သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရာေျပာင္းမယ့္ကၽြန္း ကုလအကဲခတ္ဖုိ႔ ကမ္းလွမ္း 


Bhasan Char ကၽြန္း

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ေရာက္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကုိ ဘာရွန္ခ်ာကၽြန္းမွာ ေျပာင္းေရႊ႕ေနရာခ်ထားမယ့္ အစီအစဥ္ကုိ ေလ့လာအကဲခတ္လုိေၾကာင္း ကုလသမဂၢ အဆင့္ျမင့္အရာရွိတေယာက္က ေျပာဆုိလုိက္ပါတယ္။ ေျပာင္းေရႊ႕မယ့္ အစီအစဥ္အေပၚ လူ႔အခြင့္အေရး အဖဲြ႔ေတြက ေ၀ဖန္ေနခ်ိန္မွာပဲ အကဲခတ္ခြင့္ျပဳဖုိ႔ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ရဲ႕ ဒုတိယ ေကာ္မရွင္နာမင္းႀကီး Kelly Clements က ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူေတြကုိ မေန႔တုန္းက ေျပာဆုိလုိက္တာပါ။

အစီအစဥ္နဲ႔ ပတ္သက္လုိ႔ ပုိမိုသိရွိလုိေၾကာင္းနဲ႔ လတ္တေလာ ေဆာင္ရြက္ထားတဲ့ အစီအမံေတြကုိ ကုလသမဂၢက ကၽြမ္းက်င္သူေတြ ေလ့လာခြင့္ျပဳဖုိ႔ ဘဂၤလားေဒ့ရွ္ အစုိးရကုိ ကမ္းလွမ္းထားေၾကာင္းလည္း ဒါကာၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ အစုိးရကေတာ့ လတ္တေလာ Cox’s Bazaar ေဒသက ဒုကၡသည္စခန္းေတြမွာ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ စုၿပံဳေနတဲ့အတြက္ က်န္းမာေရး၊ လုံၿခံဳေရး စုိးရိမ္မႈေတြေၾကာင့္ ခန္႔မွန္းေခ် ဒုကၡသည္ တသိန္းေလာက္ကုိ ဘာရွန္ခ်ာကၽြန္းမွာ ေျပာင္းေရႊ႕ ေနရာခ်ထားဖုိ႔ စီစဥ္ေနတာပါ။ ဒါေပမဲ့လည္း မုန္တုိင္းသင့္ႏုိင္တဲ့ အႏၱရာယ္ရွိတဲ့ကၽြန္းကုိ ေျပာင္းေရႊ႕မယ့္ အစီအစဥ္အေပၚ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔ေတြ၊ အကူအညီေပးေရး အဖဲြ႔အစည္းေတြက စုိးရိမ္မကင္းတဲ့ သေဘာထားေတြကုိ ေျပာဆုိထားၾကပါတယ္။

ဘဂၤလားေဒ့ရွ္ အစုိးရက ဒုကၡသည္ေတြ ေနရပ္ရင္း ျပန္ပုိ႔ေရး ျမန္မာအစုိးရနဲ႔ နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထုိးထားေပမဲ့ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္ေသးပဲ ျဖစ္ေနခ်ိန္မွာ ေျပာင္းေရႊ႕ ေနရာခ်ဖုိ႔ စီစဥ္ေနတာပါ။

၂၀၁၇ ခုႏွစ္ထဲမွာတုန္းက ရခုိင္ျပည္နယ္က လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရးေတြေနာက္ပုိင္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားတဲ့ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကုိ ျပန္လည္ လက္ခံေရး ျမန္မာအစုိးရကေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ေရာ၊ ကုလသမဂၢနဲ႔ပါ နားလည္မႈ စာခၽြန္လႊာေတြ သီးျခားလက္မွတ္ ေရးထုိးထားပါတယ္။

ဒါေပမဲ့လည္း ဒုကၡသည္ေတြရဲ႕ အေျခခံအခြင့္အေရးေတြနဲ႔ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြနဲ႔အတူ ေနရပ္ျပန္ပုိ႔ေရး အစီအစဥ္ေတြ အထမေျမာက္ပဲ ျဖစ္ေနတာပါ။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္ခံမထားတဲ့ ျမန္မာအစုိးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ မေအာင္ျမင္ရတဲ့အေပၚ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ အျပစ္ဖုိ႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................

ရိုဟင်ဂျာဒုက္ခသည်တွေ နေရာပြောင်းမယ့်ကျွန်း ကုလအကဲခတ်ဖို့ ကမ်းလှမ်း

(Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာချထားမယ့် အစီအစဉ်ကို လေ့လာအကဲခတ်လိုကြောင်း ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတယောက်က ပြောဆိုလိုက်ပါတယ်။ ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေချိန်မှာပဲ အကဲခတ်ခွင့်ပြုဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး Kelly Clements က ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို မနေ့တုန်းက ပြောဆိုလိုက်တာပါ။

အစီအစဉ်နဲ့ ပတ်သက်လို့ ပိုမိုသိရှိလိုကြောင်းနဲ့ လတ်တလော ဆောင်ရွက်ထားတဲ့ အစီအမံတွေကို ကုလသမဂ္ဂက ကျွမ်းကျင်သူတွေ လေ့လာခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကမ်းလှမ်းထားကြောင်းလည်း ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ လတ်တလော Cox’s Bazaar ဒေသက ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ စုပြုံနေတဲ့အတွက် ကျန်းမာရေး၊ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ခန့်မှန်းချေ ဒုက္ခသည် တသိန်းလောက်ကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့ နေရာချထားဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့လည်း မုန်တိုင်းသင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ကျွန်းကို ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ရေး မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေချိန်မှာ ပြောင်းရွှေ့ နေရာချဖို့ စီစဉ်နေတာပါ။

၂၀၁၇ ခုနှစ်ထဲမှာတုန်းက ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေးထိုးထားပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ မအောင်မြင်ရတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြစ်ဖို့ထားပါတယ်။

XS
SM
MD
LG