(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းတစ္ခုထဲမွာ ႐ိုဟင္ဂ်ာဒုကၡသည္တေယာက္ COVID-19 ေရာဂါကူးစက္ေနတယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္ ကပ္ေရာဂါ တံု႔ျပန္ေရးေတြကို တိုးျမွင့္ေဆာင္႐ြက္ေနတယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး (UNHCR) က ေျပာၾကားလိုက္ပါတယ္။
"ကုတုပေလာင္ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာဒုကၡသည္တစ္ေယာက္ COVID-19 ေရာဂါကူးစက္ေနတယ္လို႔ အတည္ျပဳေၾကာင္း ဘဂၤလားေဒ႐ွ္႕အစုိးရက ေျပာၾကားတယ္။" လို႔ UNHCR ေျပာခြင့္ရ Andrej Mahecic ကေျပာသြားတာပါ။ ဒါေၾကာင့္ တု႔ံျပန္ေဆာင္႐ြက္မႈေတြ စတင္ေနၿပီလို႔ သူကေျပာပါတယ္။
"႐ိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာ COVID-19 ကပ္ေရာဂါတံု႔ျပန္ႏုိင္ေရးအတြက္ UNHCR နဲ႔ မိတ္ဖက္အဖဲြ႔အစည္းေတြက မတ္လထဲကစလို႔ ဘဂၤလားေဒ႐ွ္႕အစိုးရနဲ႔အတူ ကူညီျပင္ဆင္ထားပါတယ္။ အခု ကူးစက္သူ တစ္ေယာက္ကို အတည္ျပဳခဲ့ၿပီးေနာက္ တံု႔ျပန္ေရးလုပ္ငန္းေတြ အားလံုးကုိ စတင္လိုက္ၿပီျဖစ္ပါတယ္။" လို႔ UNHCR ေျပာခြင့္ရက ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕ ကုလသမဂၢ႐ံုးခ်ဳပ္မွာလုပ္တ့ဲ သတင္းစာ႐ွင္းပြဲမွာ ေျပာသြားတာပါ။
လူဦးေရထူထပ္ၿပီး ေရနဲ႔ မိလႅာ စနစ္ေကာင္းေကာင္းမ႐ွိတဲ့ ဒုကၡသည္စခန္းထဲမွာ ေရာဂါကူးစက္မႈထိန္းခ်ဳပ္ႏိုင္ဖုိ႔ အတတ္ႏိုင္ဆံုး ေဆာင္႐ြက္သြားၾကရမယ္လို႔လည္း သူကေျပာပါတယ္။
ဂ်ီနီဗာၿမိဳ႕႐ံုးခ်ဳပ္မွာ ဒီကေန႔ျပဳလုပ္တဲ့ ႏွစ္ပတ္တႀကိမ္အစည္းအေဝးမွာ ကုလသမဂၢအဖဲြ႔အစည္းေတာ္ေတာ္မ်ားမ်ားက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာ COVID-19 ေရာဂါတံု႔ျပန္ေရး ေဆာင္႐ြက္မႈေတြကို ေျပာသြားၾကပါတယ္။ ကုလသမဂၢကေလးငယ္မ်ား ကူညီေစာင့္ေ႐ွာက္ေရးအဖြဲ႔ (UNICEF) ကလည္း လူနာကုတင္ေတြ ျပင္ဆင္ထားတယ္လို႔ ေျပာခြင့္ရ Marixie Mercado ကေျပာပါတယ္။
"အသက္႐ႈလမ္းေၾကာင္းထိခိုက္သူေတြကို သီးျခားခြဲ ကုသမယ့္ ကုတင္ ၂၁၀ ဆံ့စင္တာကို UNICEF က စခန္းထဲမွာ ျပင္ဆင္ေနပါတယ္။ ပထမ ကုတင္အလံုး ၉၀ ကို ေမလ ၂၂ ရက္ေန႔မွာ စတင္သံုးႏုိင္မွာျဖစ္ၿပီး က်န္တဲ့ကုတင္ေတြကေတာ့ ေမလ ၃၀ ရက္ေန႔ မတိုင္ခင္ အသင့္ျဖစ္ပါမယ္။" လို႔ UNICEF ေျပာခြင့္ရကေျပာပါတယ္။
