(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါ ႀကံဳေနရတဲ့ မေလးရွားႏုိင္ငံမွာ ႐ုိဟင္ဂ်ာဒုကၡသည္ေတြအေပၚ အစုိးရက အကာအကြယ္ေပးဖုိ႔ ႏုိင္ငံတကာနဲ႔ ေဒသတြင္း လူ႔အခြင့္အေရးအဖဲြ႔ ၈၀ ေက်ာ္က ဒီကေန႔ပဲ ေတာင္းဆုိလုိက္ၾကပါတယ္။
မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin bin Yassin ကို ေပးပုိ႔ခဲ့တဲ့ အိတ္ဖြင့္ေပးစာမွာေတာ့ မေလးရွားႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာေတြအေပၚ အမုန္းတရားေတြ၊ ေသြးထုိးလႈံ႕ေဆာ္မႈေတြနဲ႔ ၿခိမ္းေျခာက္ေျပာဆိုတာေတြကို မေလးရွားအစိုးရက အေရးယူ ေဆာင္႐ြက္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။
မေလးရွားအစုိးရကုိ အိတ္ဖြင့္ေပးစာပူးတဲြေပးပုိ႔ခဲ့တဲ့ အထဲက ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ျဖစ္တဲ့ Human Rights Watch ကေတာ့ မေလးရွား အစုိးရက အကာအကြယ္ေပးဖုိ႔ ပ်က္ကြက္ေနတဲ့အတြက္၊ ႐ုိဟင္ဂ်ာဒုကၡသည္ေတြၾကား စုိးရိမ္ေၾကာက္လန္႔ေနၾကၿပီး COVID-19 ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ ရပ္တည္ေရးအတြက္ အေျခခံ လုိအပ္ခ်က္ေတြကုိေတာင္ မယူရဲေလာက္ေအာင္ ျဖစ္ေနတယ္လုိ႔ ေျပာဆုိထားတာပါ။
ဧၿပီလ တတိယပတ္ကစလို႔ ႐ိုဟင္ဂ်ာ အဖြဲ႕အစည္းေတြကို ဆန္႔က်င္တဲ့ အမုန္းစကားေတြ မေလးရွား လူမႈမီဒီယာေတြမွာ ပ်ံ႕ႏွံ႔လာခဲ့ရာမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ခြဲျခားဆန္႔က်င္တဲ့စကားေတြနဲ႔ ႐ုပ္ပုံေတြ ေဖာ္ျပေရးသားၾကတဲ့အျပင္ တခ်ိဳ႕က ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံကို ျပန္ႏွင္ထုတ္ဖို႔အထိ ေတာင္းဆိုတာေတြ ရွိခဲ့ေၾကာင္းလည္း စာထဲမွာ ေဖာ္ျပထားပါတယ္။
၂၀၁၇ ထဲတုန္းက ရခုိင္ျပည္နယ္မွာ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔ကုိ လုိက္လံႏွိမ္နင္းတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြ ေနာက္ဆက္တဲြအျဖစ္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္လက္မခံေပမဲ့ ဒုကၡသည္ေတြကုိ စိစစ္ၿပီး ျပန္လည္လက္ခံမယ့္အေၾကာင္း ကတိျပဳထားပါတယ္။
[Unicode Version]
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ မလေးရှားအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေတိုက်တွန်း
COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အစိုးရက အကာအကွယ်ပေးဖို့ နိုင်ငံတကာနဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ ၈၀ ကျော်က ဒီကနေ့ပဲ တောင်းဆိုလိုက်ကြပါတယ်။
မလေးရှား ဝန်ကြီးချုပ် Muhyiddin bin Yassin ကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာတော့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို မလေးရှားအစိုးရက အရေးယူ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
မလေးရှားအစိုးရကို အိတ်ဖွင့်ပေးစာပူးတွဲပေးပို့ခဲ့တဲ့ အထဲက နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ မလေးရှား အစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်နေတဲ့အတွက်၊ ရိုဟင်ဂျာဒုက္ခသည်တွေကြား စိုးရိမ်ကြောက်လန့်နေကြပြီး COVID-19 ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက်တွေကိုတောင် မယူရဲလောက်အောင် ဖြစ်နေတယ်လို့ ပြောဆိုထားတာပါ။
ဧပြီလ တတိယပတ်ကစလို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကို ဆန့်ကျင်တဲ့ အမုန်းစကားတွေ မလေးရှား လူမှုမီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ရာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခွဲခြားဆန့်ကျင်တဲ့စကားတွေနဲ့ ရုပ်ပုံတွေ ဖော်ပြရေးသားကြတဲ့အပြင် တချို့က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်နှင်ထုတ်ဖို့အထိ တောင်းဆိုတာတွေ ရှိခဲ့ကြောင်းလည်း စာထဲမှာ ဖော်ပြထားပါတယ်။
၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ့်အကြောင်း ကတိပြုထားပါတယ်။