သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရး ႐ိုဟင္ဂ်ာစခန္းေတြ ျပင္ဆင္


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းတြင္ ဆုေတာင္းပြဲက်င္းပေနသည့္ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ရခိုင္အၾကမ္းဖက္ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးတိမ္းေရွာင္သြားၾကတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲ ကမာၻ႔ကပ္ေရာဂါ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွွံ႔မႈမရွိေအာင္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) အပါအဝင္ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ဒုကၡသည္ဆုိင္ရာ ႏုိင္ငံတကာ NGO အဖြဲ႔ေတြက အထူးက်န္းမာေရး ပညာေပးလုပ္ငန္းေတြ ေဆာင္ရြက္ေနတယ္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြက ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြတုိင္းမွာ ဘာသာေရး စာသင္ေက်ာင္းေတြနဲ႔ ျမန္မာစာသင္ေက်ာင္းေတြကို ပိတ္ထားလိုက္သလို ဒုကၡသည္ေတြ တကိုယ္ေရသန္႔ရွင္းေရး အေလးထားဖို႔၊ လက္မၾကာခနေဆးဖို႔၊ လူထူထပ္တဲ့ ေနရာေတြကို မစုေဝးၾကဖို႔ အပါအဝင္ နာမက်န္းျဖစ္လာရင္ အျမန္ဆံုး ေဆး႐ံုေဆးေပးခန္းေတြကို အေၾကာင္းၾကားၾကဖို႔ ဒုကၡသည္စခန္း တာဝန္ရွိသူေတြကလည္း သတိေပး ေျပာၾကားေနၾကတာပါ။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားအနီး ဘာလုခါလီဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံက ဒုကၡသည္စခန္းတြင္း COVID-19 အေရး က်န္းမာေရး ပညာေပး ေဆာင္ရြက္ေနတာေတြကို အခုလိုေျပာျပပါတယ္။

“COVID-19 ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေဘးေရာဂါအတြက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ဒီလ ၁၈ ရက္ေန႔ကစၿပီး ခ႐ုိင္မွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းတြင္းမွာ ရွိေနတဲ့ ဘာသာေရး အာရဗီ ေက်ာင္းမ်ားနဲ႔ ျမန္မာစာနဲ႔ ေရးတဲ့စာျပ Learner Center ေတြပါ အားလုံး ပိတ္ေပးလုိက္ပါတယ္။ ေနာက္ က်န္းမာေရး အသိပညာေပးအတြက္ ႀကိဳတင္ကာကြယ္ေရး အေနနဲ႔ UNICEF, WHO, ဘဂၤလားေဒ့ရွ္ အစိုးရတို႔က ဒီလ ၁၆ ရက္ ေန႔စြဲနဲ႔ က်န္းမာေရးအသိ ႏႈိးေဆာ္တဲ့ လက္ကမ္းစာေစာင္ေတြ၊ ေနာက္ အဲဒီႏႈိးေဆာ္ခ်က္နဲ႔ ပတ္သက္ၿပီး ႐ုိဟင္ဂ်ာဒုကၡသည္ ကိုယ္စားျပဳ အဖြဲ႔တုိ႔က စခန္းတြင္းရွိ က်န္းမာေရး အသိပညာေပး ႏႈိးေဆာ္ခ်က္ကို တုိက္တြန္းေနၾကတာကို ေတြ႔ရပါတယ္။”

မဆုမြန္ - အခု ဦးအီစလံတို႔ရွိေနတဲ့ ဒုကၡသည္စခန္းကလည္း ဒုကၡသည္ဦးေရက သိန္းနဲ႔ခ်ီရွိတယ္၊ ေနာက္ လူဦးေရကလည္း အမ်ားႀကီး က်ပ္က်ပ္တည္းတည္း ေနရတဲ့ အေနအထားမ်ဳိးေတြ ရွိေတာ့ ဒီလိုမ်ဳိး လူထူထပ္တဲ့ ေနရာေတြမွာ ေဆာင္ရန္ေရွာင္ရန္ ကိစၥေတြ၊ တကိုယ္ေရ သန္႔ရွင္းေရးနဲ႔ ပတ္သက္ၿပီး လုပ္ရမယ္ဆုိတဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ေရာ ဘာေတြမ်ား ေဆာင္ရြက္ေနတာေတြ ရွိပါသလဲ။

ဦးအီစလံ - “တကုိယ္ေရသန္႔ရွင္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ အစာမစားမီ ဆပ္ျပာနဲ႔ လက္ကုိ သန္႔ရွင္းေအာင္ ေဆးေၾကာဖုိ႔ တိုက္တြန္းေနပါတယ္။ ေနာက္ ေခ်ာင္းဆုိးရင္ မ်က္ႏွာကို ပုဝါနဲ႔ ကာထားဖို႔ တုိက္တြန္းႏႈိးေဆာ္ထားပါတယ္။ ေရာဂါလကၡဏာ ေတြ႔ရွိပါက နီးစပ္ရာ က်န္းမာေရး ေဆးေပးခန္းကို အျမန္ဆုံး သြားေရာက္ျပသဖုိ႔ တုိက္တြန္းႏႈိးေဆာ္ထားပါတယ္။ ေနာက္ လူတဦးနဲ႔တဦး သုံးေပအကြာအေဝးအတုိင္း ေနၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။ ဒီေရာဂါကို ေၾကာက္စရာမလုိဘဲ ေကာင္းေကာင္းမြန္မြန္ ေနထုိင္ဖုိ႔အတြက္ တုိက္တြန္း ႏႈိးေဆာ္ထားပါတယ္။”

မဆုမြန္ - အခုေလာေလာဆယ္မွာေရာ Camp ထဲမွာ ေနထုိင္မေကာင္း ျဖစ္တာတုိ႔၊ ဒီေရာဂါလကၡဏာနဲ႔ ပတ္သက္ၿပီး သံသယရွိတာတို႔ ေစာင့္ၾကည့္တဲ့ အေနအထားမ်ဳိးေတြေရာ ေတြ႔ရလား။

ဦးအီစလံ - “မေန႔ကအထိ တဦးတေယာက္မွ ေရာဂါျဖစ္တဲ့ လကၡဏာ မေတြ႔ရပါဘူး။ က်ေနာ္တုိ႔ ႐ုိဟင္ဂ်ာလူမ်ဳိးသည္ ႏွစ္ေပါင္းမ်ားစြာ ဒုကၡသည္ဘဝကို ေရာက္ရွိေနခ်ိန္မွာ အခု ကမၻာႀကီးမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ေရာဂါ ျဖစ္ပြားေနတာကို အင္မတန္ စိတ္မေကာင္း ဝမ္းနည္းစရာပါပဲ။ က်ေနာ္တုိ႔ ဒုကၡသည္ အပါအဝင္ ကမၻာတဝန္းမွာ ရွိေနၾကတဲ့ လူထုအားလုံးကုိ ဘုရားသခင္ အလႅာအရွင္ျမတ္က ကာကြယ္ေစာင့္ေရွာက္ေတာ္မူပါလုိ႔ က်ေနာ္တို႔ ေန႔စဥ္နဲ႔အမွ် ဆုေတာင္းေမတၱာ ပုိ႔သလ်က္ ရွိေနပါတယ္။”

မဆုမြန္ - အခုေလာေလာဆယ္မွာေတာ့ စာသင္ေက်ာင္းေတြလည္း ပိတ္ထားတယ္၊ ျမန္မာစာသင္ေက်ာင္းေတြလည္း ပိတ္ထားတယ္။ အေရးႀကီးလာရင္ ဒုကၡသည္ေတြကို ဘယ္လိုမ်ား ျပန္ၿပီး ေစာင့္ၾကည့္မႈေတြ၊ ေစာင့္ေရွာက္ေပးမႈေတြ လုပ္ေနတာေတြေရာ ရွိပါသလဲ။

