သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ် ကယ်တင်


၂၀၁၂ ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် လှေစီးပြေး ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ကယ်ဆယ်နေသည့် မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၁၂)
၂၀၁၂ ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် လှေစီးပြေး ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ကယ်ဆယ်နေသည့် မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၁၂)

(Zawgyi / Unicode)

မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ကြပြီးနောက် ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောနေကြတဲ့သူတွေလို့ ယူဆရတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေ ၂ စင်းဟာ စနေနေ့မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဆိုက်ကပ်ခဲ့တယ်လို့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

အားပြင်းမုန်တိုင်း ကျရောက်ဖို့ ရှိတာကြောင့် ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေ ၂ စင်းကို ကမ်းကပ်ခွင့်ပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုထားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် လုံခြုံရေး အရာရှိတွေကတော့ အခု ကမ်းကိုကပ်လာတဲ့ လှေအငယ်လေးထဲမှာ လူ ၄၀ လောက်ပါလာတာဖြစ်ပြီး အဲဒီထဲမှာ အစာပြတ်နေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါလာတယ်လို့ ပြောပါတယ်။

သတင်းအရ ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်တွေက ဖမ်းဆီးရာမှာ ၂၉ ဦးကို မိခဲ့ပြီး ၁၀ ဦးလောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဖမ်းမိသူတွေဟာ ပင်လယ်ထဲမှာ အချိန်အတော်ကြာ မျောနေတဲ့ သင်္ဘောတွေပေါ်က ဟုတ်မဟုတ်တော့ တာဝန်ခံ အရာရှိတွေက အတည်ပြု ပြောကြားတာ မရှိပါဘူး။

အခုလို ကယ်ဆယ်ရမိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhashan Char ကျွန်းမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်စခန်းကို ပို့မှာဖြစ်ကြောင်းလည်း အမည်မဖော်လိုတဲ့ လုံခြုံရေးအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒီဒုက္ခသည်တွေ ဌာနေပြန်မယ်ဆိုရင် စိစစ်လက်ခံမယ်လို့ ပြောကြားထားတာပါ။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)









XS
SM
MD
LG