(Zawgyi / Unicode)
မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့ အစိတ္အပိုင္းတရပ္ အေနနဲ႔ တရား၀င္စာရြက္စာတမ္း မရွိဘဲ ေနထုိင္တဲ့သူေတြကို လိုက္လံဖမ္းဆီးေနတယ္လို႔ မေလးရွား အာဏာပိုင္ေတြဘက္က ေျပာပါတယ္။
မေလးရွားႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ ကြာလာလမ္ပူမွာ ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ ဒုကၡသည္ ၅၈၆ ေယာက္ကို ေသာၾကာေန႔က ဖမ္းဆီးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ဖမ္းဆီးခံရသူေတြထဲမွာ ကေလးငယ္ေတြနဲ႔ ျမန္မာႏုိင္ငံက ႐ုိဟင္ဂ်ာေတြလည္း ပါ၀င္တယ္လို႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက ေျပာပါတယ္။
ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကို အသိအမွတ္ မျပဳထားပါဘူး။
မေလးရွား အာဏာပုိင္ေတြဘက္က အခုလို ဖမ္းဆီးတာေၾကာင့္ အကာအကြယ္မဲ့သူေတြ အေနနဲ႔ ပုန္းေရွာင္တာေတြလုပ္ၿပီး ကုသမႈ ခံယူဖို႔အတြက္ကိုလည္း တားဆီးလိုက္သလို ျဖစ္ေစတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
မေလးရွား အာဏာပိုင္ေတြဘက္ကေတာ့ အခုလို ဖမ္းဆီးတာဟာ ဗုိင္းရပ္စ္ကူးစက္မႈေတြ မပ်ံ႕ႏွံ႔ေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ တရား၀င္ စာရြက္စာတမ္းမရွိဘဲ ေနထုိင္တဲ့သူေတြ တေနရာကေန တေနရာကို မသြားႏုိင္ေအာင္ ရည္ရြယ္တာျဖစ္တယ္လို႔ ေျပာပါတယ္။
မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ လူေတြကို ျပည္နယ္တခုကေနတခု မသြားလာဖို႔ ကန္႔သတ္ထားသလို ဘာသာေရးပဲြေတြ အပါအ၀င္ လူစုလူေ၀းေတြ မလုပ္ၾကဖို႔ကိုလည္း အာဏာပိုင္ေတြက တားျမစ္ထားတာ ျဖစ္ပါတယ္။
ကုလသမဂၢကေတာ့ ေရႊ႕ေျပာင္းေနထုိင္သူေတြကို ဖမ္းဆီးတာေတြ မလုပ္ဖို႔နဲ႔ ဖမ္းဆီးထားတဲ့ ကေလးေတြနဲ႔ သူတုိ႔ကို ေစာင့္ေရွာက္ေနတဲ့သူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆုိလိုက္ၿပီး ထိန္းသိမ္းေရးစခန္းေတြအတြင္း လူေတြကို အစုလုိက္အၿပဳံလိုက္ ဖမ္းဆီးထားျခင္းက ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရာယ္ကို ပိုျဖစ္ေစတယ္လို႔ ေျပာလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း ႏုိင္ငံျခားကေန ေရႊ႕ေျပာင္း၀င္ေရာက္လာတဲ့သူေတြ အထူးသျဖင့္ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြအေပၚ မေလးရွားလူထုက ေဒါသထြက္ခဲ့ၾကၿပီးတဲ့ေနာက္ အာဏာပိုင္ေတြဘက္က အခုလို ဖမ္းဆီးခဲ့တာပါ။
မေလးရွားႏုိင္ငံသား တခ်ိဳ႕ကေတာ့ ႐ုိဟင္ဂ်ာေတြဟာ ဗုိင္းရပ္စ္ျဖန္႔ေနတဲ့သူေတြျဖစ္ၿပီး သူတုိ႔ႏုိင္ငံကိုလည္း ၀န္ပိေစတယ္လို႔ စြပ္စဲြထားပါတယ္။
---------------------------
(Unicode)
မလေးရှားမှာ တရားမဝင်နေထိုင်သူ ဖမ်းခံရတဲ့ထဲ ရိုဟင်ဂျာတွေလည်းပါ
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ တရားဝင်စာရွက်စာတမ်း မရှိဘဲ နေထိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မလေးရှား အာဏာပိုင်တွေဘက်က ပြောပါတယ်။
မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည် ၅၈၆ ယောက်ကို သောကြာနေ့က ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ်တွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုထားပါဘူး။
မလေးရှား အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးတာကြောင့် အကာအကွယ်မဲ့သူတွေ အနေနဲ့ ပုန်းရှောင်တာတွေလုပ်ပြီး ကုသမှု ခံယူဖို့အတွက်ကိုလည်း တားဆီးလိုက်သလို ဖြစ်စေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မလေးရှား အာဏာပိုင်တွေဘက်ကတော့ အခုလို ဖမ်းဆီးတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်တဲ့သူတွေ တနေရာကနေ တနေရာကို မသွားနိုင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ထိန်းချုပ်တဲ့အနေနဲ့ လူတွေကို ပြည်နယ်တခုကနေတခု မသွားလာဖို့ ကန့်သတ်ထားသလို ဘာသာရေးပွဲတွေ အပါအဝင် လူစုလူဝေးတွေ မလုပ်ကြဖို့ကိုလည်း အာဏာပိုင်တွေက တားမြစ်ထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်နေတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ထိန်းသိမ်းရေးစခန်းတွေအတွင်း လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထားခြင်းက ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို ပိုဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံခြားကနေ ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် မလေးရှားလူထုက ဒေါသထွက်ခဲ့ကြပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးခဲ့တာပါ။
မလေးရှားနိုင်ငံသား တချို့ကတော့ ရိုဟင်ဂျာတွေဟာ ဗိုင်းရပ်စ်ဖြန့်နေတဲ့သူတွေဖြစ်ပြီး သူတို့နိုင်ငံကိုလည်း ဝန်ပိစေတယ်လို့ စွပ်စွဲထားပါတယ်။