(Zawgyi/Unicode)
လူသိန္းခ်ီ ခိုလံႈေနထိုင္တဲ့ ဘဂၤလားေဒ့ရွ္က ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ COVID-19 ကမာၻ႔ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔လာမွာကို ဒုကၡသည္ေတြေရာ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႔ေတြ စိုးရိမ္မႈေတြျမင့္တက္ လာေနတဲ့အေၾကာင္း မဆုမြန္က တင္ျပေပးထားပါတယ္။
ရခိုင္ျပည္နယ္ကေန ထြက္ေျပးတိမ္းေရွာင္သြားၾကတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ ခုိလႈံေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ႀကံဳရမယ္ဆုိရင္ အႏၱရာယ္ႀကီးမားတာေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး UNHCR စတဲ့ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ဒုကၡသည္ဆုိင္ရာ ႏုိင္ငံတကာ NGO အဖြဲ႔ေတြ အကူအညီေပးေရး အဖဲြ႔အစည္းေတြက က်န္းမာေရး ပညာေပးလုပ္ငန္းေတြ တုိးျမွင့္ေဆာင္ရြက္ေနတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။
အခုအခ်ိန္အထိေတာ့ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈရွိသူအျဖစ္ အတည္ျပဳထားသူ မရွိေသးေပမယ့္ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြၾကား ကပ္ေရာဂါျဖစ္မွာ စုိးရိမ္ေနၾကပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြ သက္ၾကီးရြယ္အိုေတြနဲ႔ လူမမည္ကေလးငယ္ေတြအတြက္ စိုးရိမ္ေနတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားအနီး ဘာလုခါလီဒုကၡသည္စခန္းေန ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံကေျပာပါတယ္။
“ဟုတ္ကဲ့ ဧၿပီလ ၆ရက္ေန႔အထိေတာ့ရိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးမွာ ကိုဗစ္ေတြ႔ရွိမႈ တဦးတေယာက္မွ မေတြ႔ေသးပါခင္ဗ်ာ။ အခုေလာေလာဆယ္ေတာ့ ကမာၻ႔ကပ္ေရာဂါ COVID-19 ေရာဂါအေၾကာင္းကို အထူးဂရုစိုက္ေစာင့္ၾကည့္တယ္ ၊ မကူးစက္လာေအာင္လည္း ေနထိုင္ၾကပါတယ္။ ေနာက္ က်ေနာ္တို႔က ၾကိဳတင္ၿပီးေတာ့ ေတာင္းဆိုခ်င္တာကေတာ့- ႏိုင္ငံတကာအဖြဲ႔အစည္းေတြ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ေရးအတြက္ ဒီ ရိုဟင္ဂ်ာဒုကၡသည္ စခန္းေတြထဲ က်န္းမာေရးဝန္ထမ္းမ်ားနဲ႔ ေဆးဝါးပစည္းေတြ က်န္းမာေရးပိုင္းဆိုင္ရာ အသံုးအေဆာင္ကိရိယာေတြကို ၾကိဳတင္ျပင္ဆင္ထားဖို႔ အဓိက ေတာင္းဆိုခ်င္ပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာ တကယ္လို႔ျဖစ္လာရင္ ကယ္တင္ႏုိင္ဖို႔ လမ္းေၾကာင္းမရွိမွာကိုလည္း အထူးစိုးရိမ္မိပါတယ္ခင္ဗ်ာ။ အခုေတာ့ သက္ၾကီးရြယ္အိုေတြ ကိုယ္ဝန္ေဆာင္မိခင္ေတြ ဒီမွာရွိတဲ့ ကုလသမဂၢ အဖြဲ႔အစည္းေတြက ဖြင့္လွစ္ထားတဲ့ေဆးရံုေတြမွာေတာ့ အျမဲတမ္းသြားေရာက္ျပသတယ္ စစ္ေဆးတယ္။ ေနာက္ MSF တို႔ ဘဂၤလားေဒ့ရွ္ဘက္က ဖြင့္လွစ္ထားတဲ့ေဆးရံုတို႔ တူရကီတို႔ မေလးရွားတို႔က ဖြင့္ထားတဲ့ေဆးရံုေတြမွာေတာ့ အခ်ိန္ျပည့္ သြားေရာက္ကုသႏိုင္ပါတယ္။”
လတ္တေလာမွာေတာ့ ဒုကၡသည္စခန္းေတြမွာ ဘာသာေရးဝတ္ျပဳ ဆုေတာင္းပြဲေတြ အပါအ၀င္ လူစုလူေ၀းေတြကုိ တားျမစ္ထားၿပီး ဘာသာေရးေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားပါတယ္။ လက္မၾကာခဏေဆးဖို႔ အပါအ၀င္ တကိုယ္ေရသန္႔ရွင္းေရး အေလးထားဖို႔ နာမက်န္းျဖစ္လာရင္ အျမန္ဆံုး ေဆး႐ံုေဆးေပးခန္းေတြကို အေၾကာင္းၾကားၾကဖို႔လည္း ညႊန္ၾကားထားတယ္လုိ႔လည္း ဦးအီစလံကေျပာပါတယ္။
