သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ကပ္ေဘးေၾကာင့္ ရိုဟင္ဂ်ာေနရပ္ျပန္ေရးအစီအစဥ္ေနွာင့္ေႏွး


ကုလသမဂၢဖြင့္ထားသည့္ေက်ာင္းတခုတြင္ ရိုဟင္ဂ်ာ ကေလးငယ္မ်ား COVID ကာကြယ္ေရး သင္ယူေနစဥ္

(Zawgyi/Unicode)

ကုလသမဂၢနဲ႔ ျမန္မာအစိုးရအၾကားသေဘာတူညီခ်က္အရ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အေထာက္အကူေပးေရး အစီအစဥ္ကို ယာယီအားျဖင့္ ရပ္ထားၿပီး၊ ကိုဗစ္ က်န္းမာေရးပညာေပးကို ဦးစားေပးေဆာင္ရြက္ေနတဲ့သတင္းကို မစုစုက တင္ဆက္ေပးပါမယ္။

တဘက္ႏိုင္ငံေရာက္ေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာအစိုးရဘက္က အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔UNDP ၊UNHCR ကတာဝန္ရွိသူေတြ ေတြ႕ဆုံၿပီး သုံးပြင့္ဆိုင္နားလည္မႈ စာခြၽန္လႊာသက္တမ္းတႏွစ္ထပ္တိုးထားပါတယ္။

အဲဒီသေဘာတူညီခ်က္အရဘဂၤလားေဒ့ရွ္ကေနတဆင့္ ျမန္မာႏိုင္ငံထဲျပန္ဝင္လာမယ့္ ဒုကၡသည္ေတြအေနနဲ႔ ကိုယ့္သေဘာဆႏၵနဲ႔ လုံၿခဳံမႈရွိၿပီး ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္ရာမွာ ကုလသမဂၢဘက္က ပါဝင္ကူညီဖို႔နဲ႔ ရခိုင္ျပည္ေျမာက္ပိုင္းက ၿမိဳ႕နယ္သုံးၿမိဳ႕နယ္မွာ ေနထိုင္ၾကတဲ့သူေတြအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြအတြက္ ရည္႐ြယ္တာပါ။

ျမန္မာအစိုးရနဲ႔ ကုလသမဂၢတို႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ လုပ္ငန္းစဥ္ေတြဟာ ၂၀၁၈ ကတည္းကစတင္ခဲ့တာျဖစ္ၿပီး၊ အခုစာခြၽန္လႊာကို ၂၀၂၁ခုႏွစ္၊ ဇြန္လအထိလုပ္ေဆာင္သြားဖို႔ကို သက္တမ္းတိုးလိုက္တာပါ။ စတင္ခဲ့တဲ့ ၂၀၁၈ ကစၿပီး ေမာင္ေတာၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာေပါင္း ၁၂၀ေက်ာ္က လူေပါင္း ၂၆၀၀ ေက်ာ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး လိုအပ္ခ်က္ေတြကို ကြင္းဆင္းေလ့လာခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ အခုျဖစ္ေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၇ႀကိမ္ေျမာက္ ကြင္းဆင္းေလ့လာဖို႔ကို ရပ္ထားရေပမယ့္ ကိုဗစ္ေရာဂါကာကြယ္တားဆီးေရးအတြက္ အသိပညာေပးတာေတြကို အဲဒီေဒသက လူထုၾကား တိုးျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ UNHCR က ေျပာခြင့္ရပုဂၢိဳလ္ Ms. Aoife က VOA ကိုေျပာပါတယ္။

“COVID-19 ကမာၻကပ္ေရာဂါႀကီး တကမာၻလုံးကို ႐ိုက္ခတ္ေနတာပါ။ ဒါေၾကာင့္ က်မတို႔ သုံးပြင့္ဆိုင္ရထားတဲ့ ဒီသေဘာတူညီခ်က္နဲ႔ပတ္သက္လို႔ အေကာင္အထည္ေဖာ္ေရးပိုင္းမွာUNHCR နဲ႔ UNDP တို႔အေနနဲ႔ ထပ္တိုးေဆာင္႐ြက္စရာေတြရွိလာပါတယ္။ ဥပမာဆိုရင္ ၿပီးခဲ့တဲ့လေတြအတြင္းမွာပဲ က်မတို႔အေနနဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ က်န္းမာေရးလမ္းၫႊန္ခ်က္အတိုင္း နီးနီးကပ္ကပ္ ဆက္စပ္လုပ္ကိုင္ရတာေတြျဖစ္လာပါတယ္။ ႐ြာေတြကို သြားစစ္ေဆးရတဲ့ အဖြဲ႕ဝင္ေတြကို ေလွ်ာ့ခ်ပစ္ရပါတယ္။ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြအတိုင္း တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ဖို႔ ဦးစားေပး အေျခအေနျဖစ္လာပါတယ္။ တဦးနဲ႔တဦး ေဘးကင္းတဲ့အကြာအေဝးအတိုင္းရွိေနၾကဖို႔ပါ။ လူမႈအသိုက္အဝိုင္းအတြင္း စုဖြဲ႕မႈေတြကိုလည္း ကန႔္သတ္ ေလွ်ာ့ခ် ပစ္ရပါတယ္။ က်မတို႔ အဖြဲ႕ဝင္ေတြကိုေရာ လူမႈအဝန္းအဝိုင္းေတြကိုပါ ေဘးဒုကၡမေရာက္ေအာင္ အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္ေဆာင္႐ြက္ရတာပါ။”