ဦးအီစလံ - “ဘဂၤလားေဒ့ရွ္အစိုးရ အပါအဝင္ ဒီမွာရွိေနၾကတဲ့ ကုလသမဂၢ အဖြဲ႔အစည္း UNICEF တို႔ IOM တုိ႔ အဖြဲ႔အစည္းေတြ အမ်ားႀကီးရွိပါတယ္။ ေနာက္တခု က်ေနာ္တုိ႔ အဓိက ေတာင္းဆုိခ်င္တာကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇား ဘာလုခါလီ ဒုကၡသည္စခန္းနဲ႔ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမွာ အင္တာနက္လုိင္း ျဖတ္ေတာက္ထားတာကုိ ျပန္ဖြင့္ေပးဖုိ႔ ေတာင္းဆုိခ်င္ပါတယ္။ အခုကာလက ေတာ္ေတာ္ေလး ဆုိးရြားတဲ့ အခ်ိန္ကာလ ေရာက္ေနတဲ့အတြက္ လူထုက ႏုိင္ငံတကာ အဖြဲ႔အစည္းနဲ႔ေသာ္လည္းေကာင္း၊ သက္ဆုိင္ရာ ႏုိင္ငံအဖြဲ႔အစည္းနဲ႔ေသာ္လည္းေကာင္း အျမန္ဆုံး ဆက္သြယ္ႏုိင္ဖို႔၊ တခုခု ျဖစ္ေပၚလာမယ္ဆုိရင္ ဆက္သြယ္ အေၾကာင္းၾကားႏုိင္ေအာင္ အင္တာနက္လုိင္း ဖြင့္ေပးဖုိ႔ က်ေနာ္တုိ႔ အဓိက ေတာင္းဆုိခ်င္ပါတယ္။”

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားအနီး ဘာလုခါလီ ဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံကို တိုက္႐ိုက္ ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားေပမယ့္ ဒီဒုကၡသည္ေတြ ျပန္လက္ခံေရး ေဆာင္ရြက္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

COVID-19 ကာကြယ္ေရး ႐ိုဟင္ဂ်ာစခန္းေတြ ျပင္ဆင္
please wait

No media source currently available

0:00 0:04:38 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

COVID-19 ကာကွယ်ရေး ရိုဟင်ဂျာစခန်းတွေ ပြင်ဆင်

ရခိုင်အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမရှိအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့တွေက အထူးကျန်းမာရေး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေတိုင်းမှာ ဘာသာရေး စာသင်ကျောင်းတွေနဲ့ မြန်မာစာသင်ကျောင်းတွေကို ပိတ်ထားလိုက်သလို ဒုက္ခသည်တွေ တကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့၊ လက်မကြာခနဆေးဖို့၊ လူထူထပ်တဲ့ နေရာတွေကို မစုဝေးကြဖို့ အပါအဝင် နာမကျန်းဖြစ်လာရင် အမြန်ဆုံး ဆေးရုံဆေးပေးခန်းတွေကို အကြောင်းကြားကြဖို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကလည်း သတိပေး ပြောကြားနေကြတာပါ။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ဒုက္ခသည်စခန်းတွင်း COVID-19 အရေး ကျန်းမာရေး ပညာပေး ဆောင်ရွက်နေတာတွေကို အခုလိုပြောပြပါတယ်။

“COVID-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဒီလ ၁၈ ရက်နေ့ကစပြီး ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းမှာ ရှိနေတဲ့ ဘာသာရေး အာရဗီ ကျောင်းများနဲ့ မြန်မာစာနဲ့ ရေးတဲ့စာပြ Learner Center တွေပါ အားလုံး ပိတ်ပေးလိုက်ပါတယ်။ နောက် ကျန်းမာရေး အသိပညာပေးအတွက် ကြိုတင်ကာကွယ်ရေး အနေနဲ့ UNICEF, WHO, ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ဒီလ ၁၆ ရက် နေ့စွဲနဲ့ ကျန်းမာရေးအသိ နှိုးဆော်တဲ့ လက်ကမ်းစာစောင်တွေ၊ နောက် အဲဒီနှိုးဆော်ချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားပြု အဖွဲ့တို့က စခန်းတွင်းရှိ ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်ကို တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။”

မဆုမွန် - အခု ဦးအီစလံတို့ရှိနေတဲ့ ဒုက္ခသည်စခန်းကလည်း ဒုက္ခသည်ဦးရေက သိန်းနဲ့ချီရှိတယ်၊ နောက် လူဦးရေကလည်း အများကြီး ကျပ်ကျပ်တည်းတည်း နေရတဲ့ အနေအထားမျိုးတွေ ရှိတော့ ဒီလိုမျိုး လူထူထပ်တဲ့ နေရာတွေမှာ ဆောင်ရန်ရှောင်ရန် ကိစ္စတွေ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လုပ်ရမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ရော ဘာတွေများ ဆောင်ရွက်နေတာတွေ ရှိပါသလဲ။

ဦးအီစလံ - “တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်ပြီးတော့ အစာမစားမီ ဆပ်ပြာနဲ့ လက်ကို သန့်ရှင်းအောင် ဆေးကြောဖို့ တိုက်တွန်းနေပါတယ်။ နောက် ချောင်းဆိုးရင် မျက်နှာကို ပုဝါနဲ့ ကာထားဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ရောဂါလက္ခဏာ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဆေးပေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ နောက် လူတဦးနဲ့တဦး သုံးပေအကွာအဝေးအတိုင်း နေကြဖို့ နှိုးဆော်ထားပါတယ်။ ဒီရောဂါကို ကြောက်စရာမလိုဘဲ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့အတွက် တိုက်တွန်း နှိုးဆော်ထားပါတယ်။”

မဆုမွန် - အခုလောလောဆယ်မှာရော Camp ထဲမှာ နေထိုင်မကောင်း ဖြစ်တာတို့၊ ဒီရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး သံသယရှိတာတို့ စောင့်ကြည့်တဲ့ အနေအထားမျိုးတွေရော တွေ့ရလား။

ဦးအီစလံ - “မနေ့ကအထိ တဦးတယောက်မှ ရောဂါဖြစ်တဲ့ လက္ခဏာ မတွေ့ရပါဘူး။ ကျနော်တို့ ရိုဟင်ဂျာလူမျိုးသည် နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝကို ရောက်ရှိနေချိန်မှာ အခု ကမ္ဘာကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေတာကို အင်မတန် စိတ်မကောင်း ဝမ်းနည်းစရာပါပဲ။ ကျနော်တို့ ဒုက္ခသည် အပါအဝင် ကမ္ဘာတဝန်းမှာ ရှိနေကြတဲ့ လူထုအားလုံးကို ဘုရားသခင် အလ္လာအရှင်မြတ်က ကာကွယ်စောင့်ရှောက်တော်မူပါလို့ ကျနော်တို့ နေ့စဉ်နဲ့အမျှ ဆုတောင်းမေတ္တာ ပို့သလျက် ရှိနေပါတယ်။”

မဆုမွန် - အခုလောလောဆယ်မှာတော့ စာသင်ကျောင်းတွေလည်းပိတ်ထားတယ်၊ မြန်မာစာသင်ကျောင်းတွေလည်း ပိတ်ထားတယ်။ အရေးကြီးလာရင် ဒုက္ခသည်တွေကို ဘယ်လိုများ ပြန်ပြီး စောင့်ကြည့်မှုတွေ၊ စောင့်ရှောက်ပေးမှုတွေ လုပ်နေတာတွေရော ရှိပါသလဲ။

ဦးအီစလံ - “ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် ဒီမှာရှိနေကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း UNICEF တို့ IOM တို့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ နောက်တခု ကျနော်တို့ အဓိက တောင်းဆိုချင်တာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဘာလုခါလီ ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုကာလက တော်တော်လေး ဆိုးရွားတဲ့ အချိန်ကာလ ရောက်နေတဲ့အတွက် လူထုက နိုင်ငံတကာ အဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းနဲ့သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ်နိုင်ဖို့၊ တခုခု ဖြစ်ပေါ်လာမယ်ဆိုရင် ဆက်သွယ် အကြောင်းကြားနိုင်အောင် အင်တာနက်လိုင်း ဖွင့်ပေးဖို့ ကျနော်တို့ အဓိက တောင်းဆိုချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကို တိုက်ရိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားပေမယ့် ဒီဒုက္ခသည်တွေ ပြန်လက်ခံရေး ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG