရိုဟင္ဂ်ာဒုကၡသည္ေတြအေနနဲ႔ ကို႐ိုနာဗုိင္းရပ္စ္ ကဒ္ေဘးႀကီးနဲ႔ ရင္ဆုိင္ရႏုိင္ေျခ အေတာ္မ်ားေနတယ္လို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေလ့လာဆန္းစစ္တဲ့အဖြဲ႔ AI ကေျပာပါတယ္။

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ေဆာင္ရြက္ခ်က္ေတြအျဖစ္ Cox’s Bazar က ဒုကၡသည္စခန္းေတြထဲ ပိုးကူးမသြားအာင္ စခန္းအနီးတ၀ိုက္မွာ လူအမ်ားအျပားစုေ၀းတာေတြ မလုပ္ဖို႔ COVID-19 ေရာဂါဆုိင္ရာအကူအညီေတြ တိုးေပးဖို႔ နဲ႔ အျခားလုပ္ေဆာင္ခ်က္ေတြကို ဘဂၤလားေဒ့ရ္ွအစိုးရ ကုလသမဂၢနဲ႔ အျခားလူသားခ်င္းစာနာမႈအဖြဲ႔ေတြ မတ္လ ၂၃ ရက္ေန႔ထိ ပူးေပါင္းေဆာင္ရြက္ေနတာပါ။ ဒါေပမဲ့လည္း ေရာဂါလကၡဏာေတြ၊ ေရာဂါျပန္႔ပြားမႈဆုိင္ရာ အေျခခံ သတင္းအခ်က္အလက္ေတြ စခန္းထဲကလူ အေတာ္မ်ားမ်ားဆီ မေရာက္ႏုိင္ပဲျဖစ္ေနပါတယ္။

အထူူးသျဖင့္ စခန္းထဲက သက္ႀကီးရြယ္အိုေတြအတြက္ လုံေလာက္တဲ့ ကာကြယ္ေစာင့္ေရွာက္မႈမ်ိဳးေတြကို လူသားခ်င္းစာနာမႈ အဖြဲ႔အစည္းေတြက မေပးႏိုင္ဘဲ ျဖစ္ေနတာပါ။ အျခားကာလေတြမွာေတာင္ ဒုကၡသည္စခန္းက သက္ႀကီးရြယ္အိုေတြ အဓိက လိုအပ္တဲ့ အကူအညိီမ်ိဳး ေပးအပ္ႏိုင္ဖို႔ လူသားခ်င္းစာနာမႈအဖြဲ႔ေတြ အေတာ့္ကို ႀကိဳးစားလုပ္ကုိင္ခဲ့ရေၾကာင္းနဲ႔ ခုလုိကပ္ေရာဂါနဲ႔ ရင္္ဆုိင္ရခိ်န္မွာေတာ့ လက္ရွိ ဘာေတြျဖစ္ပ်က္ေနသလဲအႏၱရာယ္ကင္းေအာင္ ဘယ္လိုေနထုိင္ရမလဲဆိုတဲ့ အေျခခံသတင္းအခ်က္အလက္ေလးေတာင္ လူတခ်ိဳ ႔ကို မေပးႏိုင္ပဲျဖစ္ေနရတယ္လို႔ AI အဖြဲ႔ ကပ္ေဘးဒဏ္တုံ႔ျပန္ေရးအဖြဲ႔ ဒုညႊန္ၾကားေရးမွဴး Matt Wells ကေျပာဆိုခဲ့ပါတယ္။

ခုလို တကမၻာလုံး ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရတဲ့ အခ်ိန္မွာ သက္ႀကီးရြယ္အို ဒုကၡသည္ေတြကို လ်စ္လ်ဴရႈထားတာမ်ိဳး ထပ္မလုပ္ဘဲ သူတို႔အတြက္ သတင္းအခ်က္အလက္ေတြ၊ အကူအညီေတြ ေပးႏိုင္ဖို႔ အလႈရွင္ႏုိင္ငံေတြ၊ လူသားခ်င္းစာနာမႈအဖြဲ႔ ေတြအားလုံး ပူးေပါင္းေဆာင္ရြက္ဖို႔လည္း သူကတုိက္တြန္းသြားပါတယ္။

၂၀၁၇ ခုႏွက္က ျမန္မာႏုိင္ငံ ရခုိင္ေျမာက္ပုိင္းမွာ အစိုးရရဲ ႔ နယ္ေျမရွင္းလင္းေရးုလုပ္ေဆာင္ခ်က္ေၾကာင့္ ေနရပ္စြန္႔ခြါၿပီး ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနသူ ၉၀၀,၀၀၀ နီးပါးရွိတယ္လို႔ ကုလသမဂၢက ေျပာဆိုထားပါတယ္။

မတ္လေနာက္ဆုံးပတ္မွာ စခန္း ၃၄ ခုက သက္ႀကီးရြယ္အို ရိုဟင္ဂ်ာ ဒုကၡသည္ ၁၅ ေယာက္ကို AI က လူေတြ႔ေမးျမန္းခဲ့တာပါ။ အဲဒီစခန္းေတြမွာ အသက္ ၆၀ ေက်ာ္ဒုကၡသည္ ၃၁,၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ကုလကေျပာပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သက်ကြီးပိုင်းရိုဟင်ဂျာတွေအတွက် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် AI သတိပေး

ဘင်္ဂလားဒေ့ရှ်ုနိုင်ငံက လူအဆမတန်ပြည့်ကြပ်နေတဲ့ ဒုက္ခစခန်းမှာ ခိုလှုံနေတဲ့ သက်ကြီးရွယ်အို ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကဒ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်ခြေ အတော်များနေတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာဆန်းစစ်တဲ့အဖွဲ့ AI ကပြောပါတယ်။

ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေအဖြစ် Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲ ပိုးကူးမသွားအာင် စခန်းအနီးတဝိုက်မှာ လူအများအပြားစုဝေးတာတွေ မလုပ်ဖို့ COVID-19 ရောဂါဆိုင်ရာအကူအညီတွေ တိုးပေးဖို့ နဲ့ အခြားလုပ်ဆောင်ချက်တွေကို ဘင်္ဂလားဒေ့ရ်ှအစိုးရ ကုလသမဂ္ဂနဲ့ အခြားလူသားချင်းစာနာမှုအဖွဲ့တွေ မတ်လ ၂၃ ရက်နေ့ထိ ပူးပေါင်းဆောင်ရွက်နေတာပါ။ ဒါပေမဲ့လည်း ရောဂါလက္ခဏာတွေ၊ ရောဂါပြန့်ပွားမှုဆိုင်ရာ အခြေခံ သတင်းအချက်အလက်တွေ စခန်းထဲကလူ အတော်များများဆီ မရောက်နိုင်ပဲဖြစ်နေပါတယ်။

အထူူးသဖြင့် စခန်းထဲက သက်ကြီးရွယ်အိုတွေအတွက် လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုမျိုးတွေကို လူသားချင်းစာနာမှု အဖွဲ့အစည်းတွေက မပေးနိုင်ဘဲ ဖြစ်နေတာပါ။ အခြားကာလတွေမှာတောင် ဒုက္ခသည်စခန်းက သက်ကြီးရွယ်အိုတွေ အဓိက လိုအပ်တဲ့ အကူအညီမျိုး ပေးအပ်နိုင်ဖို့ လူသားချင်းစာနာမှုအဖွဲ့တွေ အတော့်ကို ကြိုးစားလုပ်ကိုင်ခဲ့ရကြောင်းနဲ့ ခုလိုကပ်ရောဂါနဲ့ ရင်ဆိုင်ရချိန်မှာတော့ လက်ရှိ ဘာတွေဖြစ်ပျက်နေသလဲအန္တရာယ်ကင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ အခြေခံသတင်းအချက်အလက်လေးတောင် လူတချို့ကို မပေးနိုင်ပဲဖြစ်နေရတယ်လို့ AI အဖွဲ့ ကပ်ဘေးဒဏ်တုံ့ပြန်ရေးအဖွဲ့ ဒုညွှန်ကြားရေးမှူး Matt Wells ကပြောဆိုခဲ့ပါတယ်။

ခုလို တကမ္ဘာလုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ သက်ကြီးရွယ်အို ဒုက္ခသည်တွေကို လျစ်လျူရှုထားတာမျိုး ထပ်မလုပ်ဘဲ သူတို့အတွက် သတင်းအချက်အလက်တွေ၊ အကူအညီတွေ ပေးနိုင်ဖို့ အလှုရှင်နိုင်ငံတွေ၊ လူသားချင်းစာနာမှုအဖွဲ့ တွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း သူကတိုက်တွန်းသွားပါတယ်။

၂၀၁၇ ခုနှက်က မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ အစိုးရရဲ့ နယ်မြေရှင်းလင်းရေးုလုပ်ဆောင်ချက်ကြောင့် နေရပ်စွန့်ခွါပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူ ၉၀၀,၀၀၀ နီးပါးရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

မတ်လနောက်ဆုံးပတ်မှာ စခန်း ၃၄ ခုက သက်ကြီးရွယ်အို ရိုဟင်ဂျာ ဒုက္ခသည် ၁၅ ယောက်ကို AI က လူတွေ့မေးမြန်းခဲ့တာပါ။ အဲဒီစခန်းတွေမှာ အသက် ၆၀ ကျော်ဒုက္ခသည် ၃၁,၀၀၀ ကျော်ရှိတယ်လို့လည်း ကုလကပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

XS
SM
MD
LG