သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡသည္စခန္းေတြမွာ COVID-19 အႏၱရာယ္ကာကြယ္ေရး ကုလျပင္ဆင္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Kutupalong ဒုကၡသည္စခန္းရွိ ေစ်းတခုတြင္ စုေ၀းေနၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (မတ္ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုး UNHCR က အကူအညီေပးေနတဲ့ ႏုိင္ငံတကာက ဒုကၡသည္စခန္းေတြထဲမွာ COVID-19 ေရာဂါ တားဆီးကာကြယ္ေရး လုပ္ေဆာင္ခ်က္ေတြကို ဒီကေန႔ ခ်မွတ္လိုက္ၿပီး အဲဒီထဲမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြလည္း ပါဝင္ပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ ၈၀၀,၀၀၀ ခြဲေလာက္ ျပည့္က်ပ္ေနထိုင္ေနရတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ စခန္းေတြထဲက က်န္းမာေရးဌာနေတြမွာ လုပ္ကိုင္ေနတဲ့ ဝန္ထမ္းေတြအတြက္ COVID-19 ဆိုင္ရာသင္တန္းေတြ စေပးေနၿပီလို႔ UNHCR ရဲ႕ ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

☛ COVID-19 ကာကြယ္ေရး ႐ိုဟင္ဂ်ာစခန္းေတြ ျပင္ဆင္တဲ့ အေၾကာင္းလည္း ဖတ္ႏိုင္ပါၿပီ။

ေရာဂါပိုး တားဆီးကာကြယ္ေရး အေရးႀကီးတဲ့ လုပ္ငန္းေတြအတြက္ က်န္းမာေရးလုပ္အားေပး ဒုကၡသည္ ၂,၀၀၀ ေက်ာ္ဟာ လူမႈအဝန္းအဝိုင္းေခါင္းေဆာင္ေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ေနၾကတယ္လုိ႔ UNHCR က ေျပာပါတယ္။ ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး အသိပညာေပးတာေတြကို ႐ိုဟင္ဂ်ာ၊ ဗမာ၊ ဘဂၤါလီ ဘာသာစကားသံုးမ်ဳိးနဲ႔ ေရဒီယိုကေန ထုတ္လႊင့္တာ၊ ဗီြဒီယိုနဲ႔ျပသတာ၊ ပိုစတာနဲ႔ လက္ကမ္းစာေစာင္ ျဖန္႔ေဝတာေတြ လုပ္ေဆာင္ေနတယ္လုိ႔လည္း ေျပာပါတယ္။

ဒါ့အျပင္ အားလံုးအတြက္ ဆပ္ျပာနဲ႔ ေရ အလံုအေလာက္ရေစဖို႔နဲ႔ လက္ေဆးလို႔ရတဲ့ေနရာေတြ ပိုၿပီးခ်ထားေပးဖုိ႔ လုပ္ေနၿပီလို႔လည္း UNHCR ကေျပာပါတယ္။ ဒုကၡသည္ေတြနဲ႔ စခန္းအနီးအနားက ေဒသခံလူထုအတြက္ သီးျခားခြဲထားေရးနဲ႔ ကုသေရး ဌာနေတြဖြင့္လွစ္ဖို႔ အစီအစဥ္ေတြလည္း လုပ္ေဆာင္ေနပါတယ္။

UNHCR အႀကီးအကဲ Filippo Grandi
UNHCR အႀကီးအကဲ Filippo Grandi

ဒုကၡသည္ေတြၾကားမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ကူးစက္မႈအေရအတြက္ အမ်ားႀကီး ရွိမေနေပမဲ့လည္း ဒုကၡသည္ေတြနဲ႔ သူတို႔ကို လက္ခံထားတဲ့ ေဒသခံေတြၾကားမွာ ဗိုင္းရပ္စ္ပိုးရဲ႕ သက္ေရာက္မႈဒဏ္ကို ခံစားရမယ့္အေရး သိပ္ကိုစိုးရိမ္မိတယ္လုိ႔ UNHCR အႀကီးအကဲ Filippo Grandi ကေျပာပါတယ္။

႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို ျမန္မာအစိုးရဘက္က အသိအမွတ္မျပဳဘဲ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး အစီအစဥ္ေတြ ခ်မွတ္ထားေပမဲ့ အခု COVID-19 ကပ္ေရာဂါေဘး ရင္ဆိုင္ေနရခ်ိန္မွာ ဒီအစီအစဥ္ေတြအားလံုး ရပ္တန္႔ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒုက္ခသည်စခန်းတွေမှာ COVID-19 အန္တရာယ်ကာကွယ်ရေး ကုလပြင်ဆင်

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က အကူအညီပေးနေတဲ့ နိုင်ငံတကာက ဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ရောဂါ တားဆီးကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဒီကနေ့ ချမှတ်လိုက်ပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၈၀၀,၀၀၀ ခွဲလောက် ပြည့်ကျပ်နေထိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းတွေထဲက ကျန်းမာရေးဌာနတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် COVID-19 ဆိုင်ရာသင်တန်းတွေ စပေးနေပြီလို့ UNHCR ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

☛ COVID-19 ကာကွယ်ရေး ရိုဟင်ဂျာစခန်းတွေ ပြင်ဆင်တဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။

ရောဂါပိုး တားဆီးကာကွယ်ရေး အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ကျန်းမာရေးလုပ်အားပေး ဒုက္ခသည် ၂,၀၀၀ ကျော်ဟာ လူမှုအဝန်းအဝိုင်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ဆောင်နေကြတယ်လို့ UNHCR က ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို ရိုဟင်ဂျာ၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကားသုံးမျိုးနဲ့ ရေဒီယိုကနေ ထုတ်လွှင့်တာ၊ ဗွီဒီယိုနဲ့ပြသတာ၊ ပိုစတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အားလုံးအတွက် ဆပ်ပြာနဲ့ ရေ အလုံအလောက်ရစေဖို့နဲ့ လက်ဆေးလို့ရတဲ့နေရာတွေ ပိုပြီးချထားပေးဖို့ လုပ်နေပြီလို့လည်း UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေနဲ့ စခန်းအနီးအနားက ဒေသခံလူထုအတွက် သီးခြားခွဲထားရေးနဲ့ ကုသရေး ဌာနတွေဖွင့်လှစ်ဖို့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။

ဒုက္ခသည်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုအရေအတွက် အများကြီး ရှိမနေပေမဲ့လည်း ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဒေသခံတွေကြားမှာ ဗိုင်းရပ်စ်ပိုးရဲ့ သက်ရောက်မှုဒဏ်ကို ခံစားရမယ့်အရေး သိပ်ကိုစိုးရိမ်မိတယ်လို့ UNHCR အကြီးအကဲ Filippo Grandi ကပြောပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရဘက်က အသိအမှတ်မပြုဘဲ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေ ချမှတ်ထားပေမဲ့ အခု COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်နေရချိန်မှာ ဒီအစီအစဉ်တွေအားလုံး ရပ်တန့်နေပါတယ်။

XS
SM
MD
LG