သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာစက္ေလွ ၂ စင္း ဘဂၤလားေဒ့ရွ္ ကမ္းကပ္ခြင့္ျပဳဖို႔ HRW ပန္ၾကား


၂၀၁၂ ဇြႏ္လအတြင္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္း ဝင္ေရာက္ရန္ ႀကိဳးပမ္းသည့္ ေလွစီးေျပး ႐ုိဟင္ဂ်ာမ်ားအား ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ ကယ္ဆယ္ေနသည့္ ျမင္ကြင္း။ (ဇြန္ ၁၈၊ ၂၀၁၂)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာဒုကၡသည္ေတြ ရာနဲ႔ခ်ီ တင္ေဆာင္ထားတဲ့ စက္ေလွ ၂ စင္းကို ဘဂၤလားေဒ့ရွ္အစိုးရ အေနနဲ႔ ခ်က္ခ်င္းကမ္းကပ္ခြင့္ ျပဳသင့္တယ္လုိ႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ အဲဒီဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ အစားအစာ၊ ေရနဲ႔ ေဆး၀ါးကုသမႈေတြ ေပးသင့္တယ္လို႔ ေျပာပါတယ္။

႐ုိဟင္ဂ်ာဒုကၡသည္ ရာနဲ႔ခ်ီ တင္ေဆာင္ထားတဲ့ စက္ေလွ ၂ စင္းဟာ အစားအစာနဲ႔ ေရအလုံအေလာက္မရွိဘဲ ဘဂၤလားပင္လယ္ေအာ္ထဲမွာ သီတင္းပတ္ေတြနဲ႔ခ်ီၿပီး ေမ်ာေနခဲ့တာ ျဖစ္ႏုိင္တယ္လို႔ ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီ (UNHCR) ကလည္း သတိေပးထားပါတယ္။

ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရး၀န္ႀကီး Abdul Momen ကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံဟာ တျခားႏုိင္ငံေတြရဲ႕ တာ၀န္ေတြ၊ ၀န္ထုပ္၀န္ပိုးေတြကို ထမ္းယူဖို႔ အၿမဲတမ္း ေတာင္းဆုိခံေနရတာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲကို ႐ုိဟင္ဂ်ာေတြ ေနာက္ထပ္၀င္လာမယ့္ကိစၥကို သူ႔အေနနဲ႔ ကန္႔ကြက္ေၾကာင္း ဧၿပီလ ၂၃ ရက္ေန႔က ေျပာပါတယ္။

ဒါ့အျပင္ COVID-19 ေရာဂါေၾကာင့္ ႏုိင္ငံကို ျပန္လာသူ အေရအတြက္ တိုးလာတဲ့အတြက္ ျပည္ပကလူေတြ ဒါမွမဟုတ္ ဒုကၡသည္ေတြကို လက္ခံဖို႔ ေနရာမရွိေတာ့ဘူးလို႔လည္း ဝန္ႀကီး Momen က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲမွာ ဒုကၡသည္ သိန္းနဲ႔ခ်ီ ရွိေနေပမယ့္လည္း ဒီအခ်က္ေၾကာင့္ေတာ့ ဒုကၡသည္ေတြပါတဲ့ စက္ေလွေတြကို ကမ္းကပ္ခြင့္မေပးတာမ်ိဳး မျဖစ္သင့္ဘူးလို႔ HRW အဖဲြ႔ရဲ႕ အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams က ေျပာပါတယ္။

မၾကာေသးခင္ကပဲ မေလးရွားႏုိင္ငံကလည္း ႐ုိဟင္ဂ်ာေတြ တင္ေဆာင္လာတဲ့ ငါးဖမ္းစက္ေလွတစင္းကို ကမ္းကပ္ခြင့္မေပးဘဲ ျပန္လႊတ္ခဲ့သလို ထုိင္းႏုိင္ငံကလည္း ေပး၀င္မွာမဟုတ္ဘူးလို႔ ေျပာထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြအတြြင္း အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့ၾကတာပါ။

႐ိုဟင္ဂ်ာလို႔ ေခၚဆိုသံုးႏႈန္းတာကို လက္မခံတဲ့ ျမန္မာအစိုးရက ဒုကၡသည္ေတြကို ျပန္လက္ခံဖို႔ အစီအစဥ္ေတြ လုပ္ထားေပမယ့္လည္း လက္ရွိ COVID-19 အက်ပ္အတည္း ကာလအတြင္း အဲဒီလုပ္ငန္းေတြ လံုးဝရပ္ဆိုင္းေနတဲ့ပံု ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရိုဟင်ဂျာစက်လှေ ၂ စင်း ဘင်္ဂလားဒေ့ရှ် ကမ်းကပ်ခွင့်ပြုဖို့ HRW ပန်ကြား

ရိုဟင်ဂျာဒုက္ခသည်တွေ ရာနဲ့ချီ တင်ဆောင်ထားတဲ့ စက်လှေ ၂ စင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ချက်ချင်းကမ်းကပ်ခွင့် ပြုသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အဲဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အစားအစာ၊ ရေနဲ့ ဆေးဝါးကုသမှုတွေ ပေးသင့်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီ တင်ဆောင်ထားတဲ့ စက်လှေ ၂ စင်းဟာ အစားအစာနဲ့ ရေအလုံအလောက်မရှိဘဲ ဘင်္ဂလားပင်လယ်အော်ထဲမှာ သီတင်းပတ်တွေနဲ့ချီပြီး မျောနေခဲ့တာ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) ကလည်း သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ တာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းယူဖို့ အမြဲတမ်း တောင်းဆိုခံနေရတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရိုဟင်ဂျာတွေ နောက်ထပ်ဝင်လာမယ့်ကိစ္စကို သူ့အနေနဲ့ ကန့်ကွက်ကြောင်း ဧပြီလ ၂၃ ရက်နေ့က ပြောပါတယ်။

ဒါ့အပြင် COVID-19 ရောဂါကြောင့် နိုင်ငံကို ပြန်လာသူ အရေအတွက် တိုးလာတဲ့အတွက် ပြည်ပကလူတွေ ဒါမှမဟုတ် ဒုက္ခသည်တွေကို လက်ခံဖို့ နေရာမရှိတော့ဘူးလို့လည်း ဝန်ကြီး Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဒုက္ခသည် သိန်းနဲ့ချီ ရှိနေပေမယ့်လည်း ဒီအချက်ကြောင့်တော့ ဒုက္ခသည်တွေပါတဲ့ စက်လှေတွေကို ကမ်းကပ်ခွင့်မပေးတာမျိုး မဖြစ်သင့်ဘူးလို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

မကြာသေးခင်ကပဲ မလေးရှားနိုင်ငံကလည်း ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစင်းကို ကမ်းကပ်ခွင့်မပေးဘဲ ပြန်လွှတ်ခဲ့သလို ထိုင်းနိုင်ငံကလည်း ပေးဝင်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။

ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းတာကို လက်မခံတဲ့ မြန်မာအစိုးရက ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အစီအစဉ်တွေ လုပ်ထားပေမယ့်လည်း လက်ရှိ COVID-19 အကျပ်အတည်း ကာလအတွင်း အဲဒီလုပ်ငန်းတွေ လုံးဝရပ်ဆိုင်းနေတဲ့ပုံ ရှိပါတယ်။

XS
SM
MD
LG