သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာ ဒုကၡသည္ေတြၾကား COVID-19 ကာကြယ္ေရး လံုၿခံဳေရးတပ္ဖြဲ႔ သတိေပး ႏိႈးေဆာ္


႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းအတြင္း ကို႐ိုနာဗုိင္းရပ္စ္ အႏၱရာယ္ သတိေပးခ်က္ ႏႈိးေဆာ္ေနသည့္ လုံၿခံဳေရးဝန္ထမ္းမ်ား။ (ေမ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

လူေပါင္းသိန္းနဲ႔ခ်ီ ခိုလံႈေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ ပထမဆံုးအႀကိမ္ ေတြ႔ရွိၿပီးေနာက္ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္တားဆီးေရးအတြက္ အာဏာပိုင္တို႔ လႈပ္ရွားေဆာင္ရြက္ေနတဲ့အေၾကာင္း AFP သတင္းေဆာင္းပါးကုိ ကုိဉာဏ္ဝင္းေအာင္ တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ႐ုိဟင္ဂ်ာဒုကၡသည္ ၂ ဦး ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေဒသဆိုင္ရာ က်န္းမာေရးတာ၀န္ခံ Abu Toha Bhuiyan က ကနဦး ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က ဒီ ကူးစက္ခံ ၂ ဦးထဲက တဦးဟာဆိုရင္ ေဒသခံ အမ်ိဳးသားျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေနာက္တေန႔ ေသာၾကာေန႔မွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ႐ုိဟင္ဂ်ာဒုကၡသည္ ၂ ဦး ထပ္မံေတြ႔ရွိရေၾကာင္း အႀကီးတန္း က်န္းမာေရးအရာရွိတဦးက ေျပာဆိုခဲ့ၿပီး တဦးကေတာ့ အသက္ ၄၂ ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ေနာက္တဦးက အသက္ ၃၀ အရြယ္ အမ်ိဳးသားျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။ ေနာက္ထပ္ေတြ႔ရတဲ့ COVID-19 ကူးစက္ခံရသူ ၂ ဦးက ပထမဆံုး ကူးစက္ခံလူနာေတြနဲ႔ ထိေတြ႔မႈရွိမရွိ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

COVID-19 ကူးစက္ခံလူနာေတြ ေတြ႔ရွိတဲ့ ေသာၾကာေန႔မွာပဲ ဘဂၤလားေဒ့ရွ္ အေရးေပၚ လံုၿခံဳေရးတပ္ဖြဲ႔၀င္ေတြက လူထုၾကား အကြာအေ၀းတခုျခားၿပီး ခပ္ခြာခြာေနၾကဖို႔ စခန္းေတြတြင္းမွာ လိုက္လံသတိေပး ႏိႈးေဆာ္ခဲ့ပါတယ္။

႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းတြင္းက ရပ္ေရးရြာေရးေခါင္းေဆာင္ Safi Ullah ကေတာ့ က်န္းမာေရး သတိေပးခ်က္ေတြအတိုင္း လုိက္နာေဆာင္ရြက္မႈ အားနည္းတယ္လို႔ ေျပာပါတယ္။

“အားလုံးထဲမွာ ၁၀ ရာခုိင္ႏႈန္းေလာက္ပဲ လိုက္နာၾကပါတယ္။ က်န္တဲ့သူေတြက ေရာဂါအႏၱရာယ္ကို ဂ႐ုမစိုက္ၾကပါဘူး။ ဒီကပ္ေရာဂါက က်ေနာ္တို႔အားလုံးအေပၚ ဘယ္ေလာက္ထိ ဆုိးက်ဳိးသက္ေရာက္လာမယ္ဆိုတာ သူတို႔ နားမလည္ၾကလို႔ပါ။”

ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ဒုကၡသည္စခန္းေပါင္း ၃၄ ခုရွိၿပီး အျဖစ္ေဆာက္ထားတဲ့ တဲအိမ္ေတြနဲ႔ ျပည့္က်ပ္ေနထုိင္ၾကတဲ့အတြက္ ကိုဗစ္ေရာဂါသာ ျပန္႔ပြားသြားခဲ့ရင္ ေတာမီးေလာင္သလို ဘာတခုမွ က်န္မွာမဟုတ္ဘူးလို႔ သက္ဆုိင္သူေတြ သတိေပးထားတာပါ။ မိုဟာမက္တုိ႔လို စိုးရိမ္တတ္သူေတြလည္း ရွိပါတယ္။

“က်ေနာ္ အရမ္းကို စုိးရိမ္ပါတယ္။ ဒါေပမယ့္ ခ်က္စရာဝယ္ဖုိ႔ ေစ်းေတာ့ သြားေနရပါတယ္။ သူတို႔မွာထားတဲ့အတုိင္း လက္ကို အႀကိမ္ႀကိမ္ေဆးေပမယ့္ စုိးရိမ္စိတ္က ရွိေနတုန္းပါပဲ။”

ေရာဂါကူးစက္လာၿပီဆိုတဲ့ ဒီသတင္းေၾကာင့္ ဒုကၡသည္စခန္းထဲ အထိတ္တလန္႔ ျဖစ္ကုန္တယ္လို႔ ေကာ့ဇ္ဘဇားခ႐ုိင္ က်န္းမာေရးဌာန အႀကီးအကဲ Mahbubur Rahman က ေျပာပါတယ္။

ပထမဆုံးလူနာျဖစ္တဲ့ ကုတုပေလာင္စခန္းက အသက္ ၃၅ ႏွစ္ ႐ိုဟင္ဂ်ာ အမ်ဳိးသားဆီမွာ ကိုဗစ္ေရာဂါရွိေၾကာင္း ေၾကညာၿပီးေနာက္ သူက ေရွာင္တိမ္းေနတဲ့အတြက္ ၄ နာရီအၾကာက်မွ ရဲေတြ သူ႔ကို ေတြ႔တာပါ။ သူ႔ေၾကာင့္ စခန္းတခုလုံး ေရာဂါျပန္႔ကုန္မွာကို စိတ္ပူခဲ့ရပါတယ္လို႔ စခန္းတြင္း ရပ္ကြက္ေခါင္းေဆာင္ေတြက ေျပာပါတယ္။ အဲဒီအမ်ဳိးသားဟာ ဒဏ္ရာရတဲ့ သူ႔အစ္ကိုတေယာက္ကို ဒုကၡသည္စခန္းနဲ႔ မေဝးတဲ့ ေဆး႐ုံတခုကို သြားပို႔ေပးရင္း အဲဒီကတဆင့္ ကူးလာတာလို႔ ယူဆေနၾကပါတယ္။ ဒီအမ်ဳိးသားေနတဲ့ ရပ္ကြက္ႀကီး တခုလုံးကို အဝင္အထြက္ ပိတ္ထားၿပီး သူ႔နဲ႔ ထိေတြ႔ဆက္ဆံခဲ့သူ အားလုံးကိုလည္း သီးျခားခြဲထား စစ္ေဆး ေစာင့္ၾကည့္ေနပါတယ္။ အခုေတာ့ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲမွာ အေရးေပၚ စုံစမ္းစစ္ေဆးေရးအသင္းေတြ ျဖန္႔ခ်ထားတယ္လို႔ WHO တာဝန္ရွိသူေတြက ေျပာပါတယ္။

႐ုိဟင္ဂ်ာဒုကၡသည္စခန္းထဲ ကိုဗစ္ရွိမရွိ စစ္ေဆးမႈေတြ တရက္ ၅ ေယာက္နဲ႔ ၁၀ ေယာက္ၾကား စစ္ေနေပမယ့္ အနည္းဆုံး တရက္ကို ၁၀၀ အထိ တိုးျမႇင့္စစ္သြားဖို႔ လုပ္ေနတယ္လို႔ ေကာ့ဇ္ဘဇား က်န္းမာေရးအႀကီးအကဲက ေျပာပါတယ္။

အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါကုသမႈစင္တာ ၁၂ ခုကုိ စခန္းတြင္း ျပင္ဆင္ေနတယ္လို႔ ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီက ေျပာပါတယ္။ အဲဒီစင္တာေတြမွာ ကုတင္ ၁၉၀၀ ထိရွိမယ့္ အေရးေပၚ ၾကပ္မတ္ကုသေဆာင္ေတြ၊ Quarantine စင္တာ ၅ ခုနဲ႔ သီးျခား ခြဲထားေစာင့္ၾကည့္ေဆာင္ ၂၀ ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒီအေတာတြင္း ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းထဲမွာ အင္တာနက္ ျဖတ္ေတာက္ထားတာေၾကာင့္ ဒုကၡသည္ေတြ သတင္းမွန္ မသိရဘူးဆိုၿပီး ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္း အၾကမ္းဖက္မႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္ရတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကို ျမန္မာအစိုးရက စိစစ္ၿပီး ျပန္လည္လက္ခံမယ္လို႔ ေျပာဆိုထားေပမယ့္ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာ့ အသိအမွတ္ မျပဳပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တွေကြား COVID-19 ကာကွယ်ရေး လုံခြုံရေးတပ်ဖွဲ့သတိပေး နှိုးဆော်

လူပေါင်းသိန်းနဲ့ချီ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးအတွက် အာဏာပိုင်တို့ လှုပ်ရှားဆောင်ရွက်နေတဲ့အကြောင်း AFP သတင်းဆောင်းပါးကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရိုဟင်ဂျာဒုက္ခသည် ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ခံ Abu Toha Bhuiyan က ကနဦး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီ ကူးစက်ခံ ၂ ဦးထဲက တဦးဟာဆိုရင် ဒေသခံ အမျိုးသားဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်တနေ့ သောကြာနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရိုဟင်ဂျာဒုက္ခသည် ၂ ဦး ထပ်မံတွေ့ရှိရကြောင်း အကြီးတန်း ကျန်းမာရေးအရာရှိတဦးက ပြောဆိုခဲ့ပြီး တဦးကတော့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နောက်တဦးက အသက် ၃၀ အရွယ် အမျိုးသားဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ထပ်တွေ့ရတဲ့ COVID-19 ကူးစက်ခံရသူ ၂ ဦးက ပထမဆုံး ကူးစက်ခံလူနာတွေနဲ့ ထိတွေ့မှုရှိမရှိ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

COVID-19 ကူးစက်ခံလူနာတွေ တွေ့ရှိတဲ့ သောကြာနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် အရေးပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူထုကြား အကွာအဝေးတခုခြားပြီး ခပ်ခွာခွာနေကြဖို့ စခန်းတွေတွင်းမှာ လိုက်လံသတိပေး နှိုးဆော်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းက ရပ်ရေးရွာရေးခေါင်းဆောင် Safi Ullah ကတော့ကျန်းမာရေး သတိပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းတယ်လို့ ပြောပါတယ်။

“အားလုံးထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ လိုက်နာကြပါတယ်။ ကျန်တဲ့သူတွေက ရောဂါအန္တရာယ်ကို ဂရုမစိုက်ကြပါဘူး။ ဒီကပ်ရောဂါက ကျနော်တို့အားလုံးအပေါ် ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လာမယ်ဆိုတာ သူတို့ နားမလည်ကြလို့ပါ။”

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်း ၃၄ ခုရှိပြီး အဖြစ်ဆောက်ထားတဲ့ တဲအိမ်တွေနဲ့ ပြည့်ကျပ်နေထိုင်ကြတဲ့အတွက် ကိုဗစ်ရောဂါသာ ပြန့်ပွားသွားခဲ့ရင် တောမီးလောင်သလို ဘာတခုမှ ကျန်မှာမဟုတ်ဘူးလို့ သက်ဆိုင်သူတွေ သတိပေးထားတာပါ။ မိုဟာမက်တို့လို စိုးရိမ်တတ်သူတွေလည်း ရှိပါတယ်။

“ကျနော် အရမ်းကို စိုးရိမ်ပါတယ်။ ဒါပေမယ့် ချက်စရာဝယ်ဖို့ ဈေးတော့ သွားနေရပါတယ်။ သူတို့မှာထားတဲ့အတိုင်း လက်ကို အကြိမ်ကြိမ်ဆေးပေမယ့် စိုးရိမ်စိတ်က ရှိနေတုန်းပါပဲ။”

ရောဂါကူးစက်လာပြီဆိုတဲ့ ဒီသတင်းကြောင့် ဒုက္ခသည်စခန်းထဲ အထိတ်တလန့် ဖြစ်ကုန်တယ်လို့ ကော့ဇ်ဘဇားခရိုင် ကျန်းမာရေးဌာန အကြီးအကဲ Mahbubur Rahman က ပြောပါတယ်။

ပထမဆုံးလူနာဖြစ်တဲ့ ကုတုပလောင်စခန်းက အသက် ၃၅ နှစ် ရိုဟင်ဂျာ အမျိုးသားဆီမှာ ကိုဗစ်ရောဂါရှိကြောင်း ကြေညာပြီးနောက် သူက ရှောင်တိမ်းနေတဲ့အတွက် ၄ နာရီအကြာကျမှ ရဲတွေ သူ့ကို တွေ့တာပါ။ သူ့ကြောင့် စခန်းတခုလုံး ရောဂါပြန့်ကုန်မှာကို စိတ်ပူခဲ့ရပါတယ်လို့ စခန်းတွင်း ရပ်ကွက်ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒီအမျိုးသားဟာ ဒဏ်ရာရတဲ့ သူ့အစ်ကိုတယောက်ကို ဒုက္ခသည်စခန်းနဲ့ မဝေးတဲ့ ဆေးရုံတခုကို သွားပို့ပေးရင်း အဲဒီကတဆင့် ကူးလာတာလို့ ယူဆနေကြပါတယ်။ ဒီအမျိုးသားနေတဲ့ ရပ်ကွက်ကြီး တခုလုံးကို အဝင်အထွက် ပိတ်ထားပြီး သူ့နဲ့ ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကိုလည်း သီးခြားခွဲထား စစ်ဆေး စောင့်ကြည့်နေပါတယ်။ အခုတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ အရေးပေါ် စုံစမ်းစစ်ဆေးရေးအသင်းတွေ ဖြန့်ချထားတယ်လို့ WHO တာဝန်ရှိသူတွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ ကိုဗစ်ရှိမရှိ စစ်ဆေးမှုတွေ တရက် ၅ ယောက်နဲ့ ၁၀ ယောက်ကြား စစ်နေပေမယ့် အနည်းဆုံး တရက်ကို ၁၀၀ အထိ တိုးမြှင့်စစ်သွားဖို့ လုပ်နေတယ်လို့ ကော့ဇ်ဘဇား ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကုသမှုစင်တာ ၁၂ ခုကို စခန်းတွင်း ပြင်ဆင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။ အဲဒီစင်တာတွေမှာ ကုတင် ၁၉၀၀ ထိရှိမယ့် အရေးပေါ် ကြပ်မတ်ကုသဆောင်တွေ၊ Quarantine စင်တာ ၅ ခုနဲ့ သီးခြား ခွဲထားစောင့်ကြည့်ဆောင် ၂၀ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအတောတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ အင်တာနက် ဖြတ်တောက်ထားတာကြောင့် ဒုက္ခသည်တွေ သတင်းမှန် မသိရဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာအစိုးရက စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ် မပြုပါဘူး။

XS
SM
MD
LG