သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာေတြေနရပ္ျပန္ေရး ျမန္မာလုပ္ေဆာင္မႈ ေႏွးေကြးေၾကာင္း ကုလေျပာ


႐ုိဟင္ဂ်ာေတြေနရပ္ျပန္လာေရးအတြက္ ေဆာက္ထားေသာ စခန္းမ်ား

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ေရာက္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရး ျမန္မာႏုိင္ငံ ဘက္က ႀကိဳးပမ္းမႈေတြဟာ ေႏွးေကြးလြန္းတဲ့အေၾကာင္း ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီးက ေျပာဆုိလုိက္ပါတယ္။

ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ကေန ျမန္မာႏုိင္ငံကုိျပန္ႏုိင္မယ့္ အေျခအေနေတြ ဖန္တီးတဲ့ ေနရာမွာ ေႏွးေကြးလြန္းတာ၊ ဒါမွမဟုတ္ရင္လည္း ျဖစ္မလာေသးတဲ့အေၾကာင္း မဟာမင္းႀကီး Filippo Grandi က အဂၤါေန႔မွာ ေျပာဆုိလုိက္တာပါ။

႐ိုဟင္ဂ်ာေနရပ္ေခၚေရး လုပ္ငန္းစဥ္အခ်ိဳ႕ ျပင္ဆင္လုပ္ေဆာင္မယ့္သတင္းကို ဖတ္ရႈႏိုင္ပါတယ္။

ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္မယ့္ အေျခအေနေတြ ဖန္တီးရာမွာ လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္၊ ရခုိင္ျပည္နယ္က ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ေရာက္ေနသူေတြ ျပန္လာခြင့္ရေရး၊ အိမ္ၿခံေျမနဲ႔ ပုိင္ဆုိင္ခြင့္ေတြကုိ ေလးစားဖုိ႔ေတြအျပင္ ႏုိင္ငံသားျဖစ္ခြင့္နဲ႔ ပတ္သက္လုိ႔ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ စီစဥ္ဖုိ႔ လုိအပ္ေၾကာင္းလည္း တုိက္တြန္းထားပါတယ္။

ဒုကၡသည္ေတြ အေနနဲ႔ သံသယစိတ္ကင္းကင္းနဲ႔ ခဲြျခားဆက္ဆံမႈမရွိဘဲ တုိင္းျပည္နဲ႔ လူမႈအသုိင္းအ၀ိုင္းၾကား ျပန္လည္၀န္ဆန္႔ႏုိင္ေအာင္ ေဆာင္ရြက္ဖုိ႔ လုိအပ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ ဒုကၡသည္ေတြအတြက္ ေဒၚလာ ၈၇၇ သန္း အကူအညီ လုိအပ္ေနေၾကာင္းလည္း ကုလသမဂၢနဲ႔ ဘဂၤလားေဒ့ရွ္ အာဏာပုိင္ေတြ ေတာင္းခံခဲ့ၾကပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Shahriar Alam ကေတာ့ ျမန္မာႏုိင္ငံက ဒုကၡသည္ေတြ ျပန္လည္လက္ခံေအာင္ တတ္ႏုိင္သမွ် ကုလသမဂၢ အဖဲြ႔၀င္ႏုိင္ငံေတြ ၀ုိင္း၀န္းဖိအားေပးၾကဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရကေတာ့ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ ကုလသမဂၢနဲ႔ေရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ပါ နားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထုိးထားပါတယ္။ ဒါေပမဲ့လည္း လက္ေတြ႔မွာေတာ့ အစီအစဥ္ေတြ အေကာင္အထည္မေဖာ္ႏုိင္ပဲ ျဖစ္ေနတဲ့အတြက္ ႏုိင္ငံတကာရဲ႕ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာလုပ်ဆောင်မှု နှေးကွေးကြောင်း ကုလပြော

(Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံ ဘက်က ကြိုးပမ်းမှုတွေဟာ နှေးကွေးလွန်းတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကိုပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးတဲ့ နေရာမှာ နှေးကွေးလွန်းတာ၊ ဒါမှမဟုတ်ရင်လည်း ဖြစ်မလာသေးတဲ့အကြောင်း မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

ရိုဟင်ဂျာနေရပ်ခေါ်ရေး လုပ်ငန်းစဉ်အချို့ ပြင်ဆင်လုပ်ဆောင်မယ့်သတင်းကို ဖတ်ရှုနိုင်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးရာမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ ရခိုင်ပြည်နယ်က ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ ရောက်နေသူတွေ ပြန်လာခွင့်ရရေး၊ အိမ်ခြံမြေနဲ့ ပိုင်ဆိုင်ခွင့်တွေကို လေးစားဖို့တွေအပြင် နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် စီစဉ်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ သံသယစိတ်ကင်းကင်းနဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲ တိုင်းပြည်နဲ့ လူမှုအသိုင်းအဝိုင်းကြား ပြန်လည်ဝန်ဆန့်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၇ သန်း အကူအညီ လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တောင်းခံခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Shahriar Alam ကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပြန်လည်လက်ခံအောင် တတ်နိုင်သမျှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဝိုင်းဝန်းဖိအားပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ကုလသမဂ္ဂနဲ့ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ အစီအစဉ်တွေ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG