သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေအခြေအနေ ဆိုးရွားနေကြောင်း ရိုဟင်ဂျာအဖွဲ့ ကြေညာချက်ထုတ်


ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း covid-19 စစ်ဆေးမှုပြုလုပ်နေ
ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း covid-19 စစ်ဆေးမှုပြုလုပ်နေ

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကူးစက်မှုကို စိုးရိမ်နေချိန် ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ အလွန် ဆိုးရွားနေကြောင်း အမေရိကန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းတခုက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၂၇ ရက်စွဲနဲ့ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုတင်သွင်းတဲ့ Arakan Rohingya Union ရဲ့ အစီရင်ခံစာမှာ စစ်ပွဲတွေကြောင့် ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေပြန် ပေါ်လာပြီး အခုဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ လှေနှစ်စီးနဲ့ ဒုက္ခသည် ၅၀၀ ကျော်လောက် မျောနေတဲ့အကြောင်း အဖွဲ့ဥက္ကဌ ဒေါက်တာဝါကာအူဒင်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဝါကာအူဒင်။။ လူ ၅၀၀ ကျော်ဟာ အဲဒီလှေ နှစ်စီးမှာမျောနေတာက သူတို့က ရခိုင်ပြည်က။ သူတို့ကို ဘင်္ဂလားဒေ့ရှ်က ဘာဖြစ်လို့ လက်ခံရမလဲ။ သူတို့က ဘင်္ဂလားဒေ့ရှ်က မဟုတ်ပါဘူး။ မလေးရှားကလည်းမဟုတ်ပါဘူး။ ယိုးဒယားကလည်း မဟုတ်ပါဘူး။ ရခိုင်ပြည်က ရိုဟင်ဂျာလူမျိုးဆိုတော့ အကောင်းဆုံးက သူတို့ကို မြန်မာအစိုးရ ကယ်ဆယ်ပြီးတော့ သူတို့ရဲ့ မူရင်းရွာတွေ၊မြို့နယ်တွေဆီ ပြန်ပို့ပြီး နေရာချထားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒါ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။

အင်ကြင်းနိုင်။။ အဲတော့ အစီရင်ခံစာအရဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေအတွက် အလုံခြုံဆုံးဖြစ်နေတယ်လို့ ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်ပြီးရှိနေသေးတာလား။

ဒေါက်တာဝါကာအူဒင်။ ။ အခု ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးချင်ရင်လည်း ဝင်လို့မရဘူး။ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဒုက္ခသည် ၁.၂ သန်း လက်ခံထားပြီးဖြစ်ပါတယ်။ သူတို့ကို စောင့်ရှောက်နေရတာကြောင့် နောက်ထပ် ရခိုင်ပြည်က လာမယ့် ရိုဟင်ဂျာတွေကို ထပ်ပြီးလက်မခံနိုင်တော့ပါဘူးလို့ သူတို့က ပြောပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်လို့မရဘူးလို့ ကျနော်တို့ ကြားပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေက အခြားပြည်မ ဘက်ထွက်ပြေးဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ အခုတော့ ရခိုင်မှာ AA နဲ့ မြန်မာတပ်မတော် စစ်ဖြစ်နေတာကြောင့် displacement ပြည်တွင်းထဲမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ အထဲမှာပဲ ရိုဟင်ဂျာတွေ လှည့်ပတ်တိမ်းရှောင်နေကြတာပါ။ ဒီရွာမှာ တိုက်ပွဲတွေရှိနေရင် နောက်တရွာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ရခိုင်ပြည်အတွင်းမှာ ဖြစ်နေတာပါ။

အင်ကြင်းနိုင်။။ ဒီ IDP စခန်းတွေကို လူသားချင်းစာနာမှုပေးတဲ့ ကိစ္စမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ခွင့်ပေးဖို့ အစီရင်ခံစာမှာ တောင်းဆိုထားတာတွေ့ရပါတယ်။ အဲတော့ မြန်မာအစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေကို အဲဒီစခန်းတွေကို သွားခွင့်မပြုဘူးလားရှင့်။

ဒေါက်တာ ဝါကာအူဒင်။။ ကျနော်ကြားတာက စစ်တွေမှာ အေဂျင်စီ တခု၊ နှစ်ခုရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ တခု၊ နှစ်ခု အေဂျင်စီက ကပ်ရောဂါ COVID ကူးစက်မှာကို ကာကွယ်ဖို့၊ စားဝတ်နေရေး အကူအညီပေးဖို့ လုပ်လို့မရပါဘူး။ UNHCR ၊Red Cross ၊ WHO စတဲ့ အဖွဲ့အစည်းအကြီးကြီးတွေကို သွားခွင့်ပြုရမှာပါ။အခုပြဿနာ အကြီးဆုံးကတော့ IDP စခန်းတွေပဲဖြစ်ပါတယ်။ ကျနော်တို့ သတင်းအရင်းအမြစ်က ရတဲ့အချက်တွေအရဆိုရင် အဲဒီစခန်းတွေမှာ စားဖို့၊ သောက်ဖို့တောင် မရှိပါဘူး။ ဆေးဝါးတွေလည်း မရှိဘူး။ နောက်ပြီး COVID-19 အတွက် လက်ဆေးရည်တို့၊ ဆေးဝါးတွေလည်း မရှိဘူး။ အဓိက ပြဿနာအကြီးဆုံးဖြစ်နေတာက စစ်တွေနားက စခန်းတွေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာအစိုးရက နိုင်ငံတကာအေဂျင်စီတွေကို သွားခွင့်ပြုဖို့ အရေးကြီးပါတယ်။

အင်ကြင်းနိုင်။။ ဒေါက်တာဝါကာအူဒင် တို့ရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာရွာသားတွေ အထူးသဖြင့် နွားကျောင်းနေတဲ့ ကလေးအရွယ်တွေ ပစ်သတ်ခံရတဲ့ကိစ္စဖေါ်ပြထားတဲ့နေရာမှာ ပြည်တွင်းသတင်းကို ကိုကားပြီး ဖေါ်ပြထားတာတွေ့ရပါတယ်။ ဆိုတော့ ရိုဟင်ဂျာရွာတွေမှာ အရပ်သားတွေကို မြန်မာစစ်တပ်က ပစ်ခတ်တယ်ဆိုတဲ့ အခြေအနေကို ဘယ်လိုသိရလဲရှင့်။

ဒေါက်တာ ဝါကာအူဒင်။။ ကျနော်တို့ ဆီမှာ source ရှိပါတယ်။ ground ကနေ ကျနော်တို့ သတင်းအရင်းအမြစ်က ရတာပါ။ ရိုဟင်ဂျာ လူငယ်တွေနဲ့ အခြားရခိုင် အမျိုးသားတွေကို မြန်မာတပ်မတော်က ဘာဖြစ်လို့ ပစ်သလဲဆိုတာ ကျနော်တို့ နားမလည်ပါဘူး။ ဘာဖြစ်လို့ လုပ်သလဲဆိုတာ မြန်မာအစိုးရက စုံစမ်းပေးဖို့ တာဝန်ရှိပါတယ်။

အင်ကြင်းနိုင်။။ အခုမြန်မာအစိုးရက ICJ နိုင်ငံတကာတရားရုံးကိုမေလ မှာ ပထဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။ ဒါက ဇန်နဝါလက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ တင်သွင်းမှာဖြစ်တယ်လို့လည်း မြန်မာအစိုးရဘက်က တရားဝင်ထုတ်ပြန်ထားပါတယ်။ အဲဒီလို ပြင်ဆင်နေတဲ့အပေါ်မှာ ဒေါက်တာ ဝါကာအူဒင်တို့ရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဒေါက်တာ ဝါကာအူဒင်။ ။ အခုက မြန်မာအစိုးရက တပ်မတော်ကို အချိန်ပေးလိုက်တယ်။ နှစ်လခွဲ သုံးလလောက် crime လုပ်ဖို့အတွက် အချိန်ပေးလိုက်တာပါ။ အခု လေးလမြောက်မှာ အစီရင်ခံစာ တင်သွင်းရမယ်ဆိုတော့ မြန်မာအစိုးရက ပြင်ဆင်နေတာ။ ဒီသုံးလ နီးပါးအချိန်မှာ အထောက်အထားတွေ ကိုလည်း ဖျက်လိုက်ပါပြီ။ ဒီကြားထဲ တခြား ရာဇဝတ်မှုတွေလုပ်ထားတယ်၊ ရိုဟင်ဂျာရွာတွေကိုလည်း တိုက်ခိုက်ပါတယ်။ ဖေဖေါ်ဝါရီလထဲမှာ အဖျက်အစီးတွေ လုပ်ခဲ့တာရှိပါတယ်။ ဒီနှစ်လ သုံးလအတွင်းမှာ mass grave လူတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတာတွေရှိရင် မြန်မာတပ်မတော်က အားလုံးကို ဘူဒိုဇာနဲ့ ထိုးပြီးရှင်းလိုက်ပါတယ်။ အဲဒါမျိုးတွေလုပ်ဖို့ မြန်မာအစိုးရက နှစ်လ၊ သုံးလလောက် အချိန်ပေးထားတာ။”

ဒေါက်တာဝါကာအူဒင်ပြောသွားတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက အသိအမှတ်ပြုလက်ခံထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)













XS
SM
MD
LG