သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြတ္ဆလင္ဒုကၡသည္ ၂၂ ဦး ျပန္လည္လက္ခံေရးစခန္း၀င္ေရာက္


ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၀၂၊ ၂၀၁၇)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားၾကတဲ့ ေနရပ္စြန႔္ခြာသူေတြထဲက ၂၂ ဦးဟာ ျပန္လည္လက္ခံေရးစခန္းေတြကေန တဆင့္ ဒီလထဲမွာပဲ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္လည္ ဝင္ေရာက္လာပါတယ္။ ႏိုင္ငံတကာက ဖိအားေပးေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ ဘဂၤလားေဒ့ရွ္နဲ႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္က လက္ေတြ႕မလုပ္ႏိုင္ေသးေပမဲ့ အခုလို သီျခားကိုယ့္အစီအစဥ္နဲ႔ ကိုယ္ဝင္ေရာက္လာသူေတြ ရွိလာေနတာပါ။ ဒီအေျခအေနကို ဗြီအိုေအသတင္းေထာက္ မစုစု စုံစမ္းေမးျမန္းထားပါတယ္။

🔹 ႐ုိဟင္ဂ်ာေတြေနရပ္ျပန္ေရး ျမန္မာလုပ္ေဆာင္မႈ ေႏွးေကြးေၾကာင္း ကုလေျပာတဲ့သတင္းကိုလည္း ဒီမွာ ဖတ္ရႈႏိုင္ပါျပီ။

ေနရပ္စြန႔္ခြာသူေတြထဲက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာတဲ့ မိသားစုဝင္ သုံးဦးပါတဲ့ အိမ္ေထာင္စု တစုကို မတ္လ ၇ ရက္ ၿပီးခဲ့တဲ့စေနေန႔က ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္းက စိစစ္လက္ခံခဲ့ပါတယ္။ သူတို႔ေတြကို လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ လုပ္ငန္းစဥ္အရ စိစစ္မွတ္တမ္းတင္ၿပီး ျပန္လည္လက္ခံခဲ့တယ္လို႔ ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္းက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဇာ္မင္းသိန္းက ဗြီအိုေအကိုေျပာပါတယ္။

“မိသားစုတစုတည္းပါဗ်။ အေမရယ္၊ သားရယ္၊ သမီးရယ္ေပါ့။ မြတ္စလင္ေတြပါခင္ဗ်။ သူတို႔က အိမ္ေထာင္စုအေဟာင္း ရွိတယ္ေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ လုပ္ငန္းစဥ္အတိုင္း ျပည္နယ္တို႔ကေန ဝင္ထားတဲ့စာနဲ႔ တိုက္ဆိုင္စစ္ေဆးတယ္။ မွန္ကန္တဲ့အတြက္ က်ေနာ္တို႔က သူတို႔ကို အိမ္ေထာင္စုထုတ္ေပးပါတယ္။ ၿပီးရင္ NVC (ႏိုင္ငံသားစိစစ္ေရးကဒ္) ကဒ္ျပားလုပ္ေပးပါတယ္။”

အခုလို ျပန္လည္ဝင္ေရာက္လာသူေတြကို က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေထာက္ပံ့ပစၥည္းေတြ ေပးအပ္ခဲ့တယ္လို႔လည္း ဦးေဇာ္မင္းသိန္းက အခုလိုဆက္ေျပာပါတယ္။

“လူမႈဝန္ထမ္းဆိုလို႔ရွိရင္လည္း ဒီပစၥည္းေထာက္ပံ့တာေတြ ရွိတယ္။ က်န္းမာေရးဆိုလည္း က်န္းမာေရးစစ္ေဆး ေထာက္ပံ့မႈေတြရွိပါတယ္ဗ်။ သူ႔ဌာနဆိုင္ရာအလိုက္ အကုန္လုပ္ၾကပါတယ္ဗ်။”

ရခိုင္ေျမာက္ပိုင္းပဋိပကၡေတြေၾကာင့္ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံထဲ ေျပးဝင္သြားတဲ့ သိန္းဂဏန္းရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ၾကန႔္ၾကာေနတဲ့အေပၚ ႏိုင္ငံတကာမွာေတာ့ ျမန္မာအစိုးရကို ဖိအားေတြေပးေနတာပါ။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာအသုံးအႏႈန္းကို လက္မခံေပမဲ့ ဒီဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ဒုကၡသည္ေတြကို ျပန္လည္လက္ခံေရးနဲ႔ ေနရာခ်ထားေရးကိစၥရပ္ေတြကို ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနၿပီး အာဆီယံႏိုင္ငံအပါအဝင္ မိတ္ေဆြႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာက အဖြဲ႕အစည္းေတြ ကုလသမဂၢ အဖြဲ႕အစည္းေတြနဲ႔ပါ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက မတ္လ ၉ရက္ေန႔တုန္းက စစ္ေတြၿမိဳ႕မွာျပဳလုပ္တဲ့ ေက်း႐ြာေနသူေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာဆိုခဲ့ပါတယ္။

မတ္လ ၈ ရက္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းကလည္း ေနရပ္စြန႔္ခြာသူေတြထဲက အိမ္ေထာင္စု ၁၆ စုဟာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္လည္ေရာက္ရွိလာတယ္လို႔ ငါးခူရျပန္လည္ လက္ခံေရးစခန္းက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးဝင္းေအာင္က ေျပာပါတယ္။

“၈ ရက္ေန႔တုန္းကတခါရွိတယ္။ အိမ္ေထာင္စုက ၁၆ စုေပါ့။ လူဦးေရက ၁၉ ဦး။ က်ားက ၁၇၊ မ က ၂။”

သူတို႔ေတြကိုလိုအပ္တဲ့ စိစစ္မႈေတြ လုပ္ေပးၿပီး ငါးခူရျပန္လည္လက္ခံေရး စခန္းက လက္ခံခဲ့တာပါ။

တဘက္ႏိုင္ငံကို ထြက္ေျပးသြားၾကသူေတြထဲက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာသူေတြဟာ အခုခ်ိန္မွာ ၅၀၀ ေက်ာ္အထိ ရွိေနပါၿပီ။ ျပန္ဝင္လာသူေတြကို ေတာင္ၿပိဳလက္ဝဲနဲ႔ ငါးခူရစခန္းတို႔ကေန စိစစ္လက္ခံေနၿပီး လွဖိုးေခါင္ၾကားစခန္းကေနတဆင့္ ျပန္လည္ေနရာခ်ထားေပးေနတာပါ။

ျပန္ဝင္လာသူေတြဟာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကေန ေရာက္ရွိလာသူေတြျဖစ္ၿပီး အခုခ်ိန္မွာ COVID-19 ကို႐ိုနာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈခ်ိန္ ကာလျဖစ္လို႔ သူတို႔ေတြကို က်န္းမာေရးစစ္ေဆးမႈေတြအပါအဝင္ ရခိုင္ျပည္နယ္အတြင္း ကို႐ိုနာေရာဂါ ကာကြယ္ေရးအတြက္ ေဆာင္႐ြက္ထားရွိခ်က္ေတြ ရွိ၊ မရွိ ေမးျမန္းတာကိုေတာ့ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာစိုင္းဝင္းေဇာ္လႈိင္က လက္ခံေျဖဆိုဖို႔ ျငင္းပါတယ္။ COVID-19 ကူးစက္ခံထားရတဲ့ႏိုင္ငံေတြထဲမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံလည္း ပါဝင္ၿပီး ဒီကေန႔အထိဆိုရင္ ကူးစက္ခံထားရသူ သုံးဦးရွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွတ်ဆလင်ဒုက္ခသည် ၂၂ ဦး ပြန်လည်လက်ခံရေးစခန်းဝင်ရောက်

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ နေရပ်စွန့်ခွာသူတွေထဲက ၂၂ ဦးဟာ ပြန်လည်လက်ခံရေးစခန်းတွေကနေ တဆင့် ဒီလထဲမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လည္ ဝင်ရောက်လာပါတယ်။ နိုင်ငံတကာက ဖိအားပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်က လက်တွေ့မလုပ်နိုင်သေးပေမဲ့ အခုလို သီခြားကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝင်ရောက်လာသူတွေ ရှိလာနေတာပါ။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် မစုစု စုံစမ်းမေးမြန်းထားပါတယ်။

🔹 ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာလုပ်ဆောင်မှု နှေးကွေးကြောင်း ကုလပြောတဲ့သတင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

နေရပ်စွန့်ခွာသူတွေထဲက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတဲ့ မိသားစုဝင် သုံးဦးပါတဲ့ အိမ်ထောင်စုတစုကို မတ်လ ၇ ရက် ပြီးခဲ့တဲ့စနေနေ့က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက စိစစ်လက်ခံခဲ့ပါတယ်။ သူတို့တွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အရ စိစစ်မှတ်တမ်းတင်ပြီး ပြန်လည်လက်ခံခဲ့တယ်လို့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသိန်းက ဗွီအိုအေကိုပြောပါတယ်။

“မိသားစုတစုတည်းပါဗျ။ အမေရယ်၊ သားရယ်၊ သမီးရယ်ပေါ့။ မွတ်စလင်တွေပါခင်ဗျ။ သူတို့က အိမ်ထောင်စုအဟောင်း ရှိတယ်ပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ လုပ်ငန်းစဉ်အတိုင်း ပြည်နယ်တို့ကနေ ဝင်ထားတဲ့စာနဲ့ တိုက်ဆိုင်စစ်ဆေးတယ်။ မှန်ကန်တဲ့အတွက် ကျနော်တို့က သူတို့ကို အိမ်ထောင်စုထုတ်ပေးပါတယ်။ ပြီးရင် NVC (နိုင်ငံသားစိစစ်ရေးကဒ်) ကဒ်ပြားလုပ်ပေးပါတယ်။”

အခုလို ပြန်လည်ဝင်ရောက်လာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့လည်း ဦးဇော်မင်းသိန်းက အခုလိုဆက်ပြောပါတယ်။

“လူမှုဝန်ထမ်းဆိုလို့ရှိရင်လည်း ဒီပစ္စည်းထောက်ပံ့တာတွေရှိတယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးစစ်ဆေး ထောက်ပံ့မှုတွေရှိပါတယ်ဗျ။ သူ့ဌာနဆိုင်ရာအလိုက် အကုန်လုပ်ကြပါတယ်ဗျ။”

ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးဝင်သွားတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြန့်ကြာနေတဲ့အပေါ် နိုင်ငံတကာမှာတော့ မြန်မာအစိုးရကို ဖိအားတွေပေးနေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမဲ့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးကိစ္စရပ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အာဆီယံနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မတ်လ ၉ရက်နေ့တုန်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ကျေးရွာနေသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

မတ်လ ၈ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း နေရပ်စွန့်ခွာသူတွေထဲက အိမ်ထောင်စု ၁၆ စုဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လည်ရောက်ရှိလာတယ်လို့ ငါးခူရပြန်လည် လက်ခံရေးစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

“၈ ရက်နေ့တုန်းကတခါရှိတယ်။ အိမ်ထောင်စုက ၁၆ စုပေါ့။ လူဦးရေက ၁၉ ဦး။ ကျားက ၁၇၊ မ က ၂။”

သူတို့တွေကိုလိုအပ်တဲ့ စိစစ်မှုတွေ လုပ်ပေးပြီး ငါးခူရပြန်လည်လက်ခံရေး စခန်းက လက်ခံခဲ့တာပါ။

တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေထဲက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူတွေဟာ အခုချိန်မှာ ၅၀၀ ကျော်အထိ ရှိနေပါပြီ။ ပြန်ဝင်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတို့ကနေ စိစစ်လက်ခံနေပြီး လှဖိုးခေါင်ကြားစခန်းကနေတဆင့် ပြန်လည်နေရာချထားပေးနေတာပါ။

ပြန်ဝင်လာသူတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရောက်ရှိလာသူတွေဖြစ်ပြီး အခုချိန်မှာ COVID- 19 ကိုရိုနာရောဂါ စောင့်ကြပ်ကြည့်ရှုချိန် ကာလဖြစ်လို့ သူတို့တွေကို ကျန်းမာရေးစစ်ဆေးမှုတွေအပါအဝင်ရခိုင်ပြည်နယ်အတွင်း ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိချက်တွေ ရှိ၊ မရှိ မေးမြန်းတာကိုတော့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က လက်ခံဖြေဆိုဖို့ ငြင်းပါတယ်။ COVID- 19 ကူးစက်ခံထားရတဲ့နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါဝင်ပြီး ဒီကနေ့အထိဆိုရင် ကူးစက်ခံထားရသူ သုံးဦးရှိထားပါတယ်။

XS
SM
MD
LG