ကိုဗစ္ကပ္ေရာဂါ အသိပညာေပးေဆာင္႐ြက္ေနတာေၾကာင့္ အရင္အစီအစဥ္ေတြလုပ္ေဆာင္ဖို႔ ျဖစ္မလာေသးေပမယ့္ စိတ္ခ်ရတဲ့အခ်ိန္အထိ ေစာင့္ေနရတဲ့အေၾကာင္းကိုလည္း Ms. Aoife က အခုလို ဆက္ေျပာပါတယ္။

“အခုဆိုရင္ COVID-19 ကပ္ေရာဂါနဲ႔ပတ္သက္လို႔ အသိပညာေပးတာေတြကို လုပ္လာႏိုင္ပါတယ္။ က်မတို႔ လႈပ္ရွားေဆာင္႐ြက္ေနတဲ့ ေနရာ ၃၃ ေနရာကိုသြားၿပီး ေရာဂါကာကြယ္ေရးကိစၥေတြ မွ်ေဝေပးေနပါတယ္။ ဆပ္ျပာေတြ လက္ေဆးရည္ေတြခ်ေပးၿပီး လက္သန႔္စင္ေရး ေနရာေတြလုပ္ထားေပးပါတယ္။ ဒါေတြဟာ အေရးႀကီးတဲ့လႈပ္ရွားမႈေတြပါ ။ ဒါေပမယ့္ တဘက္မွာ နဂိုအစီအစဥ္ေတြေႏွးေကြးသြားပါတယ္။ ၇ေက်ာ့ေျမာက္လုပ္ေနတဲ့ လိုအပ္ခ်က္တုန႔္ျပန္ႏိုင္ေရးအေရးေပၚ ဆန္းစစ္ေရးေတြကို ရပ္ထားရပါတယ္။ စိတ္ခ်ေဘးကင္းတဲ့အခ်ိန္ကာလတခုအထိ က်မတို႔ ေစာင့္ရပါမယ္။”

ဘဂၤလားေဒ့ရွ္ေရာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြ လုံၿခဳံမႈရွိၿပီး ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏိုင္ဖို႔ဟာ ျမန္မာအစိုးရရဲ႕တာဝန္ျဖစ္ၿပီး UNHCR နဲ႔ UNDP ဟာလည္း ဖြံ႕ၿဖိဳးေရးလုပ္ငန္းစဥ္ေတြ အတြက္ ဆက္ၿပီးကူညီသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။ ျမန္မာအစိုးရဘက္က ရိုဟင္ဂ်ာအသံုးအႏံႈးကို လက္မခံေပမယ့္လို႔ ဒုကၡသည္ေတြ ျပန္လည္လက္ခံမယ္လို႔ ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးထက် ကိုဗစ်ကျန်းမာရေးပညာပေးလုပ်ငန်းတွေ ကုလ ဦးစားပေး ဆောင်ရွက်နေ

(Unicode)

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြားသဘောတူညီချက်အရ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အထောက်အကူပေးရေး အစီအစဉ်ကို ယာယီအားဖြင့် ရပ်ထားပြီး၊ ကိုဗစ် ကျန်းမာရေးပညာပေးကို ဦးစားပေးဆောင်ရွက်နေတဲ့သတင်းကို မစုစုက တင်ဆက်ပေးပါမယ်။

တဘက်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရဘက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့UNDP ၊UNHCR ကတာဝန်ရှိသူတွေ တွေ့ဆုံပြီး သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာသက်တမ်းတနှစ်ထပ်တိုးထားပါတယ်။