“ ဘဂၤလားေဒ့ရွ္အစိုးရေရာ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) အဖြဲ႔ကေန က်န္းမာေရးအစီအစဥ္ေတြ လူေတြ အဓိက လိုက္နာရမယ့္ စည္းကမ္းခ်က္ထုတ္တာကို ဒုကၡသည္ေတြကလည္း လိုက္နာပါတယ္။ အခုစခန္းတိုင္းမွာ ဒုကၡသည္စခန္းတိုင္းမွာ အခုလုပ္ေနၾကရပါတယ္။ လူေတြ လူစုလူေဝးေတြ မလုပ္ၾကဖို႔ စာသင္ေက်ာင္းေတြ ပိတ္ထားဖို႔ ေနာက္ ေစ်းဆိုင္ေတြလည္း အကုန္ပိတ္ထားပါတယ္။ ေနာက္ က်န္းမာေရးအတြက္ ဂရုစိုက္ဖို႔ ညႊန္ၾကားထားပါတယ္။ လက္ကိုစင္ၾကယ္ေအာင္ ေဆးဖို႔ ညႊန္ၾကားထာပါတယ္။ ေနာက္ မ်က္ႏွာေတြကို ကာထားဖို႔ Mask ႏွာေခါင္းစီး ေတြတပ္ဖို႔လည္း ညႊန္ၾကားပါတယ္။ လူစုလူေဝးတို႔ ပြဲလမ္းသဘင္တို႔ ေနာက္ ဆုေတာင္းပြဲတို႔ မလုပ္ပါဘူး ဗလီထဲမွာလည္း လူအနည္းငယ္ေလာက္နဲ႔ပဲ ဝတ္ျပဳဆုေတာင္းၾကပါတယ္။ က်ေနာ္တို႔ ရိုဟင္ဂ်ာဒုကၡသည္ေတြ အျမဲတမ္းပဲ ျမန္မာအစိုးရကိုေရာ ႏုိင္ငံတကာအဖြဲ႔ေတြ ၾကိဳးစားေနတဲ့ အက်ပ္အတည္းကိုေျပလည္ဖို႔ဆုေတာင္းပါတယ္။ က်ေနာ္တို႔ ဒီလို ဒုကၡသည္ဘဝမွာ ၾကည္ရွည္မေနရေအာင္ အျမန္ဆံုးျပန္ရေအာင္ အေလးအနက္ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်ာ။”
အခုလို သိန္းခ်ီတဲ့လူေတြ စုေဝးခိုလံႈေနထိုင္ရတဲ့ စခန္းေတြထဲ COVID-19 လို ကပ္ေရာဂါျဖစ္ပြားလာမွာစိုးရိမ္ရသလို camp ေတြထဲမွာ သဘာဝေဘးအႏၱရာယ္ေတြ ၾကံဳလာရင္တိုင္းလည္း အခက္အခဲေတြျဖစ္ရတာမို႔ ဒုကၡသည္ေတြအေနနဲ႔ ေနရပ္ရင္းကိုပဲ အျမန္ဆံုးျပန္ခ်င္တယ္လုိ႔လည္း ေျပာပါတယ္။ ဒါေပမဲ့လည္း လတ္တေလာမွာေတာ့ ေနရပ္ရင္း ျပန္ႏုိင္ဖုိ႔ အလားအလာေတြကလည္း သိပ္မေကာင္းလွပါဘူး။ ရခုိင္ျပည္နယ္က လတ္တေလာ အေျခအေနနဲ႔ ပတ္သက္လုိ႔ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီရဲ႕ဒု ဥကၠဌ ဦးတင္ေငြက အခုလိုေျပာျပပါတယ္။
“ ဟုတ္ကဲ့ခင္ဗ် ေလာေလာဆယ္အေနအထားမွာက ရခုိင္ျပည္နယ္မွာက စစ္ပြဲေတြလည္း ျဖစ္ေနတဲ့ ကာလတခုလည္းျဖစ္ေနတယ္ ေနာက္တခါ တကမာၻလံုးရင္ဆိုင္ေနရတဲ့ ကမာၻ႔ကပ္ေရာဂါ COVID-19 ကပ္ေဘးနဲ႔လည္း သူတို႔ျပန္လာဖို႔ကိုေတာ့ စဥ္းစားေစခ်င္ပါတယ္။ ေနာက္ရခုိင္ျပည္နယ္ထဲမွာကို စစ္ေဘးဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့ျပသနာေတြကအမ်ားၾကီး။ ရခိုင္မွာလည္း တျပည္လံုး အတုိင္းအတာနဲ႔ညႊန္ၾကားထားတာေတြရွိပါတယ္။ေနာက္ ဧၿပီလ ၁၀ရက္ေန႔ကစၿပီး ၁၉ရက္ေန႔အထိ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ မပ်ံ႔ပြားရေအာင္ အိမ္မွာပဲေနၾကဖို႔ ၾကိဳတင္ကာကြယ္တားဆီးဖို႔ Break Down လုပ္ဖို႔ ေဆးရံုေတြမွာေရာ လူမႈပတ္ဝန္းက်င္ေတြမွာေရာ တဦးတေယာက္ခ်င္းစီ တာဝန္ယူၾကဖို႔ ေနာက္ ကိုယ့္အိမ္မွာပဲ ကိုယ္ေနၾကဖို႔ ညႊန္ၾကားထားတာေတြရွိပါတယ္။”
ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုလက္ခံမထားတဲ့ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြ ျပန္လာေရးစီစဥ္ေနဆဲေပမဲ့လို႔ အခုလို ကမာၻ႔ကပ္ေရာဂါ လူသိန္းခ်ီၿပီးေနထိုင္တဲ့ လူထူထပ္လြန္းလွတဲ့ရိုဟင္ဂ်ာစခန္းေတြထဲ ျဖစ္ပြားလာမယ့္အႏၱရာယ္ကို ကုလအပါအဝင္ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ လူ႔အခြင့္အေရးအဖြဲ႔ေတြဘက္က စိုးရိမ္တႀကီးျဖစ္ေနၾကတာပါ။
