သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ညီလာခံမွာ ဘဂၤလားေဒ့ရွ္ ျမန္မာကို အျပစ္တင္


ဒုကၡသည္ညီလာခံ

(Zawgyi/Unicode)

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးၾကန္႔ၾကာမႈျဖစ္ေနတာဟာ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္မယ့္အေျခအေန ျမန္မာဘက္က မဖန္တီးေပးႏိုင္တာေၾကာင့္ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ထပ္မံ စြပ္စဲြအျပစ္တင္ပါတယ္။ ဂ်နီဗာမွာ က်င္းပေနတဲ့ ပထမဆံုးအႀကိမ္ ႏိုင္ငံတကာဒုကၡသည္မ်ားညီလာခံမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကိုယ္စားလွယ္က ေျပာဆိုသြားတာျဖစ္ၿပီး၊ ဒီဒုကၡသည္ေတြအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနနဲ႔ အေမရိကန္ေဒၚလာ သန္း၆၀၀ ေက်ာ္ သံုးစဲြ အကုန္အက်ခံခဲ့တယ္လို႔လည္း ေျပာပါတယ္။ သတင္းအျပည့္အစံု ကိုသားၫြန္႔ဦး ေျပာျပမွာပါ။

UNHCR ဒုကၡသည္မ်ားဆိုင္ရာ ကုလ မဟာမင္းႀကီးကိုယ္တိုင္ ဦးေဆာင္က်င္းပေနတဲ့ ပထမဆံုး ႏိုင္ငံတကာ ဒုကၡသည္မ်ား ညီလာခံအတြင္း ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကိစၥဟာလည္း အေျပာမ်ားေနတဲ့ အေၾကာင္းအရာ တခုျဖစ္ေနပါတယ္။ ကမာၻေပၚမွာ ဒုကၡသည္အေရအတြက္ အမ်ားဆံုး ငါးႏိုင္ငံစာရင္းမွာ ျမန္မာႏိုင္ငံလည္း ပါ၀င္ေနၿပီး၊ ႐ိုဟင္ဂ်ာဒုုကၡသည္ တသန္းနီးပါး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲမွာ ရွိေနတယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားပါတယ္။ ဒီ ဒုကၡသည္ေတြအေရးနဲ႔ပတ္သက္လို႔ စိုးရိမ္မႈေတြနဲ႔အတူ ဒီ ဒုကၡသည္ေတြကို ဘယ္လို အကူအညီေပးေနလဲဆိုတာေတြကိုပါ တတ္ေရာက္ေနတဲ့ ႏိုင္ငံကိုယ္စားလွယ္ေတြနဲ႔ ဒုကၡသည္ ကူညီေရးဆိုင္ရာ အဖဲြ႕အစည္းေတြက ေျပာဆိုေနၾကပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံကေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ ျပႆနာဟာ သူတို႔အတြက္ အင္မတန္ စိုးရိမ္စရာ စိန္ေခၚခ်က္ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဒီ ျပႆနာကို ေျဖရွင္းဖို႔ ျမန္မာအပါအ၀င္ ႏိုင္ငံံစံုနဲ႔ ညိွႏိႈင္းေဆာင္ရြက္ေနတာ ရွိေပမယ့္ တကယ့္ ျပႆနာအရင္းခံကေတာ့ ဒုကၡသည္ေတြအေနနဲ႔ ေနရပ္ရင္းကို ေဘးကင္း စိတ္ခ်စြာျပန္ႏိုင္ဖို႔ဆိုတဲ့ အေျခအေန တရပ္ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဌာန အတြင္း၀င္ Shahidul Haque က ႏိုင္ငံတကာ ဒုကၡသည္ညီလာခံမွာ ေျပာသြားပါတယ္။

“ ဒုကၡသည္ေတြေနရပ္ျပန္ႏိုင္မယ့္ လံုျခံဳစိတ္ခ်ရတဲ့အေျခအေန ဖန္တီးေပးဖို႔ဆိုတာ ျမန္မာႏိုင္ငံအေပၚမွာ လံုး၀ မူတည္ေနပါတယ္။ ဒါေပမယ့္လည္း ဒီ တာ၀န္ရွိမႈကို ေဆာင္ရြက္ရမယ့္အစား မမွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ နဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို လွည့္စားဖို႔ မၾကာခဏႀကိဳးပမ္းေနတာေတြ ေတြ႕ေနရပါတယ္။ The Hague မွာ မၾကာခင္ကလုပ္ခဲ့တဲ့ ဂန္ဘီယာ-ျမန္မာ လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုင္ရာ တရားရံုးၾကားနာပဲြမွာလည္း ဒါကို ေတြ႕ရပါတယ္။ ”

ဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ ရန္ပံုေငြေၾကးနဲ႔ အေထာက္အကူေတြေပးၾကဖို႔ ႏိုင္ငံတကာကို တိုက္တြန္း လိုက္သလို၊ ဘဂၤလားေဒ့ရွ္ကိုယ္တိုင္ကလည္း ဒီအတြက္ အကုန္အက်ခံ သံုးစဲြေနတာေတြရွိတယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးအတြင္း၀န္က ေျပာပါတယ္။

“၂၀၁၇ ႏွစ္ကတည္းကဆိုရင္ ႐ိုဟင္ဂ်ာေတြဒုကၡသည္ေတြအတြက္ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႕ ကိုယ့္ ကိုယ္ပိုင္ထဲကေန အေမရိကန္ေဒၚလာ ၆၂၈ သန္း သံုးစဲြ အကုန္အက်ခံခဲ့ပါတယ္။ ဒီေငြနဲ႔ ဒုကၡသည္ေတြအတြက္ စခန္းေတြေဆာက္ေပးတာနဲ႔ အျခားလိုအပ္ခ်က္ေတြ ေဆာင္ရြက္ေပးခဲ့တာပါ။ ဒါ့အျပင္ သစ္ေတာေျမဧက ၆၅၀၀ ဧက ကိုလည္း အသံုးျပဳခြင့္ေပးထားပါတယ္။”

ျမန္မာအစိုးရဘက္ကေတာ့ ရခိုင္ေျမာက္ပိုင္းကေန ထြက္ေျပးသြားၾကတဲ့ မြတ္ဆလင္ဒုကၡသည္ေတြကို ႐ိုဟင္ဂ်ာလို ေခၚေ၀ၚသံုးစဲြတာ လက္မခံေပမယ့္ ဒီ ဒုကၡသည္ေတြကိ္ု စိစစ္လက္ခံမယ္လို႔ ေျပာထားပါတယ္။ ဒါေပမယ့္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ႏွစ္ႏိုင္ငံသေဘာတူထားတဲ့အတိုင္း ဒုကၡသည္ေတြ ျပန္ေရးျဖစ္မလာတဲ့ကိစၥမွာ ဘဂၤလားေဒ့ရွ္ဘက္က အခ်က္အလက္ေတြ လံုေလာက္ေအာင္ အခ်ိန္မွီ မေပးႏိုင္တာေၾကာင့္ျဖစ္တယ္လို႔ ျပန္လွန္အျပစ္တင္ထားပါတယ္။

အခုညီလာခံမွာေတာ့ ျမန္မာဘက္က ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဦးေဆာင္တတ္ေရာက္ၿပီး အခု ညေနပိုင္းမွာပဲ ျမန္မာဘက္က ေဆြးေႏြးတင္ျပဖို႔ရွိပါတယ္။

အခု ညီလာခံအတြင္းမွာေတာ့ ဒုကၡသည္ေတြကို လက္ခံတဲ့ ႏိုင္ငံေတြရဲ႕ ၀န္ထုပ္၀န္ပိုးျပႆနာေတြကို ေဆြးေႏြးေနၾကၿပီး၊ အဲဒီအတြက္ ႏိ္္ုင္ငံတကာက ေငြေၾကးအရ ဝိုင္း၀န္းပံပိုးဖို႔ လိုအပ္ခ်က္ေတြကိုလည္း ေဆြးေႏြးေနပါတယ္။ ညီလာခံကို အစိုးရကိ္ုယ္စားလွယ္ေတြ စီးပြားေရးအသိုင္းအဝိုင္းကပုဂၢိဳလ္ေတြနဲ႔ အရပ္ဘက္အဖဲြ႕အစည္းေတြက ကိုယ္စားလွယ္ေတြ သံုးေထာင္၀န္းက်င္း တက္ေရာက္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဒုက္ခသည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် မြန်မာကို အပြစ်တင်