အဲဒီသဘောတူညီချက်အရဘင်္ဂလားဒေ့ရှ်ကနေတဆင့် မြန်မာနိုင်ငံထဲပြန်ဝင်လာမယ့် ဒုက္ခသည်တွေအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ လုံခြုံမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့အတွက် ဆောင်ရွက်ရာမှာ ကုလသမဂ္ဂဘက်က ပါဝင်ကူညီဖို့နဲ့ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်သုံးမြို့နယ်မှာ နေထိုင်ကြတဲ့သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ရည်ရွယ်တာပါ။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေဟာ ၂၀၁၈ ကတည်းကစတင်ခဲ့တာဖြစ်ပြီး၊ အခုစာချွန်လွှာကို ၂၀၂၁ခုနှစ်၊ ဇွန်လအထိလုပ်ဆောင်သွားဖို့ကို သက်တမ်းတိုးလိုက်တာပါ။ စတင်ခဲ့တဲ့ ၂၀၁၈ ကစပြီး မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၂၀ကျော်က လူပေါင်း ၂၆၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး လိုအပ်ချက်တွေကို ကွင်းဆင်းလေ့လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ၇ကြိမ်မြောက် ကွင်းဆင်းလေ့လာဖို့ကို ရပ်ထားရပေမယ့် ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက် အသိပညာပေးတာတွေကို အဲဒီဒေသက လူထုကြား တိုးမြှင့်ဆောင်ရွက်နေတယ်လို့ UNHCR က ပြောခွင့်ရပုဂ္ဂိုလ် Ms. Aoife က VOA ကိုပြောပါတယ်။

“COVID-19 ကမ္ဘာကပ်ရောဂါကြီး တကမ္ဘာလုံးကို ရိုက်ခတ်နေတာပါ။ ဒါကြောင့် ကျမတို့ သုံးပွင့်ဆိုင်ရထားတဲ့ ဒီသဘောတူညီချက်နဲ့ပတ်သက်လို့ အကောင်အထည်ဖော်ရေးပိုင်းမှာUNHCR နဲ့ UNDP တို့အနေနဲ့ ထပ်တိုးဆောင်ရွက်စရာတွေရှိလာပါတယ်။ ဥပမာဆိုရင် ပြီးခဲ့တဲ့လတွေအတွင်းမှာပဲ ကျမတို့အနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း နီးနီးကပ်ကပ် ဆက်စပ်လုပ်ကိုင်ရတာတွေဖြစ်လာပါတယ်။ ရွာတွေကို သွားစစ်ဆေးရတဲ့ အဖွဲ့ဝင်တွေကို လျှော့ချပစ်ရပါတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့ ဦးစားပေး အခြေအနေဖြစ်လာပါတယ်။ တဦးနဲ့တဦး ဘေးကင်းတဲ့အကွာအဝေးအတိုင်းရှိနေကြဖို့ပါ။ လူမှုအသိုက်အဝိုင်းအတွင်း စုဖွဲ့မှုတွေကိုလည်း ကန့်သတ် လျှော့ချ ပစ်ရပါတယ်။ ကျမတို့ အဖွဲ့ဝင်တွေကိုရော လူမှုအဝန်းအဝိုင်းတွေကိုပါ ဘေးဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ဆောင်ရွက်ရတာပါ။”

ကိုဗစ်ကပ်ရောဂါ အသိပညာပေးဆောင်ရွက်နေတာကြောင့် အရင်အစီအစဉ်တွေလုပ်ဆောင်ဖို့ ဖြစ်မလာသေးပေမယ့် စိတ်ချရတဲ့အချိန်အထိ စောင့်နေရတဲ့အကြောင်းကိုလည်း Ms. Aoife က အခုလို ဆက်ပြောပါတယ်။

“အခုဆိုရင် COVID-19 ကပ်ရောဂါနဲ့ပတ်သက်လို့ အသိပညာပေးတာတွေကို လုပ်လာနိုင်ပါတယ်။ ကျမတို့ လှုပ်ရှားဆောင်ရွက်နေတဲ့ နေရာ ၃၃ နေရာကိုသွားပြီး ရောဂါကာကွယ်ရေးကိစ္စတွေ မျှဝေပေးနေပါတယ်။ ဆပ်ပြာတွေ လက်ဆေးရည်တွေချပေးပြီး လက်သန့်စင်ရေး နေရာတွေလုပ်ထားပေးပါတယ်။ ဒါတွေဟာ အရေးကြီးတဲ့လှုပ်ရှားမှုတွေပါ ။ ဒါပေမယ့် တဘက်မှာ နဂိုအစီအစဉ်တွေနှေးကွေးသွားပါတယ်။ ၇ကျော့မြောက်လုပ်နေတဲ့ လိုအပ်ချက်တုန့်ပြန်နိုင်ရေးအရေးပေါ် ဆန်းစစ်ရေးတွေကို ရပ်ထားရပါတယ်။ စိတ်ချဘေးကင်းတဲ့အချိန်ကာလတခုအထိ ကျမတို့ စောင့်ရပါမယ်။”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ဟာ မြန်မာအစိုးရရဲ့တာဝန်ဖြစ်ပြီး UNHCR နဲ့ UNDP ဟာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ အတွက် ဆက်ပြီးကူညီသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာအသုံးအနှုံးကို လက်မခံပေမယ့်လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ်လို့ ကတိပြုထားပါတယ်။

XS
SM
MD
LG