................
ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ကူးစက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ စိုးရိမ်
(Unicode)
လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကို ဒုက္ခသည်တွေရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်မှုတွေမြင့်တက် လာနေတဲ့အကြောင်း မဆုမွန်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံရမယ်ဆိုရင် အန္တရာယ်ကြီးမားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့တွေ အကူအညီ အဖွဲ့အစည်းတွေက ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
အခုအချိန်အထိတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိသူအဖြစ် အတည်ပြုထားသူ မရှိသေးပေမယ့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကြား ကပ်ရောဂါဖြစ်မှာ စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေနဲ့ လူမမည်ကလေးငယ်တွေအတွက် စိုးရိမ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။
“ဟုတ်ကဲ့ ဧပြီလ ၆ရက်နေ့အထိတော့ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ ကိုဗစ်တွေ့ရှိမှု တဦးတယောက်မှ မတွေ့သေးပါခင်ဗျာ။ အခုလောလောဆယ်တော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါအကြောင်းကို အထူးဂရုစိုက်စောင့်ကြည့်တယ် ၊ မကူးစက်လာအောင်လည်း နေထိုင်ကြပါတယ်။ နောက် ကျနော်တို့က ကြိုတင်ပြီးတော့ တောင်းဆိုချင်တာကတော့- နိုင်ငံတကာအဖွဲ့အစည်းတွေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွေအနေနဲ့ ဒီ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေထဲ ကျန်းမာရေးဝန်ထမ်းများနဲ့ ဆေးဝါးပစည်းတွေ ကျန်းမာရေးပိုင်းဆိုင်ရာ အသုံးအဆောင်ကိရိယာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ အဓိက တောင်းဆိုချင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ တကယ်လို့ဖြစ်လာရင် ကယ်တင်နိုင်ဖို့ လမ်းကြောင်းမရှိမှာကိုလည်း အထူးစိုးရိမ်မိပါတယ်ခင်ဗျာ။ အခုတော့ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ဒီမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ဆေးရုံတွေမှာတော့ အမြဲတမ်းသွားရောက်ပြသတယ် စစ်ဆေးတယ်။ နောက် MSF တို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဖွင့်လှစ်ထားတဲ့ဆေးရုံတို့ တူရကီတို့ မလေးရှားတို့က ဖွင့်ထားတဲ့ဆေးရုံတွေမှာတော့ အချိန်ပြည့် သွားရောက်ကုသနိုင်ပါတယ်။”
လတ်တလောမှာတော့ ဒုက္ခသည်စခန်းတွေမှာ ဘာသာရေးဝတ်ပြု ဆုတောင်းပွဲတွေ အပါအဝင် လူစုလူဝေးတွေကို တားမြစ်ထားပြီး ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။ လက်မကြာခဏဆေးဖို့ အပါအဝင် တကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့ နာမကျန်းဖြစ်လာရင် အမြန်ဆုံး ဆေးရုံဆေးပေးခန်းတွေကို အကြောင်းကြားကြဖို့လည်း ညွှန်ကြားထားတယ်လို့လည်း ဦးအီစလံကပြောပါတယ်။
“ ဘင်္ဂလားဒေ့ရှ်အစိုးရရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ကနေ ကျန်းမာရေးအစီအစဉ်တွေ လူတွေ အဓိက လိုက်နာရမယ့် စည်းကမ်းချက်ထုတ်တာကို ဒုက္ခသည်တွေကလည်း လိုက်နာပါတယ်။ အခုစခန်းတိုင်းမှာ ဒုက္ခသည်စခန်းတိုင်းမှာ အခုလုပ်နေကြရပါတယ်။ လူတွေ လူစုလူဝေးတွေ မလုပ်ကြဖို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ နောက် ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားပါတယ်။ နောက် ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ ညွှန်ကြားထားပါတယ်။ လက်ကိုစင်ကြယ်အောင် ဆေးဖို့ ညွှန်ကြားထာပါတယ်။ နောက် မျက်နှာတွေကို ကာထားဖို့ Mask နှာခေါင်းစီး တွေတပ်ဖို့လည်း ညွှန်ကြားပါတယ်။ လူစုလူဝေးတို့ ပွဲလမ်းသဘင်တို့ နောက် ဆုတောင်းပွဲတို့ မလုပ်ပါဘူး ဗလီထဲမှာလည်း လူအနည်းငယ်လောက်နဲ့ပဲ ဝတ်ပြုဆုတောင်းကြပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေ အမြဲတမ်းပဲ မြန်မာအစိုးရကိုရော နိုင်ငံတကာအဖွဲ့တွေ ကြိုးစားနေတဲ့ အကျပ်အတည်းကိုပြေလည်ဖို့ဆုတောင်းပါတယ်။ ကျနော်တို့ ဒီလို ဒုက္ခသည်ဘဝမှာ ကြည်ရှည်မနေရအောင် အမြန်ဆုံးပြန်ရအောင် အလေးအနက်တောင်းဆိုချင်ပါတယ်ခင်ဗျာ။”
အခုလို သိန်းချီတဲ့လူတွေ စုဝေးခိုလှုံနေထိုင်ရတဲ့ စခန်းတွေထဲ COVID-19 လို ကပ်ရောဂါဖြစ်ပွားလာမှာစိုးရိမ်ရသလို camp တွေထဲမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရင်တိုင်းလည်း အခက်အခဲတွေဖြစ်ရတာမို့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကိုပဲ အမြန်ဆုံးပြန်ချင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာတော့ နေရပ်ရင်း ပြန်နိုင်ဖို့ အလားအလာတွေကလည်း သိပ်မကောင်းလှပါဘူး။ ရခိုင်ပြည်နယ်က လတ်တလော အခြေအနေနဲ့ ပတ်သက်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု ဥက္ကဌ ဦးတင်ငွေက အခုလိုပြောပြပါတယ်။
“ ဟုတ်ကဲ့ခင်ဗျ လောလောဆယ်အနေအထားမှာက ရခိုင်ပြည်နယ်မှာက စစ်ပွဲတွေလည်း ဖြစ်နေတဲ့ ကာလတခုလည်းဖြစ်နေတယ် နောက်တခါ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကပ်ဘေးနဲ့လည်း သူတို့ပြန်လာဖို့ကိုတော့ စဉ်းစားစေချင်ပါတယ်။ နောက်ရခိုင်ပြည်နယ်ထဲမှာကို စစ်ဘေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ပြသနာတွေကအများကြီး။ ရခိုင်မှာလည်း တပြည်လုံး အတိုင်းအတာနဲ့ညွှန်ကြားထားတာတွေရှိပါတယ်။နောက် ဧပြီလ ၁၀ရက်နေ့ကစပြီး ၁၉ရက်နေ့အထိ COVID-19 ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွားရအောင် အိမ်မှာပဲနေကြဖို့ ကြိုတင်ကာကွယ်တားဆီးဖို့ Break Down လုပ်ဖို့ ဆေးရုံတွေမှာရော လူမှုပတ်ဝန်းကျင်တွေမှာရော တဦးတယောက်ချင်းစီ တာဝန်ယူကြဖို့ နောက် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ ညွှန်ကြားထားတာတွေရှိပါတယ်။”
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်ခံမထားတဲ့မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေ ပြန်လာရေးစီစဉ်နေဆဲပေမဲ့လို့ အခုလို ကမ္ဘာ့ကပ်ရောဂါ လူသိန်းချီပြီးနေထိုင်တဲ့ လူထူထပ်လွန်းလှတဲ့ရိုဟင်ဂျာစခန်းတွေထဲ ဖြစ်ပွားလာမယ့်အန္တရာယ်ကို ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေဘက်က စိုးရိမ်တကြီးဖြစ်နေကြတာပါ။