သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာလုပ်ဆောင်မှု နှေးကွေးကြောင်း ကုလပြော


ရိုဟင်ဂျာတွေနေရပ်ပြန်လာရေးအတွက် ဆောက်ထားသော စခန်းများ
ရိုဟင်ဂျာတွေနေရပ်ပြန်လာရေးအတွက် ဆောက်ထားသော စခန်းများ

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံ ဘက်က ကြိုးပမ်းမှုတွေဟာ နှေးကွေးလွန်းတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကိုပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးတဲ့ နေရာမှာ နှေးကွေးလွန်းတာ၊ ဒါမှမဟုတ်ရင်လည်း ဖြစ်မလာသေးတဲ့အကြောင်း မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

ရိုဟင်ဂျာနေရပ်ခေါ်ရေး လုပ်ငန်းစဉ်အချို့ ပြင်ဆင်လုပ်ဆောင်မယ့်သတင်းကို ဖတ်ရှုနိုင်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးရာမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ ရခိုင်ပြည်နယ်က ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ ရောက်နေသူတွေ ပြန်လာခွင့်ရရေး၊ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်ခွင့်တွေကို လေးစားဖို့တွေအပြင် နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် စီစဉ်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ သံသယစိတ်ကင်းကင်းနဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲ တိုင်းပြည်နဲ့ လူမှုအသိုင်းအဝိုင်းကြား ပြန်လည်ဝန်ဆန့်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၇ သန်း အကူအညီ လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တောင်းခံခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Shahriar Alam ကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပြန်လည်လက်ခံအောင် တတ်နိုင်သမျှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဝိုင်းဝန်းဖိအားပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ကုလသမဂ္ဂနဲ့ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ အစီအစဉ်တွေ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)







XS
SM
MD
LG