သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ရှိမရှိသိနိုင်အောင် မလေးရှားမှာ တင်းကြပ်စွာ စစ်ဆေးမည်


မလေးရှား ကျန်းမာရေး ဝန်ထမ်းများ
မလေးရှား ကျန်းမာရေး ဝန်ထမ်းများ

(Zawgyi/Unicode)

မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်တိုးလာတဲ့အတွက် နှာခေါင်းတွင်းတို့ဖတ် နမူနာယူပြီးရောဂါရှိ၊ မရှိစစ်ဆေးတာ အပြင် ခန္ဓာကိုယ်အတွင်း ပဋိဇီဝပစ္စည်း antibody ထွက်ပေါ်နေခြင်း ရှိ၊မရှိ သွေးနမူနာယူ စစ်ဆေးတဲ့နည်းကို လည်း စတင် လုပ်ဆောင်နေပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီနည်းကို အသုံးပြုဖို့ အစပိုင်းတုန်းက တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တာပါ။ ရောဂါပိုး ကူးစက်ခံထားရသူတွေမှာ ရောဂါပိုးကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်တွင်း ပဋိဇီဝပစ္စည်း ထွက်ပေါ်နေခြင်း ရှိ၊မရှိကို လူနာရဲ့ သွေးကတဆင့် ဓါတ်ခွဲစမ်းသပ်နိုင်တာပါ။

သံသယရှိလူနာ တွေကို ရောဂါရှိမရှိ စစ်ဆေးဖို့လို အပ်ချက် မြင့်မားလာတဲ့ အတွက် ဒီနည်းကို အသုံးပြုလာတာဖြစ်ပြီး ဒီစမ်းသပ် စစ်ဆေးမှုက ၆ နာရီအတွင်း အဖြေထုတ်ပေးနိုင်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ ကအထိ မလေးရှားမှာ ရောဂါကူးစက်ခံထားရသူ ၅၀၀၀ နီးပါးနဲ့ သေဆုံးသူ ၈၀ ကျော် ရှိတဲ့အတွက် အရှေ့တောင် အာရှမှာ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။ မလေးရှားမှာ ပြီးခဲ့တဲ့ တနင်္လာနေ့အထိ နှာခေါင်းတို့ဖတ်နမူနာယူစစ်ဆေးမှု ၈၂,၀၀၀ နီးပါးပြုလုပ် ပြီးဖြစ်သလို ဧပြီလအစောပိုင်းအထိ ရလဒ်စောင့်ဆိုင်းနေသူ ၈၀၀၀ လောက်ရှိနေတာပါ။

အခုလို ရလဒ် အဖြေနှောင့်နှေး နေတာတွေကို လျော့ချနိုင်ဖို့အတွက် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို ၁၄ ရက် မဖြစ်မနေ သီးခြားခွဲထားပြီး ၁၃ ရက်ပြည့် တဲ့ အခါသွေးစစ်ပြီး ခန္ဓာကိုယ်တွင်း ရောဂါပိုးကိုတိုက်ထုတ်တဲ့ ပဋိဇီဝပစ္စည်း ထွက်ပေါ်နေခြင်း ရှိ၊မရှိ စစ်ဆေးမှာပါ။

ဒီလိုစစ်ဆေးလို့ ခန္ဓာကိုယ်အတွင်း ပဋိဇီဝပစ္စည်း antibody ထွက်ပေါ်နေတဲ့သူတွေကို နှာခေါင်းတွင်းတို့ဖတ်နမူနာယူ ဆက်လက်စစ်ဆေး သွားမယ် လို့ ညွှန်ကြားရေးမှူးချုပ် Noor Hisham က ပြောပါတယ်။ သွေးအဖြေအရ antibody ထွက်ပေါ်ခြင်းမရှိရင်တော့ ရောဂါပိုး ကူးစက်ခံရ ခြင်းမရှိကြောင်း သတ်မှတ်သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...................



(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG