သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြ အတြက္ ေဒၚလာ သန္း ၉၀၀ ခန္႔ ကုလေတာင္းခံ


မွတ္တမ္းဓာတ္ပံု - ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Filippo Grandi ဘဂၤလားေဒရွ္႕ႏုိင္ငံ ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းကိုသြားေရာက္။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံဘက္ကေန ဘဂၤလားေဒ့ရွ္ကုိ ထြက္ေျပးသြားခဲ့ၾကတဲ့ ရုိဟင္ဂ်ာဒုကၡသည္ေတြ အတြက္ အကူအညီ အေမရိကန္ေဒၚလာ ၈၇၇ သန္း လုိအပ္ေနေၾကာင္း ကုလသမဂၢ ေအဂ်င္စီေတြနဲ႔ ဘဂၤလားေဒ့ရွ္အစုိးရတုိ႔က မတ္လ ၃ ရက္ေန႔မွာ ေတာင္းခံလုိက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေရာက္ေနတဲ့ ဒုကၡသည္ေတြ ျမန္မာႏိုင္ငံဘက္ကို ျပန္ႏိုင္ဖို႔မွာ ဒုကၡသည္ေတြရဲ႕ ႏိုင္ငံသားျဖစ္ခြင့္ အခြင့္အေရးနဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္းလင္း ျဖစ္ဖို႔ အေရးႀကီးတဲ့အေၾကာင္း၊ ဒီကိစၥကုိ ျမန္မာဘက္က အလ်င္အျမန္ ေဆာင္ရြက္ဖုိ႔ လုိေၾကာင္းကုိလည္း ဆြစ္ဇလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာက်င္းပတဲ့ ရုိဟင္ဂ်ာအေရး ေဆြးေႏြးပြဲျပင္ပမွာ ဒုကၡသည္မ်ား ဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Filippo Grandi က အဂၤါေန႔က ေျပာဆိုပါတယ္။

“ဒီျပႆနာကုိ ေျဖရွင္းေရးက ျမန္မာႏုိင္ငံအေပၚမွာ မူတည္ေနပါတယ္။ ဘဂၤလာေဒ့ရွ္က ဒုကၡသည္ေတြ ျမန္မာႏိုင္ငံကို ျပန္ႏိုင္မယ့္ အေျခအေနကို ျမန္မာႏိုင္ငံဘက္က ဖန္တီးေပးရမွာျဖစ္ပါတယ္။ ဒုကၡသည္ ျပန္ပို႔ေရး အစီအစဥ္ဟာ သိပ္ကို ေႏွးေကြးလြန္းတယ္၊ ဒါမွမဟုတ္ ျဖစ္မလာေသးဘူးလို႔ ေျပာရမွာျဖစ္ပါတယ္” လုိ႔ ကုလသမဂၢ မဟာမင္းႀကီး Filippo Grandi က ေျပာဆိုသြားတာပါ။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြကို စိစစ္လက္ခံမယ့္အေၾကာင္းနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနတဲ့ အေၾကာင္း ေျပာဆိုထားေပမဲ့ ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာ ကတည္းက စခဲ့တဲ့ ဒုကၡသည္ လက္ခံေရး အစီအစဥ္ဟာ ေအာင္ျမင္မႈ မရေသးပါဘူး။

ဒီအေတာအတြင္း ရိုဟင္ဂ်ာ ျပႆနာကို ေျဖရွင္းေရး အတြက္ လူသားခ်င္း စာနာမႈ အေထာက္အပံ႔ အျဖစ္ယူရို ၃၁ သန္း ေပးအပ္မယ့္အေၾကာင္း ဥေရာပ ေကာ္မရွင္က အဂၤါေန႔မွာ ေၾကညာခဲ့ပါတယ္။ ယူရို ၃၁ သန္းထဲက ယူရို ၁၈ ဒသမ ၅ သန္းကေတာ့ ဘဂၤလားေဒရွ္႕ ႏုိင္ငံမွာေရာက္ေနတဲ့ အကူအညီ အလိုအပ္ဆံုး ဒုကၡသည္ေတြနဲ႔ သူတုိ႔ကုိ လက္ခံထားတဲ႔ အသိုင္းအ၀ိုင္းအတြက္ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ဒေါ်လာ သန်း ၉၀၀ ခန့် ကုလတောင်းခံ

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အကူအညီ အမေရိကန်ဒေါ်လာ ၈၇၇ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က မတ်လ ၃ ရက်နေ့မှာ တောင်းခံလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်နေတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်နိုင်ဖို့မှာ ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းလင်း ဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း၊ ဒီကိစ္စကို မြန်မာဘက်က အလျင်အမြန် ဆောင်ရွက်ဖို့ လိုကြောင်းကိုလည်း ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲပြင်ပမှာ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့က ပြောဆိုပါတယ်။

“ဒီပြဿနာကို ဖြေရှင်းရေးက မြန်မာနိုင်ငံအပေါ်မှာ မူတည်နေပါတယ်။ ဘင်္ဂလာဒေ့ရှ်က ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်နိုင်မယ့် အခြေအနေကို မြန်မာနိုင်ငံဘက်က ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ဟာ သိပ်ကို နှေးကွေးလွန်းတယ်၊ ဒါမှမဟုတ် ဖြစ်မလာသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောဆိုသွားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ့်အကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အကြောင်း ပြောဆိုထားပေမဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ကတည်းက စခဲ့တဲ့ ဒုက္ခသည် လက်ခံရေး အစီအစဉ်ဟာ အောင်မြင်မှု မရသေးပါဘူး။

ဒီအတောအတွင်း ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် လူသားချင်း စာနာမှု အထောက်အပံ့ အဖြစ်ယူရို ၃၁ သန်း ပေးအပ်မယ့်အကြောင်း ဥရောပ ကော်မရှင်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ယူရို ၃၁ သန်းထဲက ယူရို ၁၈ ဒသမ ၅ သန်းကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာရောက်နေတဲ့ အကူအညီ အလိုအပ်ဆုံး ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG