သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းတြင္း မီးေလာင္မႈျဖစ္ပြား


ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Eisalam ( U Aye Lwin) ေမ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ုိဟင္ဂ်ာဒုကၡသည္စခန္းတြင္း မီးေလာင္မႈသတင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ခုိလႈံေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားခရိုင္က ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၁) မွာ ဒီကေန႔ အေစာပုိင္းက မီးေလာင္မႈျဖစ္ပြားရာမွာ ထိခိုက္ပ်က္စီးမႈ ႀကီးမားတဲ့အေၾကာင္း ဒုကၡသည္ေတြက ေျပာပါတယ္။ မီးေလာင္မႈေၾကာင့္ အမ်ဳိးသမီးနဲ႔ ကေလးတခ်ဳိ႕ ထိခုိက္ဒဏ္ရာရခဲ့ေပမဲ့ အေသအေပ်ာက္ေတာ့ မရွိဘူးလုိ႔လည္း ႐ုိဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ ဦးအီစလံက ေျပာပါတယ္။

ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Eisalam ( U Aye Lwin) ေမ ၁၂၊ ၂၀၂၀)
ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Eisalam ( U Aye Lwin) ေမ ၁၂၊ ၂၀၂၀)

"ေကာဇ္ဘဇားခရိုင္ ဒုကၡသည္စခန္းအမွတ္ ၁ မွာ ဂတ္စ္မီးဖိုးကေနတဆင့္ ေနအိမ္အလံုး ၃၂၇ လံုးမီးထဲပါသြားၿပီး ၁၀၅လံုးပ်က္စီးသြားတယ္။ ေလာေလာဆယ္က သူတို႔မီးေလာင္ေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကေရာ မီးသတ္ကားေတြလည္းလာတယ္ဗ်ာ။ ဒုကၡသည္စခန္းက ကမ့္အနီးအနားက မီးသတ္ကားေတြပါ။ လာၿငိမ္းေပးတာ မီးက ေတာ္ေတာ္မ်ားတယ္။ အခုက အိမ္ေျခက ၃၀၀ ေက်ာ္မီးထဲပါသြားေတာ့ သူတို႔မွာရွိသမွ် အိမ္ထဲမွာ စုေဆာင္းထားတဲ့ စားနပ္ရိကၡာနဲ႔ ပစၥည္းေတြ အကုန္လံုး ပ်က္စီးဆံုးရံႈးသြားတယ္။ ကေလးေလးေတြနဲ႔ အမ်ိဳးသမီးတခ်ိဳ႕ေတာ့ ထိခိုက္ဒဏ္ရာရခဲ့တယ္။"

ဒုကၡသည္စခန္းအတြင္း ခ်က္ျပဳတ္ရာမွာ အသုံးျပဳေလ့ရွိၾကတဲ့ ဂတ္စ္မီးဖုိကေန မီးေလာင္မႈ စတင္ျဖစ္ပြားတာလုိ႔လည္း ဒုကၡသည္ေတြက ေျပာပါတယ္။ စခန္းတြင္းက ဒုကၡသည္ေတြအေရးေဆာင္ရြက္ေနတဲ့ ARSPH ၿငိမ္းခ်မ္းေရးနဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာအဖဲြ႔အစည္းရဲ႕ ဥကၠ႒ Mohib Ullah ကေတာ့ အခုအခါ မီးေဘးသင့္ဒုကၡသည္ေတြအတြက္ ယာယီကယ္ဆယ္ေရးစခန္းေတြ ဖြင့္လွစ္ေပးထားတယ္လုိ႔ ေျပာပါတယ္။

"ဟုတ္တယ္။ ဒီကေန႔မနက္ ၈ နာရီေက်ာ္ေက်ာ္မွာ အိမ္မွာ ဂတ္စ္အိုးရွိတယ္ေလ။ အဲ့ဒီ့ ဂတ္စ္အိုးကေန ေပါက္သြားလို႔ အဲ့တာ မီးေလာင္လို႔ အိမ္ေျခ အေတာ္ေတာ္မ်ားမ်ား မီးေလာင္သြားတယ္။ မနက္က မီးသတ္ကားေတြ သံုးစီးေတာင္ လာၿပီးသတ္လိုက္တာ မဟုတ္ရင္ ေတာ္ေတာ္မ်ားမ်ားကို ေလာင္သြားမွာ ေက်းဇူးေတာ္ေတာ္တင္တယ္။ အခုလည္း လူေတြက အိမ္ေတြကိုဖ်က္တယ္ မီးေလာင္မွာ စိုးလို႔ အဲ့ဒီ့မွာတင္လည္း ဆံုးရံႈးသြားတာ မနည္းဘူး။ အခုကေတာ့ ေလာေလာဆယ္ စာရင္းဇယားျပဳစုေနတယ္။ အခုမီးေလာင္သြားတဲ့ေနရာေတြကို ရွင္းလင္းေနတယ္ မီးေလာင္ပ်က္စီးသြားတဲ့ေနရာေတြမွာ အသစ္ျပန္လည္ေဆာက္လုပ္ဖို႔အတြက္ သစ္ေတြ၊ ဝါးေတြနဲ႔ စေနၾကတယ္။ ၾကိဳးစားေနၾကတယ္ အကုန္လံုးက ဝုိင္းလုပ္ေနၾကတယ္။ အခု NGO ေတြေရာ ဘဂၤလားအစိုးရဘက္ကေရာ ဝိုင္းၿပီး ကူညီေပးေနၾကတယ္။ အခုက ကမ့္ထဲမွာက ကိုရိုနာနဲ႔ ပတ္သက္ၿပီး Lock Down လုပ္ထားတာေလ။ ဒါေပမဲ့ က်ေနာ္တို႔က နဂိုကတည္းကလည္း အတူတူပဲ အရင္ကေရာအခုေရာ Lock Down ေနေနၾကရတာပါပဲ မထူးပါဘူးဗ်ာ ဒါေပမဲ့ အျပင္ကလူေတြေတာ့ အထဲကို လံုးဝေပးမဝင္ဘူး။"

႐ုိဟင္ဂ်ာဒုကၡသည္ ဦးအီစလံကေတာ့ COVID-19 ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ တစ္ပူေပၚ ႏွစ္ပူဆင့္ဆုိသလုိ ႀကံဳခဲ့ရတဲ့ အေျခအေနေၾကာင့္ အခက္အခဲျဖစ္ေနသူေတြကုိ အျမန္ဆုံးအကူအညီေပးဖုိ႔ လုိတယ္လုိ႔ေျပာပါတယ္။

"မီးေဘးသင့္တဲ့ ဒုကၡသည္ေတြကို အျမန္ဆံုး အကူညီေပးပါလို႔ က်ေနာ္တို႔က ေတာင္းဆိုခ်င္ပါတယ္။ သူတို႔မွာ အရမ္းဒုကၡေရာက္ပါတယ္။ မိုးရာသီလည္းေရာက္ေတာ့မယ္။ အခုက ဥပုသ္လလည္းျဖစ္ေနတာဆိုေတာ့ သူတို႔ကို အျမန္ဆံုး မကူေပးရင္ အေတာ္ေတာ္ေလး အတိဒုကၡေရာက္ၾကမွာပါ။ ဒါေၾကာင့္ UNHCR နဲ႔ WFP ကေန အျမန္ဆံုးလာေရာက္ကူညီေပးဖို႔ကိုလည္း အေလးအနက္ေတာင္းဆိုပါတယ္။"

၂၀၁၇ ထဲတုန္းက ရခုိင္ျပည္နယ္မွာ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔ကုိ လုိက္လံႏွိမ္နင္းတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြ ေနာက္ဆက္တဲြအျဖစ္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္လက္မခံေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံဖုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ေရာ၊ ကုလသမဂၢနဲ႔ပါ နားလည္မႈစာခၽြန္လႊာေတြ သီးျခားလက္မွတ္ေရးထုိးထားပါတယ္။ ျမန္မာအစုိးရနဲ႔ ကုလသမဂၢၾကား နားလည္မႈ စာခၽြန္လႊာကုိေတာ့ ဒီသီတင္းပတ္ထဲမွာပဲ သက္တမ္းတုိးလုိက္ေပမဲ့ COVID-19 ကပ္ေရာဂါ ႀကံဳေနရတဲ့အတြက္ ဒုကၡသည္ေတြေနရပ္ျပန္ေရး အေထာက္အကူေပးေရး အစီအစဥ္ကို ယာယီရပ္ဆုိင္းထားရေၾကာင္းလည္း ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး (UNHCR) ေျပာခြင့္ရက ဗြီအုိေအကုိ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္
ကုတုပေလာင္ ဒုကၡသည္စခန္း မီးေလာင္မႈျဖစ္ပြား
please wait

No media source currently available

0:00 0:02:22 0:00

[Unicode Version]

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှုသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှု ကြီးမားတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့လည်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံက ပြောပါတယ်။

"ကောဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဂတ်စ်မီးဖိုးကနေတဆင့် နေအိမ်အလုံး ၃၂၇ လုံးမီးထဲပါသွားပြီး ၁၀၅လုံးပျက်စီးသွားတယ်။ လောလောဆယ်က သူတို့မီးလောင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကရော မီးသတ်ကားတွေလည်း လာတယ်ဗျာ။ ဒုက္ခသည်စခန်းက ကမ့်အနီးအနားက မီးသတ်ကားတွေပါ။ လာငြိမ်းပေးတာ မီးက တော်တော်များတယ်။ အခုက အိမ်ခြေက ၃၀၀ ကျော်မီးထဲပါသွားတော့ သူတို့မှာရှိသမျှ အိမ်ထဲမှာ စုဆောင်းထားတဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေ အကုန်လုံး ပျက်စီးဆုံးရှုံးသွားတယ်။ ကလေးလေးတွေနဲ့ အမျိုးသမီးတချို့တော့ ထိခိုက်ဒဏ်ရာရခဲ့တယ်။"