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးကိုယ်တိုင် ဦးဆောင်ကျင်းပနေတဲ့ ပထမဆုံး နိုင်ငံတကာ ဒုက္ခသည်များ ညီလာခံအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စဟာလည်း အပြောများနေတဲ့ အကြောင်းအရာ တခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဒုက္ခသည်အရေအတွက် အများဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပြီး၊ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒီ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေနဲ့အတူ ဒီ ဒုက္ခသည်တွေကို ဘယ်လိုအကူအညီပေးနေလဲဆိုတာတွေကိုပါ တတ်ရောက်နေတဲ့ နိုင်ငံကိုယ်စားလှယ်တွေနဲ့ ဒုက္ခသည် ကူညီရေးဆိုင်ရာ အဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာဟာ သူတို့အတွက် အင်မတန် စိုးရိမ်စရာ စိန်ခေါ်ချက်ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒီ ပြဿနာကို ဖြေရှင်းဖို့ မြန်မာအပါအဝင် နိုင်ငံံစုံနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ ရှိပေမယ့် တကယ့် ပြဿနာအရင်းခံကတော့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကို ဘေးကင်း စိတ်ချစွာပြန်နိုင်ဖို့ဆိုတဲ့ အခြေအနေ တရပ်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အတွင်းဝင် Shahidul Haque က နိုင်ငံတကာ ဒုက္ခသည်ညီလာခံမှာ ပြောသွားပါတယ်။

“ ဒုက္ခသည်တွေနေရပ်ပြန်နိုင်မယ့် လုံခြုံစိတ်ချရတဲ့အခြေအနေ ဖန်တီးပေးဖို့ဆိုတာ မြန်မာနိုင်ငံအပေါ်မှာ လုံး၀ မူတည်နေပါတယ်။ ဒါပေမယ့်လည်း ဒီ တာဝန်ရှိမှုကို ဆောင်ရွက်ရမယ့်အစား မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားဖို့ မကြာခဏကြိုးပမ်းနေတာတွေ တွေ့နေရပါတယ်။ The Hague မှာ မကြာခင်ကလုပ်ခဲ့တဲ့ ဂန်ဘီယာ-မြန်မာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ တရားရုံးကြားနာပွဲမှာလည်း ဒါကို တွေ့ရပါတယ်။ ”

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကြေးနဲ့ အထောက်အကူတွေပေးကြဖို့ နိုင်ငံတကာကို တိုက်တွန်း လိုက်သလို၊ ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင်ကလည်း ဒီအတွက် အကုန်အကျခံ သုံးစွဲနေတာတွေရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

“ ၂၀၁၇ နှစ်ကတည်းကဆိုရင် ရိုဟင်ဂျာတွေဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကိုယ့် ကိုယ်ပိုင်ထဲကနေ အမေရိကန်ဒေါ်လာ ၆၂၈ သန်း သုံးစွဲ အကုန်အကျခံခဲ့ပါတယ်။ ဒီငွေနဲ့ ဒုက္ခသည်တွေအတွက် စခန်းတွေဆောက်ပေးတာနဲ့ အခြားလိုအပ်ချက်တွေ ဆောင်ရွက်ပေးခဲ့တာပါ။ ဒါ့အပြင် သစ်တောမြေဧက ၆၅၀၀ ဧက ကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။”

မြန်မာအစိုးရဘက်ကတော့ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ရိုဟင်ဂျာလို ခေါ်ဝေါ်သုံးစွဲတာ လက်မခံပေမယ့် ဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူထားတဲ့အတိုင်း ဒုက္ခသည်တွေ ပြန်ရေးဖြစ်မလာတဲ့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အချက်အလက်တွေ လုံလောက်အောင် အချိန်မှီ မပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ပြန်လှန်အပြစ်တင်ထားပါတယ်။

အခုညီလာခံမှာတော့ မြန်မာဘက်က ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်တတ်ရောက်ပြီး အခု ညနေပိုင်းမှာပဲ မြန်မာဘက်က ဆွေးနွေးတင်ပြဖို့ရှိပါတယ်။

အခု ညီလာခံအတွင်းမှာတော့ ဒုက္ခသည်တွေကို လက်ခံတဲ့ နိုင်ငံတွေရဲ့ ဝန်ထုပ်ဝန်ပိုးပြဿနာတွေကို ဆွေးနွေးနေကြပြီး၊ အဲဒီအတွက် နိ်ုင်ငံတကာက ငွေကြေးအရ ဝိုင်းဝန်းပံပိုးဖို့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးနေပါတယ်။ ညီလာခံကို အစိုးရကိုယ်စားလှယ်တွေ စီးပွားရေးအသိုင်းအဝိုင်းကပုဂ္ဂိုလ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ သုံးထောင်ဝန်းကျင်း တက်ရောက်နေကြပါတယ်။

XS
SM
MD
LG