တခ်ိန္ထဲမွာပဲ ဝမ္းေလ ွ်ာ ဝမ္းပ်က္လူနာေတြကို ကုသေပးေနတဲ့ေဆးခန္းမွာ သီးျခားခဲြေစာင့္ၾကည့္သူေတြကို ထားဖုိ႔ ကုတင္ ၃၀ ကို ျပင္ဆင္ေနတာ နက္ျဖန္ ေမလ ၁၆ ရက္ဆို အသင့္ျဖစ္ျပီလို႔ ဆိုပါတယ္။
ဒါ့အျပင္ UNICEF နဲ႔ မိတ္ဖက္ အဖဲြ႔အစည္းေတြက ႐ိုဟင္ဂ်ာ ဒုကၡသည္ ၂၄၀,၀၀၀ အတြက္ ေရနဲ႔ ဆပ္ျပာေတြ ေပးေနပါတယ္။ မတ္လထဲကစလို ဒုကၡသည္စခန္းထဲမွာေရာ စခန္းျပင္က လူမႈအသိုင္းအဝိုင္းေတြ အတြက္ပါ လက္ေဆးႏိုင္မယ့္ ေနရာ ၄,၂၀၀ ေက်ာ္ကို လုပ္ထားေပးတယ္လို႔ UNICEF အဖဲြ႔ တာဝန္႐ွိသူက ေျပာပါတယ္။
ကုတုပေလာင္က ဒုကၡသည္စခန္းထဲမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၈၀၀,၀၀၀ ခဲြေလာက္႐ွိေနတဲ့အတြက္ သူတုိ႔ၾကား ေရာဂါ ပ်ံံႏွံ႔မႈ တားဆီးထိန္းခ်ဳပ္ႏုိင္ဖုိ႔ ႏိုင္ငံတကာရဲ႕ ပံ့ပိုးမႈေတြ လိုလာလိမ့္မယ္လို႔ ဂ်နီဗာမွာလုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာ ကုလသမဂၢက ေျပာၾကားခဲ့ပါတယ္။
ဒီဒုကၡသည္ေတြထဲက အမ်ားစုဟာ ၂၀၁၇ ခုႏွစ္ကုန္ပိုင္းက လံုျခံဳေရးတပ္ဖဲြ႔ေတြရဲ႕နယ္ေျမ႐ွင္းလင္းမႈေၾကာင့္ ရခိုင္ေျမာက္ပိုင္းကေန ထြက္ေျပးလာၾကသူေတြျဖစ္ၾကပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြကို ျပန္လက္ခံဖုိ႔ အသင့္ပဲလို႔ ေျပာၾကားထားပါတယ္။
[Unicode Version]
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ကာကွယ်ရေး တိုးလုပ်နေပြီလို့ ကုလသမဂ္ဂပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုထဲမှာ ရိုဟင်ဂျာဒုက္ခသည်တယောက် COVID-19 ရောဂါကူးစက်နေတယ်လို့ အတည်ပြုခဲ့ပြီးနောက် ကပ်ရောဂါ တုံ့ပြန်ရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်ပါတယ်။
"ကုတုပလောင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တစ်ယောက် COVID-19 ရောဂါကူးစက်နေတယ်လို့ အတည်ပြုကြောင်း ဘင်္ဂလားဒေရှ့်အစိုးရက ပြောကြားတယ်။" လို့ UNHCR ပြောခွင့်ရ Andrej Mahecic ကပြောသွားတာပါ။ ဒါကြောင့် တုံ့ပြန်ဆောင်ရွက်မှုတွေ စတင်နေပြီလို့ သူကပြောပါတယ်။
"ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ COVID-19 ကပ်ရောဂါတုံ့ပြန်နိုင်ရေးအတွက် UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မတ်လထဲကစလို့ ဘင်္ဂလားဒေရှ့်အစိုးရနဲ့အတူ ကူညီပြင်ဆင်ထားပါတယ်။ အခု ကူးစက်သူ တစ်ယောက်ကို အတည်ပြုခဲ့ပြီးနောက် တုံ့ပြန်ရေးလုပ်ငန်းတွေ အားလုံးကို စတင်လိုက်ပြီဖြစ်ပါတယ်။" လို့ UNHCR ပြောခွင့်ရက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားတာပါ။
လူဦးရေထူထပ်ပြီး ရေနဲ့ မိလ္လာ စနစ်ကောင်းကောင်းမရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရမယ်လို့လည်း သူကပြောပါတယ်။
ဂျီနီဗာမြို့ရုံးချုပ်မှာ ဒီကနေ့ပြုလုပ်တဲ့ နှစ်ပတ်တကြိမ်အစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့အစည်းတော်တော်များများက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ COVID-19 ရောဂါတုံ့ပြန်ရေး ဆောင်ရွက်မှုတွေကို ပြောသွားကြပါတယ်။ ကုလသမဂ္ဂကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNICEF) ကလည်း လူနာကုတင်တွေ ပြင်ဆင်ထားတယ်လို့ ပြောခွင့်ရ Marixie Mercado ကပြောပါတယ်။
"အသက်ရှုလမ်းကြောင်းထိခိုက်သူတွေကို သီးခြားခွဲ ကုသမယ့် ကုတင် ၂၁၀ ဆံ့စင်တာကို UNICEF က စခန်းထဲမှာ ပြင်ဆင်နေပါတယ်။ ပထမ ကုတင်အလုံး ၉၀ ကို မေလ ၂၂ ရက်နေ့မှာ စတင်သုံးနိုင်မှာဖြစ်ပြီး ကျန်တဲ့ကုတင်တွေကတော့ မေလ ၃၀ ရက်နေ့ မတိုင်ခင် အသင့်ဖြစ်ပါမယ်။" လို့ UNICEF ပြောခွင့်ရကပြောပါတယ်။
တချိန်ထဲမှာပဲ ဝမ်းလေ ျှာ ဝမ်းပျက်လူနာတွေကို ကုသပေးနေတဲ့ဆေးခန်းမှာ သီးခြားခွဲစောင့်ကြည့်သူတွေကို ထားဖို့ ကုတင် ၃၀ ကို ပြင်ဆင်နေတာ နက်ဖြန် မေလ ၁၆ ရက်ဆို အသင့်ဖြစ်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် UNICEF နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ၂၄၀,၀၀၀ အတွက် ရေနဲ့ ဆပ်ပြာတွေ ပေးနေပါတယ်။ မတ်လထဲကစလို ဒုက္ခသည်စခန်းထဲမှာရော စခန်းပြင်က လူမှုအသိုင်းအဝိုင်းတွေ အတွက်ပါ လက်ဆေးနိုင်မယ့် နေရာ ၄,၂၀၀ ကျော်ကို လုပ်ထားပေးတယ်လို့ UNICEF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကုတုပလောင်က ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀,၀၀၀ ခွဲလောက်ရှိနေတဲ့အတွက် သူတို့ကြား ရောဂါ ပျံံနှံ့မှု တားဆီးထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ လိုလာလိမ့်မယ်လို့ ဂျနီဗာမှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ဒီဒုက္ခသည်တွေထဲက အများစုဟာ ၂၀၁၇ ခုနှစ်ကုန်ပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေရဲ့နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးလာကြသူတွေဖြစ်ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ပဲလို့ ပြောကြားထားပါတယ်။