ဒုက္ခသည်စခန်းအတွင်း ချက်ပြုတ်ရာမှာ အသုံးပြုလေ့ရှိကြတဲ့ ဂတ်စ်မီးဖိုကနေ မီးလောင်မှု စတင်ဖြစ်ပွားတာလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ စခန်းတွင်းက ဒုက္ခသည်တွေအရေးဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ Mohib Ullah ကတော့ အခုအခါ မီးဘေးသင့်ဒုက္ခသည်တွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားတယ်လို့ ပြောပါတယ်။

"ဟုတ်တယ်။ ဒီကနေ့မနက် ၈ နာရီကျော်ကျော်မှာ အိမ်မှာ ဂတ်စ်အိုးရှိတယ်လေ။ အဲ့ဒီ့ ဂတ်စ်အိုးကနေ ပေါက်သွားလို့ အဲ့တာ မီးလောင်လို့ အိမ်ခြေ အတော်တော်များများ မီးလောင်သွားတယ်။ မနက်က မီးသတ်ကားတွေ သုံးစီးတောင် လာပြီးသတ်လိုက်တာ မဟုတ်ရင် တော်တော်များများကို လောင်သွားမှာ ကျေးဇူးတော်တော်တင်တယ်။ အခုလည်း လူတွေက အိမ်တွေကိုဖျက်တယ် မီးလောင်မှာ စိုးလို့ အဲ့ဒီ့မှာတင်လည်း ဆုံးရှုံးသွားတာ မနည်းဘူး။ အခုကတော့ လောလောဆယ် စာရင်းဇယားပြုစုနေတယ်။ အခုမီးလောင်သွားတဲ့နေရာတွေကို ရှင်းလင်းနေတယ် မီးလောင်ပျက်စီးသွားတဲ့နေရာတွေမှာ အသစ်ပြန်လည်ဆောက်လုပ်ဖို့အတွက် သစ်တွေ၊ ဝါးတွေနဲ့ စနေကြတယ်။ ကြိုးစားနေကြတယ် အကုန်လုံးက ဝိုင်းလုပ်နေကြတယ်။ အခု NGO တွေရော ဘင်္ဂလားအစိုးရဘက်ကရော ဝိုင်းပြီး ကူညီပေးနေကြတယ်။ အခုက ကမ့်ထဲမှာက ကိုရိုနာနဲ့ ပတ်သက်ပြီး Lock Down လုပ်ထားတာလေ။ ဒါပေမဲ့ ကျနော်တို့က နဂိုကတည်းကလည်း အတူတူပဲ အရင်ကရောအခုရော Lock Down နေနေကြရတာပါပဲ မထူးပါဘူးဗျာ ဒါပေမဲ့ အပြင်ကလူတွေတော့ အထဲကို လုံးဝပေးမဝင်ဘူး။"

ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကတော့ COVID-19 ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကြုံခဲ့ရတဲ့ အခြေအနေကြောင့် အခက်အခဲဖြစ်နေသူတွေကို အမြန်ဆုံးအကူအညီပေးဖို့ လိုတယ်လို့ပြောပါတယ်။

ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Eisalam ( U Aye Lwin) ေမ ၁၂၊ ၂၀၂၀)
ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Eisalam ( U Aye Lwin) ေမ ၁၂၊ ၂၀၂၀)

"မီးဘေးသင့်တဲ့ ဒုက္ခသည်တွေကို အမြန်ဆုံး အကူညီပေးပါလို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။ သူတို့မှာ အရမ်းဒုက္ခရောက်ပါတယ်။ မိုးရာသီလည်းရောက်တော့မယ်။ အခုက ဥပုသ်လလည်းဖြစ်နေတာဆိုတော့ သူတို့ကို အမြန်ဆုံး မကူပေးရင် အတော်တော်လေး အတိဒုက္ခရောက်ကြမှာပါ။ ဒါကြောင့် UNHCR နဲ့ WFP ကနေ အမြန်ဆုံးလာရောက်ကူညီပေးဖို့ကိုလည်း အလေးအနက်တောင်းဆိုပါတယ်။"

၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှုစာချွန်လွှာတွေ သီးခြားလက်မှတ်ရေးထိုးထားပါတယ်။ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား နားလည်မှု စာချွန်လွှာကိုတော့ ဒီသီတင်းပတ်ထဲမှာပဲ သက်တမ်းတိုးလိုက်ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့အတွက် ဒုက္ခသည်တွေနေရပ်ပြန်ရေး အထောက်အကူပေးရေး အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရက ဗွီအိုအေကို ပြောဆိုထားပါတယ်။

XS
SM
MD
LG